ဘုရားသုံးဆူမြို့နယ်ရှိ သပြု သတ္တုမိုင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု တရုတ်နိုင်ငံသားများအပါအဝင် ၃ ဦးthay ဆုံးပြီး အများအပြားဒဏ်ရာရ

Local News

ဘုရားသုံးဆူမြို့နယ်ရှိ သပြု သတ္တုမိုင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု တရုတ်နိုင်ငံသားများအပါအဝင် ၃ ဦးthay ဆုံးပြီး အများအပြားဒဏ်ရာရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုရားသုံးဆူမြို့နယ်ရှိ သပြု သတ္တုမိုင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု တရုတ်နိုင်ငံသားများအပါအဝင် ၃ ဦးthay ဆုံးပြီး အများအပြားဒဏ်ရာရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက်တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် နိုဝင် ဘာလ ၁၆ ရက် ယနေ့ နံနက် အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သတ္တုမိုင်းရှိ အဆောက်အဦးများ ပျက်စီးပြီး တရုတန်နိုင်ငံသားများ အပါအဝင် အနည်းဆုံး ၃ ဦး thay ဆုံးကာ ၈ ဦး ဒဏ်ရာရကြောင်း KNU သတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် တိုက်လေယာဉ်များဖြင့် အဆိုပါ မိုင်းတွင်းကို ဗုံးကျဲသွားခြင်းဖြစ်ပြီး အဆိုပါ မိုင်းတွင်းသည် တရုတ်နိုင်ငံသားများနှင့် မြန်မာလုပ်ငန်းရှင်များ ပူးတွဲ လုပ်ကိုင်နေသော မိုင်းတွင်း လုပ်ကွက်များဖြစ်ကြောင်း သိရှိရသည်။


“အဲဒီမိုင်းတွင်းက KNU နဲ့မပတ်သက်ဘူး။ မြန်မာအစိုးရဆီမှာ လုပ်ကွက်ကို တရားဝင် တင်ပြပြီး လုပ်ရတဲ့ သတ္တုမိုင်းတွင်းတွေ။ တပ်မဟာ ၆ နယ်မြေထဲမှာ ရှိနေတာ။ ဘာတိုက်ပွဲမှ မရှိဘဲ ညက လေယာဉ်နဲ့လာပစ်သွားတာပါ။ အဲဒါ အရင် ခေတ်အဆက်ဆက်အစိုးရတွေဆီမှာ လုပ်ကွက်တင်ပြီး တူးဖော်ရတဲ့ သတ္တုတွင်း လုပ်ကွက်တွေပါ။ thay တဲ့အထဲမှာ တရုတ်နိုင်ငံသားတွေ ပါသွားတယ်” ဟု KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သပြုသတ္တုမိုင်းတွင်းလုပ်ကွက်များသည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော မိုင်းတွင်းဖြစ်သည်ဟု စစ်ကောင်စီသတင်းရင်းမြစ်ကလည်း အတည်ပြုသည်။
ဗုံးကျဲတိုက်ခိုက်ခဲ့သော တိုက်လေယာဉ်များသည် မှော်ဘီလေတပ်စခန်းမှဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
“မနက် ၂ နာရီခွဲလောက်မှာ မှော်ဘီကို တိုက်လေယာဉ်တွေ ပြန်ဆင်းတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။
ဘုရားသုံးဆူမြို့အနီး၊ သပြုသတ္တုမိုင်းတွင် နိုင်ငံခြား ကုမ္ပဏီများ၊ ဒေသလုပ်ငန်းရှင်းများ ပိုင်ဆိုင်သည့် ကုမ္ပဏီများ ရှိပြီး ခနောက်စိမ်းကဲ့သို့ ခဲသတ္တုများ တူးဖော်လုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။


အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင် အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျှက်ရှိသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။