အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ပွဲဝင်ဖို့ စာရင်းသွင်းလိုက်ပြီ နောက်တက်မယ့်သမ္မတလို့ လူထုဟောပြောပွဲမှာထရမ့် သူ့ကိုယ်သူမိတ်ဆက်

International News Local News

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ပွဲဝင်ဖို့ စာရင်းသွင်းလိုက်ပြီ
နောက်တက်မယ့်သမ္မတလို့ လူထုဟောပြောပွဲမှာထရမ့် သူ့ကိုယ်သူမိတ်ဆက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ပွဲဝင်ဖို့ စာရင်းသွင်းလိုက်ပြီ နောက်တက်မယ့်သမ္မတလို့ လူထုဟောပြောပွဲမှာထရမ့် သူ့ကိုယ်သူမိတ်ဆက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ လာမယ့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ စာရွက်စာတမ်းတွေကို မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၆ ရက်ဒီကနေ့မနက်ပိုင်းက ပြီးခဲ့တဲ့မိနစ်ပိုင်းလေးမှာတင် တင်သွင်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Mar a Lago မှာ လူထုကိုမိန့်ခွန်းတစ်ခုမပြောခင် မိနစ်ပိုင်းအလိုမှာတင် ခုလို တင်သွင်းလိုက်တာပါ။
အမေရိကန်မှာ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ ခုလိုစာရွက်စာတမ်းတွေတင်သွင်းဖို့လိုအပ်ပါတယ်။


ဖယ်ဒရယ်ရွေးကောက်ပွဲကော်မရှင်ထံ ဒေါ်နယ်ထရမ့်ရဲ့အဖွဲ့က တင်သွင်းတဲ့ စာရွက်စာတမ်းတွေမှာ မဲဆွယ်စည်းရုံးရေးပြုလုပ်ဖို့နဲ့ သူ့ကိုယ်စားအသုံးစရိတ်တွေ ရှင်းလင်းဖို့ မဲဆွယ်စည်းရုံးရေးကော်မတီတစ်ခုကို ဖွဲ့စည်းခန့်အပ်ထားတာလည်းပါဝင်ပါတယ်။
ထရမ့်က Mar a Lago မှာ လူထုမိန့်ခွန်းစတင်ပြောကြားစဥ်မှာလည်း “နောက်တက်မယ့်သမ္မတ” လို့ သူ့ကိုယ်သူ မိတ်ဆက်ပြောကြားခဲ့သလို လူအုပ်ထဲကနေလည်း အမေရိကန်ရဲ့နောက်တက်မယ့်သမ္မတ ဆိုပြီး ကြွေးကြော်သံတချို့လည်းထွက်ပေါ်ခဲ့ပါတယ်။


သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ရီပက်ဘလစ်ကန် ပါတီတွင်းပြိုင်ဘက်တွေကို ပထမဆုံးအနိုင်ယူပြီး ဒီမိုကရက်တစ်ပါတီက နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ခဲ့သူ ဟီလာရီကလင်တန်ကိုလည်း မဲရလဒ်ကွာဟချက်ကျဥ်းမြောင်းစွာနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါဟာ မဖြစ်နိုင်တဲ့ အောင်မြင်မှုတစ်ခုဆိုပေမဲ့ သမ္မတလောင်းအဖြစ် သမ္မတ ထရမ့်ရဲ့ ငြင်းလို့မရနိုင်တဲ့ အားသာချက်တွေကို ပြသတဲ့အရာတွေထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်။
သူဟာ ၂၀၂၀ မှာတော့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကိုရှုံးနိမ့်ခဲ့ရပြီး လေးနှစ်တာ သမ္မတသက်တမ်းတစ်ဆက်တည်းနဲ့ အိမ်ဖြူတော်ကိုနှုတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။