ထိုင်းမှာ မြန်မာအလုပ်သမားတွေ လုပ်ကိုင်တဲ့ Aerosoft ဖိနပ်စက်ရုံမီးလောင်မှု နှစ်ဦးဒဏ်ရာရ မီးငြိမ်းအောင် နာရီအတန်ကြာငြှိမ်းသတ်ခဲ့ရ

International News Local News

ထိုင်းမှာ မြန်မာအလုပ်သမားတွေ လုပ်ကိုင်တဲ့ Aerosoft ဖိနပ်စက်ရုံမီးလောင်မှု နှစ်ဦးဒဏ်ရာရ
မီးငြိမ်းအောင် နာရီအတန်ကြာငြှိမ်းသတ်ခဲ့ရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းမှာ မြန်မာအလုပ်သမားတွေ လုပ်ကိုင်တဲ့ Aerosoft ဖိနပ်စက်ရုံမီးလောင်မှု နှစ်ဦးဒဏ်ရာရမီးငြိမ်းအောင် နာရီအတန်ကြာငြှိမ်းသတ်ခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်းမှာ မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေတဲ့ Aerosoft ဖိနပ်စက်ရုံမီးလောင်မှု မနေ့ နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းကစလို့ ဖြစ်ပွားခဲ့ပြီး ည သန်းခေါင်ကျော်အချိန်အထိ မီးငြှိမ်းသတ်ခဲ့ရသလို မီးလောင်မှုအတွင်း အနည်းဆုံးနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဘီဘီစီထိုင်းသတင်းဌာနက ဖော်ပြပါတယ်။

ဓာတ်ပုံ-BBC Thai/Thai News Pix

မီးငြှိမ်းသတ်ဖို့ မီးသတ်ကား ၂၀ ခန့်လည်းအသုံးပြုခဲ့ရတယ်လို့သိရပြီး စက်ရုံဟာ ငါးထပ်အဆောက်အဦဖြစ်ကာ မြေညီထပ်မှာဖိနပ်အရောင်းပြခန်းလည်းရှိတယ်လို့ သိရပါတယ်။
မီးလောင်မှုအတွင်း စက်ရုံလုပ်သားနှစ်ဦးဒဏ်ရာရခဲ့ပြီး စက်ရုံဟာ လုံးဝပြိုကျသွားကာ အန္တရာယ်ရှိနိုင်တာကြောင့် တာဝန်ရှိသူတွေကတော့ အတွင်းပိုင်းကို ဝင်ခွင့်မပြုခဲ့ကြောင်း၊ မီးလောင်မှုကို ဝန်ထမ်းတွေကလည်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့မီးလောင်ပြင်ကိုရောက်ရှိခဲ့တဲ့ ဘီဘီစီထိုင်းသတင်းထောက်ကပြောပါတယ်။


မီးလောင်မှုဖြစ်ပွားချိန်မှာ အတွင်းမှာပိတ်မိသူတွေရှိတယ်ဆိုတဲ့ပြောကြားချက်တွေနဲ့ပတ်သက်လို့တော့ အားလုံးဘေးကင်းကြောင်းနဲ့ လုံခြုံကြောင်း စက်ရုံက မြန်မာအလုပ်သမားတချို့က သူတို့ရဲ့လူမှုကွန်ရက်မှာရေးသားထားကြတာကိုလည်းတွေ့ရပါတယ်။
မနေ့ညပိုင်းက ဒီမီးလောင်မှုကြောင့် ကီလိုမီတာများစွာရှည်လျားတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက်ည ၁၁ နာရီမှာတော့ မီးလုံးဝငြိမ်းသွားခဲ့ပြီးမီးလောင်ရတဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။