ဆောနှင့်စစ်ကိုင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၂၀ ခန့် ဖမ်းဆီးခံထားရ၊ ဧရာဝတီမြစ်ဘေးရှိ ရွာများကိုလည်း စစ်တပ်က ဆက်တိုက်မီးတင်ရှို့နေ

Local News

ဆောနှင့်စစ်ကိုင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၂၀ ခန့် ဖမ်းဆီးခံထားရ၊ ဧရာဝတီမြစ်ဘေးရှိ ရွာများကိုလည်း စစ်တပ်က ဆက်တိုက်မီးတင်ရှို့နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆောနှင့်စစ်ကိုင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၂၀ ခန့် ဖမ်းဆီးခံထားရ၊ ဧရာဝတီမြစ်ဘေးရှိ ရွာများကိုလည်း စစ်တပ်က ဆက်တိုက်မီးတင်ရှို့နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ ဆောမြို့နယ် လက်ပန်းရွာကို အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဆရာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က လက်ပန်းရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး ဆရာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
“ဆောမြို့နယ် လက်ပန်းရွာကို စစ်ခွေးတွေ အကြောင်းမဲ့မီးစတင်ရှို့နေပါတယ်။ အခု နံနက် ၁၁ နာရီလောက်က ဖမ်းဆီးခံရတဲ့ သူတွေရှိပါတယ်။ ဘုန်းကြီး ၁ ပါးနဲ့ ပြည်သူ ၄ ဦး ပြန်လွှတ်ခြင်း မရှိသေးပါဘူး။ ခုထိဆက်ရှို့နေတုန်းပါ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့အတူ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုးရှိ တရှောက်အိုက့်ဒိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။


နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မင်းကွန်းတောင်ရိုးရှိ တရှောက်အုန်းသဇင်ကျေးရွာ PDF စစ်ဆေးရေးဂိတ်ကို မီးရှို့ခဲ့ပြီးနောက် တရှောက်အိုက့်ဒိုင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်း ဖြစ်​ပြီး ပြည်သူ ၁၀ ဦးကျော်လည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
” ကျောက်ထု အမြှောက်တပ်ကနေ lat nat ကြီးနဲ့ပစ်ကူထုနေပါတယ်ခင်ဗျာ မီးရှို့ပီးပြန်ထွက်ရင်တော့ PDF တွေနဲ့တိုက်ပွဲဖြစ်နိုင်တယ်။ အိုက့်ဒိုင်ရွာမှာ အိမ်ခြေ ၅၀၀ကျော် ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ လူဦးရေ ၁၀ကျော်ဖမ်းခံထားရပါတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ဧရာဝတီ မြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။


“ထန်းကြီးရွာ ကျောင်းဖြူရွာဘက်မှ မီးရှို့ဖျက်စီးထွက်လာသော ခွေး‌စစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းမင်းကွန်းတိုက်နယ်မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းမြောက်ဘက်သို့ထွက်လာသော ခွေးစစ်ကြောင်းများသည် မြစ်ကမ်းဘေးရှိ အုပ်ဖိုရွာမှစ မြစ်ဘေးရှိရွာများ အားလုံးကို မီးရှို့ဖျက်စီးနေ​ပါတယ်” ဟုဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။