ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲပြင်းထန်နေပြီး သံဖြူဇရပ်အမြောက်တပ်က lat natကြီးများဖြင့် ပစ်ကူ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပါသုံးနေ

Local News

ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲပြင်းထန်နေပြီး သံဖြူဇရပ်အမြောက်တပ်က lat natကြီးများဖြင့် ပစ်ကူ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပါသုံးနေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲပြင်းထန်နေပြီး သံဖြူဇရပ်အမြောက်တပ်က lat nat ကြီးများဖြင့် ပစ်ကူ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပါသုံးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းမှစတင်၍ တိုက်ပွဲပြင်းထန်နေပြီး သံဖြူဇရပ် အမြောက်တပ်ကလည်း lat nat ကြီးများ ပစ်ကူနေကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များနှင့်ဒေသခံများထံမှ သိရှိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ စစ်တပ်ကဘက်က lat nat ကြီးများ ပစ်ကူနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ အသုံးပြုနေကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။

“အခု ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ဒီ မနက်အစော ၅ နာရီလောက်က သံဖြူဇရပ် အမြှောက်တပ်က lat nat ကြီးပစ်ကူနေတာ ၁၀ကြိမ်ထက်မနည်းတော့ဘူး။ အလုံးကြီးပစ်နေတာ။ မြေပါတုန်တယ်။ တိုက်လေယာဉ် တွေလည်းသွားတယ်။ လေကြောင်းကပါ ပစ်နေတာ။ ရဟက်ယာဉ်တွေလည်း သွားတာတွေ့တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေ အသေးစိတ်နှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက KNLA သတင်းရင်းမြစ်၊ PDF သတင်းရင်းမြစ်များထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားလျက်ရှိသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။