ကော့သောင်းတွင် ယာဉ်ထိန်းရဲ စန်းမောင် ပစ်thet ခံရ ၊ သာယာ၀တီတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးthay ဆုံးကာ ၁ ဦးဒဏ်ရာ ပြင်းထန်

Local News

ကော့သောင်းတွင် ယာဉ်ထိန်းရဲ စန်းမောင် ပစ်thet ခံရ ၊ သာယာ၀တီတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးthay ဆုံးကာ ၁ ဦးဒဏ်ရာ ပြင်းထန်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကော့သောင်းတွင် ယာဉ်ထိန်းရဲ စန်းမောင် ပစ်thetခံရ ၊ သာယာ၀တီတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးthay ဆုံးကာ ၁ ဦးဒဏ်ရာ ပြင်းထန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ယမန်နေ့ ညပိုင်း ယာဉ်ထိန်းရဲ စန်းမောင် ပစ်ခတ်ခံရပြီး thayဆုံးသွားကြောင်း ကော့သောင်းမြို့နယ် မြို့ပြ သမန်းကျား ပျောက်ကျားတပ်ဖွဲ့မှ ဗိုလ်သမန်းကျားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၃၂ မိနစ်အချိန် ကော့သောင်းမြို့မှ ယာဉ် ထိန်းရဲ စန်းမောင်သည် ရဲစခန်းမှ အပြင်သို့ အသွားတွင် ကောသောင်းမြို့နယ် မြို့ပြသမန်းကျား ပျောက်ကျားတပ်ဖွဲ့က thayနတ်ဖြင့် ၅ ချက်တိတိ ရှင်းလင်းရာမှ thay ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ယာဉ်ထိန်းရဲ စန်းမောင်က က ရဲစခန်းကွင်းထဲ နေတာပါ။ ရဲစခန်းထဲကနေ မယားကြီးကိုထားပြီး မယားငယ်အိမ်သို့ သွားတဲ့အချိန် လမ်းရပ်နားချိန်မှာ ၅ချက်တိတိပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ယာဉ်ထိန်းရဲ စန်းမောင် နေရာတင် ပွဲချင်းပြီး thayပါတယ်” ဟု ဗိုလ် သမန်း ကျား က ပြောသည်။
အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် အိုက်ကဒုံကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မင်းနိုင်နှင့် မြစ်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြီးမြင့်တို့ကို သာယာဝတီဂဠုန်တပ်ဖွဲ့က thay နတ်ဖြင့် ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး မင်းနိုင်thay ဆုံးပြီး အုပ်ချုပ်ရေးမှူး ကြီးမြင့်မှာ ဒဏ်ရာ အပြင်းအထန်ရရှိကြော်ငး သိရှိရသည်။

ဓာတ်ပုံ- ဒဏ်ရာရရှိထားသော အုပ်ချုပ်ရေးမှူး ကြီးမြင့်နှင့် thay ဆုံးသွားသော အုပ်ချုပ်ရေးမှူး မင်းနိုင်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ စီးပွားရေး ကျပ်တည်းနေချိန် ကဒုံကျေးရွာအုပ်စု စစ်ကောင် စီခန့်အုပ်ချုပ်ရေးမှူး မင်းနိုင်နှင့် မြစ်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြီးမြင့်တို့က စိုက်ပျိုးရေးဘဏ်မန်နေဂျာနှင့် ပူးပေါင်းကာ တောင်သူများအပေါ် စစ်တပ်အလိုကျ နိုင့်ထက်စီးနင်း ခြိမ်း ခြောက်၍ စိုက်ပျိုးရေးချေးငွေများ အတင်းအဓမ္မတောင်းခံနေသဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ် ကြောင်း ၊ သာယာဝတီဂဠုန်တပ်ဖွဲ့က ပဲခူးတိုင်းနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သာယာဝတီဂဠုန်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး မင်းနိုင်မှာ ပွဲချင်းပြီးthay ဆုံးခဲ့ပြီး ကြီးမြင့်မှာ အသက်အန္တရာယ် စိုးရိမ်ရဒဏ်ရာ အပြင်းအထန်ရရှိကာ သာယာဝတီဆေးရုံသို့ ပို့ဆောင်ထားရကြောင်း၊ thay ဆုံးနိုင်ဖွယ်ရှိကြောင်း၊ ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များနှင့် မြို့ပြပြောက်ကျား အဖွဲ့များက နန်းထိုက်အောင် စစ်ဆင်ရေးဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။