အိမ်ထောင်ရေး ကံခေသည့် မဟာဘုတ်အကြွင်းများ

Astrology

အိမ်ထောင်ရေး ကံခေသည့် မဟာဘုတ်အကြွင်းများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမှာ ကတော့ အိမ်ထောင်ရေး ကံခေသည့် မဟာဘုတ်အကြွင်းများ ဆိုတဲ့ဗေဒင်းလေးပဲ ဖြစ်ပါတယ်။


အိမ်ထောင်ရေးကံဆိုတာ တကယ်ရှိပါတယ်။ရုပ်ရည်နဲ့လည်း မဆိုင်ပါဘူး။စည်းစိမ်နဲ့လည်း မဆိုင်ပါဘူး။ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ပါဘူး။ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ်ခြင်းနဲ့လည်း မဆိုင်ပါဘူး။အိမ်ထောင်ဖက်ကို ဘယ်လို ကိုင်တွယ်တတ်ခြင်းနဲ့လည်း မဆိုင်ပါဘူး။
ဘာဆို ဘာနဲ့မှကို မဆိုင်တာပါ။

လူတစ်ယောက်ကို ဘယ်လိုမှ လိုက်ယှဉ်လို့မမှီတဲ့ မရတဲ့ နေရာဟာ အိမ်ထောင်ရေးကံပါပဲ။
မယူခင်က လူကောင်းဖြစ်ပြီး ယူပြီးခါမှ သုံးစားမရတော့တာဟာ အိမ်ထောင်ရေးကံ ညံတာပါပဲ။
မယူခင်က ဆိုးသလောက် ယူလည်းပြီးရော လူကောင်းဖြစ်လာတာ အိမ်ထောင်ရေးကံ ကောင်းတာပဲ။လူတစ်ယောက် ပြောင်းလဲလာဖို့ ဘယ်နတ်ဘုရားမှ မစွမ်းဆောင်နိုင်ပါဘူး။ ဘယ်သူမှဝင်မပြုပြင်နိုင်ပါဘူး။

ကာယကံရှင်ကိုယ်တိုင် ပြုပြင်ချင်စိတ် မရှိသ၍၊ အားထုတ်ခြင်း မရှိသ၍ ဘာနဲ့မှ လုပ်ယူလို့မရတာ အိမ်ထောင်ရေးကံပါပဲ။ အကောင်းဆုံး ကြိုးစားပါလျက်နဲ့ နာကျင်ရတဲ့အခါ ငါဘာမှားလို့လဲတွေးစရာမလိုတာ အိမ်ထောင်ရေးကံပါပဲ။ ဝမ်းနည်းရတာတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေဖို့ မလိုတာ အိမ်ထောင်ရေးကံပါ။အိမ်ထောင်ရေးကံ မကောင်းသူ တစ်ယောက်ကို
လူသားစင်စစ် မပြောနဲ့ ဘယ်တန်ခိုးရှင်မှ ဝင်ပြင်လို့ မရတာ အိမ်ထောင်ရေးကံပါပဲ။
‌အကြမ်းဖျဉ်း အားဖြင့် အိမ်ထောင်ရေး ကံ ခေတဲ့ မဟာဘုတ်အကြွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အိမ်ထောင်ရေးကံ ခေတဲ့ ဇာတာရှင်တွေကို မဟာဘုတ် အကြွင်းများနဲ့ သိနိူင်ပါတယ်။

 

မဟာဘုတ် ၃ ကြွင်းဖွား
ယောကျာ်းလေးတွေဟာ အိမ်ထောင်ရေးကံ ညံတက်ပါတယ်။
မဟာဘုတ် ၃ ကြွင်း ဇာတာရှင်တွေ
သားမယားနံ သောကြာဟာ မရဏဌာနမှာ ရပ်တည်နေလို့ပါပဲ။
သူယူတဲ့ မိန်းကလေးဟာလည် အပျိုမဖြစ်နိုင်ဘူး။
တစ်ခုလတ် ၊ မုဆိုးမ ၊ နာမည်ပျက်မိန်ကလေး တစ်ယောက်ယောက် ဖြစ်နေတက်ပါတယ်။
အဲ့ဒီ ဇာတာရှင်ယူထားတဲ့ မိန်းမ အကူအညီ မရနိုင်ပါဘူး။
မိမိ တစ်ဦးတည်း အိမ်ထောင့်တာ၀န် ထမ်းဆောင်ရတက်ပါတယ်။
အမြဲ ငြူစူ ပြစ်တင်းခြင်းကိုလဲ ခံရတက်ပါတယ်။
စိတ်ချမ်းမြေ့ သာယာတဲ့ အိမ်ထောင်ရေး မဖြစ်တက်ဘူး။
အိမ်ထောင်သက်မရှည် ရိုမြေကျ မပေါင်းသင်းရတက်ပါဘူး။

မဟာဘုတ် ၃ ကြွင်း ဇာတာရှင် ယောကျာ်းလေး အများစု
အိမ်ထောင်ရေးဟာ သာယာမူမရှိသလို ညီအစ်ကို မောင်နှမ တွေ အကူအညီအထောက်အပံ့လည်း မရနိုင်ဘူး ဟောဆိုနိုင်ပါတယ်။
၅ ကြွင်း ဇာတာရှင် ယောကျာ်လေး
အများစုဟာလည်း အိမ်ထောင်ရေးကံ ညံပါတယ်။
မဟာဘုတ် ၃ ကြွင်း ဇာတာရှင် အမျိုးသားများလောက်တော့ ကံမဆိုးပါဘူး။
၅ ကြွင်း ဇာတာရှင် ယောကျာ်းလေး အများစု ယူထားတဲ့ အမျိုးသမီးများဟာလည်း၊
ယောကျာ်းအပေါ် အကောင်းမြင်မူမရှိ။
ရန်သူသဖွယ် အမြဲဆက်ဆံလေ့ရှိမယ်။
အဲ့လိုတွေကြောင့် မဟာဘုတ် ၅ ကြွင်း ဇာတာရှင် ယောကျာ်းလေး ဟာ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး စိတ်ချမ်းသာမူ မရရှိနိူင်ဘူး။
အမြဲ မိန်းမ အမျိုးသမီး လွှမ်းမိုးခြင်း ခံရတက်ပါတယ်။
( ဒါကြောင့် မဟာဘုတ် ၃ ကြွင်း ၅ ကြွင်း ဖွား
ယောကျာ်းလေးများ အနေနဲ့ အိမ်ထောင်ပြုမယ်ဆို သတိထား ဆင်ခြင် အပ်ပါတယ်)
မဟာဘုတ် ၀ ကြွင်း (သို့မဟုတ်) ၇ ကြွင်းဇာတာရှင် အမျိူးသမီးတွေဟာ လင်ဂြိုဟ် ဖြစ်တဲ့ အင်္ဂါဟာ မရဏ ဌာနမှာ ရပ်တည်နေပါတယ်။
ဒါကြောင့် မဟာဘုတ် ၀ ကြွင်း (သို့မဟုတ်) ၇ ကြွင်းဖွား အမျိုးသမီး တွေဟာ မကောင်းတဲ့ ယောကျာ်းမျိုးကို ရရှိပိုင်ဆိုင်တက်ကြပါတယ်။
လူပျို လူလွတ် မဟုတ်သူ ဖြစ်နေတက်ပါတယ်။
ဒါမှ မဟုတ် မူးရူးသောက်စား လောင်ကစားသမား၊ လူဆိုး လူမိုက် ဖြစ်နေတက်ပါတယ်။
ဒါကြောင့် မဟာဘုတ် ၀ ကြွင်း (သို့မဟုတ်) ၇ ကြွင်း ဇာတာရှင် အမျိုးသမီးတွေဟာ ယောကျာ်းကြောင့် သောက ဒုက္ခများ အမြဲကြုံရတက်ပါတယ်။
ရိုးမြေကျ မပေါင်းရပဲ ဖြစ်တက်ပါတယ်။
ကံဆိုးတဲ့ ဇာတာရှင်လို့ ဟောဆို နိုင်ပါတယ်။
နောက် မဟာဘုတ် ၃ ကြွင်း ဇာတာရှင် အမျိုးသမီးတွေဟာ လင်ဂြိုဟ်ဖြစ်တဲ့ အင်္ဂါဟာ ဘင်္ဂ အပျက် ဌာနမှာ ရပ်တည်နေပါတယ်။
အပျက်သဘော သက်၀င်သောကြောင့် အိမ်ထောင်ဖက်များရတက်ပါတယ်။
မဟာဘုတ် ၀ ကြွင်း (သို့မဟုတ်) ၇ ကြွင်းလောက် မဆိုးပေ့မယ့်။
သူလဲ လင်ယောကျာ်းရကံ ဆိုးနိုင်ပါတယ်။
လင်ယောကျာ်း နိုင်လိုမင်းထက်ပြုခံရခြင်း၊
ဇာတာရှင် အမျိုးသမီးကို အရုပ်လေး သဖွယ် သဘောထားပြီး ၊ ထင်ရာနေ ၊ ထင်ရာသွား သောက်စားနေတက်ပါတယ်။ တစ်သက်လုံး ယောကျာ်း လွှမ်းမိုးတာ ခံရတက်ပါတယ်။
ကွဲပြီး နောက်ထပ် အိမ်ထောင်ပြုပြန်လျှင်လည်း ဆိုးတဲ့သူနဲ့ တွေ့ဖို့သာ များပါတယ်။
ဒီဇာတာရှင် မွေးနံဟာ အလင်းတန်း ဖြစ်တဲ့ အထွန်း သိုက် ရာဇ အဓိပတိမှာ ရှိနေလျှင် အနည်ငယ်တော့ အဆိုး သက်သာခွင့် ရနိုင်ပါတယ်။
ဒါကြောင့် မဟာဘုတ် ၀ ကြွင်း (သို့မဟုတ်) ၇ ကြွင်းနှင့် ၃ ကြွင်း အမျိုးသမီးတွေ အနေနဲ့လည် အိမ်ထောင်ပြု သတိထား ဆင်ခြင်အပ်ပါတယ်။

ရေးသားသူ –Exploring all about astrology with K

မိုးနတ်မင်း ပရိသတ်ကြီးလည်း ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။