စစ်ကောင်စီက ဝန်ကြီးနှစ်ဦးကို အနားပေး ၊စစ်အင်ဂျင်နီယာညွှန်မှူးဆောက်လုပ်ရေးဝန်ကြီးဖြစ်လာ

Local News

စစ်ကောင်စီက ဝန်ကြီးနှစ်ဦးကို အနားပေး ၊စစ်အင်ဂျင်နီယာညွှန်မှူးဆောက်လုပ်ရေးဝန်ကြီးဖြစ်လာ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီက ဝန်ကြီးနှစ်ဦးကို အနားပေး ၊စစ်အင်ဂျင်နီယာညွှန်မှူးဆောက်လုပ်ရေးဝန်ကြီးဖြစ်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ပြည်ထောင်စုဝန်ကြီးနှစ်ဦးကိုတာဝန်က အနားပေးတယ်လို့ စစ်ကောင်စီကဒီကနေ့နိုဝင်ဘာ၁၄ရက်ညပိုင်းမှာကြေညာပါတယ်။ အနားပေးခံရတဲ့ဝန်ကြီးတွေကတော့ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေး နဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးတင်ထွဋ်ဦးတို့ဖြစ်ပါတယ်။

ပုံ- ပြီးခဲ့တဲ့နိုဝင်ဘာ ၁ရက်ကလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ နဲ့ ဝန်ကြီးတွေ ကိုတွေ့ရစဉ်

တချိန်တည်းမှာပဲ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်ကိုလည်းစစ်ဖက်တာဝန်ကနေ အနားပေးလိုက်ပြီလို့ တပ်တွင်းသတင်းရင်းမြစ်တွေကသိရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ဝန်ကြီးအသစ် ဖြစ်လာပါတယ်။
စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာကို လက်ရှိသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဦးလှမိုးကပူးတွဲတာဝန်ယူမယ်လို့ ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။