ခါဆွန်၌ ရုရှကျူးကျော်သူများက စစ်ရာဇဝတ်မှု ကျူးလွန်ဟု ဇယ်လန်းစကီး ပြော

International News Local News

ခါဆွန်၌ ရုရှကျူးကျော်သူများက စစ်ရာဇဝတ်မှု ကျူးလွန်ဟု ဇယ်လန်းစကီး ပြော
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခါဆွန်၌ ရုရှကျူးကျော်သူများက စစ်ရာဇဝတ်မှု ကျူးလွန်ဟု ဇယ်လန်းစကီး ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယူကရိန်းတပ်များ ပြန်လည်ရရှိခဲ့သည့် ခါဆွန်မြို့တွင် ရုရှကျူးကျော်သူများ၏ စစ်ရာဇဝတ်မှုများ ကျူးလွန်သော သက်သေများကို တွေ့ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက တနင်္ဂနွေနေ့တွင် ပြောသည်။

“ရုရှစစ်တပ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အခြားဒေသတွေတုန်းကအတိုင်းပဲ ယုတ်မာတဲ့ လုပ်ရပ်တွေကို ချန်ထားခဲ့တယ်”ဟု ညပိုင်းမိန့်ခွန်း၌ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

“စုံစမ်းစစ်ဆေးသူတွေဟာ စစ်ရာဇဝတ်မှုပေါင်း ၄၀၀ ကျော်ထက်မနည်းကို မှတ်တမ်းတင်ထားပြီ ဖြစ်တယ်”ဟု တွေ့ရှိသည့် အရပ်ကို အတိအကျမဆိုဘဲ ယူကရိန်း ခေါင်းဆောင်က ပြောသည်။

“အရပ်သားရော စစ်သားပါ thet ဖြတ်ခံထားရတဲ့ ရုပ်အလေင်းတွေကို တွေ့ရှိတာ ဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့ လူthet သမား အားလုံးကို ရှာဖွေပြီး တရားစီရင်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

လွတ်မြောက်ပြီ ဖြစ်သော ခါဆွန်မြို့မှ ယူကရိန်းပြည်သူများက သောကြာနေ့၌ ရုရှတပ်များ ထွက်ခွာသွားပြီးနောက် လများစွာ ကျူးကျော်ခံထားရခြင်း အဆုံးသတ်သွားပြီးနောက်တွင် စိတ်သက်သာရာ ရကြကြောင်းကို ထုတ်ဖော်ပြောဆိုကြသည်။

သို့ရာတွင် ဇယ်လန်းစကီးကဲ့သို့ လူများကမူ ရုရှသည် ပျက်စီးမှုများ ထားရစ်ခဲ့ပြီး မိုင်းများ ထောင်ထားခဲ့ကာ တပ်ရုပ်သိမ်းမသွားခင် တိရစ္ဆာန်ရုံမှ တိရစ္ဆာန်များကို ခိုးယူခြင်းအပါအဝင် လုယက်ခိုးယူခြင်းများ လုပ်ဆောင်သွားခဲ့ကြောင်း ပြောကြသည်။

“သူတို့တွေကို ဘုရားသခင်က ဒဏ်ခတ်လိမ့်မယ်၊ သူတို့အားလုံး၊ သူတို့ ကျူးလွန်ခဲ့သမျှ အရာအားလုံးအတွက်ပဲ”ဟု မြို့ခံ အသက် ၄၇ အရွယ် ဗစ်လန်နာ ဗီနာက ပြောသည်။

ရေးသားသူ –Mizzima News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။