မီးမမှန်သော်လည်း စစ်ကောင်စီက လျှပ်စစ်ကားတင်သွင်းရေး ဦးစားပေးစီစဉ်နေ

Local News

မီးမမှန်သော်လည်း စစ်ကောင်စီက လျှပ်စစ်ကားတင်သွင်းရေး ဦးစားပေးစီစဉ်နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မီးမမှန်သော်လည်း စစ်ကောင်စီက လျှပ်စစ်ကားတင်သွင်းရေး ဦးစားပေးစီစဉ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အမေရိကန်ဒေါ်လာစီးထွက်မှုကို ထိန်းချုပ်ရန် ကားတင်သွင်းမှုပိတ်ပင်ထားသည့် စစ်ကောင်စီက အကောက်ခွန် လုံးဝမပေးဆောင်စေဘဲ လျှပ်စစ်ကားတင်သွင်းခွင့်ပြုမည်ဟု ကြေညာထားသည်။​

အမေရိကန်ဒေါ်လာစီးထွက်မှုကို ထိန်းချုပ်ရန် ကားတင်သွင်းမှုပိတ်ပင်ထားသည့် စစ်ကောင်စီသည် နိုင်ငံအတွင်း ဓာတ်အားပုံမှန်မပေးနိုင်သည့်တိုင် လျှပ်စစ်ကားတင်သွင်းမှုကို ဦးစားပေးခွင့်ပြုရန် စီစဉ်နေသည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းဖွံ့ဖြိုးရန်ဟုဆိုကာ ဘက်ထရီစွမ်းအင်သုံးကားများကို အကောက်ခွန် လုံးဝမပေးဆောင်စေဘဲ တင်သွင်းခွင့်ပြုမည်ဟု စစ်ကောင်စီလက်အောက်ခံ စီမံဘဏ္ဍာဝန်ကြီးဌာနက ယခုလ ၂ ရက်တွင် ကြေညာသည်။

ဘက်ထရီလျှပ်စစ်စွမ်းအင်သုံး ကုန်တင်ကား၊ လူစီးကား၊ သုံးဘီး၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းများကိုပါ အခွန်မကောက်ဘဲ ၂၀၂၃ မတ်လကုန်အထိ တင်သွင်းခွင့်ရှိမည်ဟု ကြေညာချက်က ဆိုသည်။

လျှပ်စစ်ကားတင်သွင်းခွင့်အတွက် ရှေ့ပြေးစီမံချက်အနေဖြစ် အများပြည်သူသယ်ယူပို့ဆောင်ရေးကို လုပ်ကိုင်မည့်ကုမ္ပဏီများကိုသာ ခွင့်ပြုရန်စီစဉ်ထားပြီး လက်ရှိတွင် ကုမ္ပဏီ ၉ ခုကို ချထားပေးကြောင်း ထိုဖြစ်စဉ်ကိုသိရှိသည့် အမည်မဖော်လိုသူ ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“(အများပြည်သူသယ်ယူပို့ဆောင်ရေး) အလုပ်လုပ်တဲ့သူတိုင်းကို သွင်းဆိုတဲ့ သဘောမျိုးဖြစ်နေတာပေါ့။ သိပ်တော့ပုံစံတော့မကျဘူး။ တစ်ချို့က တက္ကစီနဲ့ပြတယ်။ တစ်ချို့က ဘက်စ်ကားနဲ့ပြတယ်။ တစ်ချို့က ကုန်တင်ယာဉ်နဲ့ပြတယ်။ Public Transport တစ်ခုခုပြပြီးမှ သွင်းခိုင်းတဲ့သဘောဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

တက္ကစီလုပ်ငန်းလုပ်ကိုင်ပါက အစီး ၃၀ ပြေးဆွဲပေးရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းအသေးစိတ်နှင့် တင်သွင်းခွင့်ပြုမည့်အချိန်ကိုမူ အတိအကျမသိရသေးကြောင်း ၎င်းက ဆိုသည်။ ကုမ္ပဏီ ၉ ခု၏ အမည်စာရင်း အသေးစိတ်ကိုလည်း မသိရပေ။

ပိတ်ပင်ကန့်သတ်မှုများကြောင့် ပြည်တွင်းကားဈေးမြင့်တက်ချိ

န် လျှပ်စစ်ကားသွင်းခွင့်ပြုမည်ဖြစ်၍ လူစိတ်ဝင်စားမှုများသော်လည်း လျှပ်စစ်မီးမမှန်သလို လျှပ်စစ်ကားသည် ဒီဇယ်နှင့် ဓာတ်ဆီစွမ်းအင်သုံး ကားများထက် ဈေးနှစ်ဆမှ သုံဆခန့်ပိုကြီးနေကြောင်း ထိုကားလုပ်ငန်းရှင်က ဆိုသည်။

“ဓာတ်ဆီဖိုး ၁၀ နှစ်စာလောက်ကို ကြိုပေးရသလိုဖြစ်နေတာပေါ့။ စစချင်းဝယ်ဖို့ဆိုတာက သာမန်လူတွေ အတွက် မဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်ကားတစ်စီးလျှင် ကျပ်သိန်း ၆၅၀ မှ ၁,၀၀၀ ကျော်ထိဈေးရှိပြီး အချိန် ၄ နာရီမှ ၈ နာရီအထိ ဓာတ်အားသွင်းရန်လိုအပ်ကာ မြန်မာနိုင်ငံတွင် မီးမမှန်သလို အားသွင်းရန် အခြေခံအဆောက်ဦးမရှိ၍ အဆင်မပြေသေးကြောင်း နောက်ထပ် ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

စီးပွားရေးမြို့တော်ရန်ကုန်တွင် လျှပ်စစ်ဗို့အားမပြည့်သလို နေ့ဘက်တွင် ၅ နာရီခန့်သာမီးရကြောင်း၊ ညအချိန်အားသွင်းလျှင်လည်း ခိုးဆိုးလုနှိုက်မှုများကြီးထွားနေသဖြင့် တန်ဖိုးကြီးမားသည့် ကားပစ္စည်း အစိတ်ပိုင်းများ အခိုးခံရနိုင်ခြေများကြောင်း ၎င်းက ဆက်ပြောသည်။

“ခိုးဆိုးလုယှက်တွေက တအားပေါနေတာ။ ဒီ Charger တွေမပြောနဲ့ ကားနောက်ကြည့်မှန်တွေ၊ ကားခေါင်မိုးပေါ်က အန်တနာတိုင်လေးတွေကအစဖြုတ်ခိုးနေတာ။ အဆင်မပြေပါဘူး” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်ကားကို အသက် ၁၈ နှစ်ပြည့်သူတိုင်းတင်သွင်းခွင့်ရသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်းခွင့်မရဘဲ အများပြည်သူအနေဖြင့် စစ်ကောင်စီခွင့်ပြုသည့် ကုမ္ပဏီများထံမှသာ ကားနှင့် အပိုပစ္စည်းများအားလုံး ဝယ်ယူခွင့်ရမည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်ကားများကို ကာဗွန်ထုတ်လွှတ်မှုနည်းပါးပြီး လောင်စာဆီခြေတာနိုင်သဖြင့် နိုင်ငံတကာတွင် အသုံးတွင်ကျယ်လာသည်။ မြန်မာနိုင်ငံတွင်လည်း ဂျပန်ထုတ် Nissan Leaf နှင့် ရန်ကုန်မြို့ သာဓုကန် စက်မှုဇုန်မှ khaing Khaing Sangda စက်ရုံထုတ် လျှပ်စစ်ကားများကို ဖြန့်ဖြူးရောင်းချနေသော်လည်း စိတ်ဝင်စားမှုနည်းပါးကာ အသုံးမတွင်ကျယ်ကြောင်း ကားရောင်းဝယ်သူများက ဆိုသည်။

အင်္ဂလန်အမှတ်တံဆိပ် Morris Garage MG လျှပ်စစ်ကားဖြန့်ဖြူရောင်းချရန်ပြင်ဆင်နေသည့် MG Myanmar ကုမ္ပဏီကမူ လျှပ်စစ်ကားစမ်းသပ်မောင်းနှင်နိုင်ရန်စီစဉ်ထားရာ စိတ်ဝင်စားသူများကြောင်း ထိုကုမ္ပဏီ၏ အရောင်းဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

“EV (လျှပ်စစ်ကား) နဲ့ပတ်သက်လို့ Pre-Order တော့လက်မခံသေးဘူး။ ဝင်ဖို့ကတော့ တရားဝင်ခွင့်ပြုမှ ဝင်မှာပါ။ လက်ရှိကလည်းတင်သွင်းခွင့်ပိတ်ထားတာလေ” ဟု ၎င်းက ဆိုသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။