ဝန်ကြီးဌာန ရာထူးတိုး လူတွေ့ ရေးဖြေ စာမေးပွဲများတွင် NLD မကောင်းကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများ အကြောင်းကိုသာ စစ်ကောင်စီက အဓိကထား စစ်ဆေး

Local News

ဝန်ကြီးဌာန ရာထူးတိုး လူတွေ့ ရေးဖြေ စာမေးပွဲများတွင် NLD မကောင်းကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများ အကြောင်းကိုသာ စစ်ကောင်စီက အဓိကထား စစ်ဆေး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝန်ကြီးဌာန ရာထူးတိုး လူတွေ့ ရေးဖြေ စာမေးပွဲများတွင် NLD မကောင်းကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများ အကြောင်းကိုသာ စစ်ကောင်စီက အဓိကထား စစ်ဆေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာလ ၁၆

အကြမ်းဖက်စစ်ကောင်စီက ရာထူးတိုး လူတွေ့ ရေးဖြေ အင်တာဗျူးများတွင် ဌာနဆိုင်ရာ လုပ်ငန်းများနှင့် အတွေ့အကြုံများကို အဓိကထား မမေးတော့ဘဲ NLD အစိုးရ ခေတ် မကောင်းကြောင်း၊ ၂၀၂၀ ရွေး ကောက်ပွဲတွင် မဲစာရင်း မသမာမှုများ လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်၍ ဝန်ထမ်းများကို အဓိကထား မေးမြန်း စစ်မေးကြောင်း ဝန်ကြီးဌာနသတင်းရပ်ကွက်များထံမှ သိရှိရသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အရပ်ဘက် ဝန်ကြီးဌာနများတွင် ဝန်ထမ်းများ ရာထူးတိုး လူတွေ့၊ရေးဖြေ ဖြေဆိုရာတွင် လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့်သက် ဆိုင်သော မေးခွန်းများကို မေးမြန်းခြင်း လုံး၀ မရှိတော့ဘဲ လက်ရှိ နိုင်ငံ ရေးနှင့်သက်ဆိုင်သည့် NLD အစိုးရလက်ထက် အမျိုးဘာသာသာသနာ ထိခိုက်စေမှုများ၊ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မသမာမှုများ စသည့် စစ်တပ် ၏ ဝါဒဖြန့် အကြောင်းအရင်းများကိုသာ အဓိက ထား မေးမြန်း စစ်မေးကြောင်း၊ ရာထူးတိုး စာမေးပွဲ အောင်၊ မအောင်ကိုလည်း စစ်တပ်၏ ဝါဒဖြန့်မှုများကို ဖြေဆိုနိုင်ခြင်း ရှိ၊ မရှိ အပေါ် ဆုံးဖြတ်နေကြောင်း သိရှိရသည်။
” ရာထူးတိုး လူတွေ့ အင်တာဗျူး ၊ ရေးဖြေစာမေးပွဲတွေမှာ ဌာနနဲ့ဆိုင်တာတွေ မမေးဘဲ NLD အစိုးရက မကောင်း ခဲ့ဘူးဆိုတာမျိုးတွေ၊ မဲမသာမှုတွေ ရှိခဲ့တာ သိလား။ စစ်တပ်က NCA ကို ထိန်းသိမ်းနေတာသိသလား စတဲ့ စစ်အာဏာ ရှင်တွေ ရဲ့ ဝါဒဖြန့်နေတဲ့ အကြောင်းအရာတွေကိုသာ အဓိကထားမေးမြန်းတယ်။ ရာထူးတိုးဆိုတာက ဌာနလုပ်ငန်းတွေ ဘယ်လောက်ကျွမ်းကျင်လဲ ဒါတွေကို အဓိကထား မေးရမှာ။ အဲဒါတွေမမေးတော့ဘူး။ သူတို့ စစ်တပ်က ဝါဒ ဖြန့်တာကို လက်ခံ ၊ မခံပဲ မေးတော့တာ။ ရာထူးတိုးချင်ရင် စစ်တပ် ဝါဒဖြန့်တာတွေ ကျက်မှတ်ထားရမယ့်သဘော။ Brain Washed လုပ်တာပေါ့” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ ရာထူးတိုးစာမေးပွဲများတွင် ယခင် CDM လုပ်ခဲ့ဖူးပြီး ပြန်လည် ဝင်ရောက် လာကာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း လုံး၀ (လုံး၀) ဖြေခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း၊ CDM လုပ်ထားသည့်ဝန်ထမ်းများကို ဌာနဆိုင်ရာ သတင်းများ မပေါက်ကြားရေး ပိုမိုစောင့်ကြည့်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။