ဖူးစာရှင်ဘယ်သူလဲ တာရော့အစီအစဉ်

Astrology

ဖူးစာရှင်ဘယ်သူလဲ တာရော့အစီအစဉ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖူးစာရှင်ဘယ်သူလဲ ဆိုတဲ့တာရော့အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

ကိုယ်နဲ့ ရေစက်ဆုံနိုင်မယ့်သူ ၊ ကိုယ့်ကို အသည်းစွဲချစ်မယ့်သူအကြောင်းကို တားရော့ဟောပေးပါမယ်
အနှစ်သက်ဆုံး Tarot Deck ကိုရွေးချယ်လိုက်ပါ

Deck 1

Deck 2 

 

Deck 3

 

 

 

Deck 1

မင်းဟာFire Signတစ်ယောက်ဖြစ်တယ်ဆိုရင် မင်းရဲ့ဖူးစာဖက်ဟာ ကိုယ့်ကျင့်တရားကောင်းမွန်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ဟာဆိုရင်လည်း ရည်မွန်ထက်မြက်မှုအသွင်ကိုဆောင်တယ်။ဆွဲဆောင်မှုရှိတယ်။ လူအများကြားထဲမှာဆိုရင် သူ့ရဲ့ မျက်နှာဟာထင်းထွက်နေတတ်တယ်။ မေးရိုးလှတဲ့ သူတစ်ဦးလည်းဖြစ်တယ်။ သူ့ရဲ့အသားအရည်ဟာလည်း၀င်းဝါတဲ့ ဘက်ကိုသွားတယ်။ ဉာဏ်ပညာထက်မြက်မှုကလည်း သူ့ရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ ဖော်ရွေတတ်ပြီး လူတိုင်းကို တန်းတူညီမျှ ဆက်ဆံတတ်လေ့လည်းရှိတယ်။ မင်းကိုယ်တိုင်ရဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကို ပထမဆုံး သဘောကျမိသွားမှာဖြစ်တယ်။ မင်းတို့နှစ်ယောက်ရဲ့ အသက်အရွယ်ကတော့ ရွယ်တူလောက်ဖြစ်လိမ့်မယ်။

မင်းဟာEarth Signတစ်ယောက်ဖြစ်တယ်ဆိုရင် မင်းရဲ့ဖူးစာရှင်ဟာ အတော်လေး လူရည်လည်တယ်။ ပါးနပ်တယ်။ ပိုက်ဆံကို အတော်လေးမက်မောတဲ့ သူမျိုးလည်း ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်အရဆို ထိုသူဟာ နှာခေါင်းလှတဲ့ သူမျိုးလည်းဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ဆွဲဆောင်မှုရှိတဲ့ အချက်ကတော့ လိုက်လျောညီ ထွေဖြစ်စွာ နေထိုင်တတ်တာမျိုးလည်းဖြစ်ပါတယ်။ ၀င်ငွေများစွာကို ရှာဖွေနိုင်တဲ့ သူတစ်ဉီးလည်းဖြစ်ပါတယ်။ထိုသူ့ဘက်ကနေပြီးတော့ မင်းကို စတင်သဘောကျမိမှာလည်းဖြစ်ပါတယ်။ မင်းအိပ်မက် တွေကိုလည်း သူဟာ အတော်‌လေး ပံ့ပိုးကူညီပေးလာပါလိမ့်မယ်။ အသက်အရွယ်အရဆိုရင်တော့ တစ်ဖက်သူဟာ မင်းထက် အနည်းငယ် အသက်ကြီးနိုင်ပါတယ်။

မင်းဟာ Air Signတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ မင်းရဲ့ဖူးစာရှင်ဟာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့သူမျိုးဖြစ်တယ်။ အကောင်းမြင်စိတ်လည်း အပြည့်ရှိတယ်။ မင်းကိုယ်တိုင်လည်း သူ့အနားမှာ နေထိုင်လိုက်ရရင် အေးချမ်းမှုကိုခံစားသွားရလိမ့်ရှိတယ်။ မင်း ပျော်ရွှင်ဖို့ အတွက် ဘာမဆို ဖန်တီး ပေးနိုင်တဲ့ သူလည်းဖြစ်ပါတယ်။ သူနဲ့မင်းနဲ့ဟာ လူမျိုးခြား လည်းဖြစ်နိုင်ပါတယ်။ သူ့ရဲ့ အဓိကဆွဲဆောင်မှု အရှိဆုံးအရာကတော့ အသံပဲဖြစ်တယ်။ သူ့ရဲ့အသွင်အပြင်ဟာဆိုရင်လည်း မင်းရဲ့အကြိုက်နဲ့ထပ်တူညီလောက်မယ်။ သစ္စာရှိပြီး ဘာမဆိုညှိနှိုင်းတိုင်ပင်တတ်တဲ့ သူမျိုးလည်းဖြစ်ပါတယ်။ အသက်အရွယ်အရဆိုရင်တော့မင်းတို့နှစ်ယောက်ဟာ ရွယ်တူ တွေဖြစ်နိုင်ပါတယ်။

မင်းဟာ Water Sign တစ်ယောက်ဖြစ်တယ်ဆိုရင် မင်းရဲ့ ဖူးစာရှင်ဟာ နွေးထွေးကြင်နာတတ်ဝာယ်။ပြည့်စုံတဲ့အသိုင်းအဝိုင်းကနေဆင်းသက်မွေးဖွားလာတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ လူကျင့်၀တ်တွေကိုလည်း သူဟာ အတော်လေးနားလည်တယ်။မင်းကို အမြဲဖေးမပေးမဲ့ သူမျိုးဖြစ်တယ်။ မင်းရဲ့ စိတ်ခံစားချက်တွေကိုလည်း သူဟာနားလည်ပေးလိမ့်မယ်။ မင်းအနေနဲ့ သူ့ကို စတွေ့တဲ့ အချိန်မှာ ရင်းနှီးမှု၊ ၀မ်းသာမှုစတဲ့ခံစားချက်လေးတွေကိုခံစားမိမယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်အရဆိုရင်လည်း သူဟာ မျက်နှာဝိုင်းတဲ့ သူမျိုးဖြစ်တယ်။‌ နောက်ပြီးဝောာ့ နှုတ်ခမ်းလည်းလှတယ်။ မင်းဘက်ကနေ သူ့ကို စတင်သဘောကျမိဖြစ်မယ်။ တော်ရုံချစ်ခဲတဲ့ သူက မင်းကိုတော့ တစ်သက်လုံးအတွက်ရည်စူးပြီ ချစ်ခင်မိလိမ့်မယ်။
Fire Sign -Aries,Leo and Sagittarius
Earth Sign-Taurus, Virgo and Capricorn
Water Sign-Cancer, Scorpio and Pisces
Air Sign-Gemini, Libra and Aquarius.

 

Deck 2

မင်းဟာ Water Signတစ်ယောက်ဖြစ်တယ်ဆိုရင် မင်းရဲ့ဖူးစာရှင်ဟာ မင်းထက်အသက်ငယ်လောက်မယ်။ သူဟာကလေးဆန်ပြီးတော့ အတော်လေး ချစ်စဖွယ် ကောင်းတယ်။ အ၀တ်အစားလေးတွေ၀တ်တဲ့ အခါမှာဆိုရင်လည်းTrendနဲ့အညီ၀တ်ဆင်တတ်ဝာယ်။ ပြီးတော့ သူဟာ ဆံပင်Colourလေးတွေဆိုးရတာကိုလည်းနှစ်သက်တယ်။ သူ့မှာ အပြုံးလှလှလေးတွေရယ်၊ ပါးချိုင့်လေးတွေရယ် ရှိလိမ့်မယ်။သူ့ရဲ့ဆွဲဆောင်မှု အရှိဆုံး အချက်ကတော့ ရိုးသားဖြူစင်တာပဲဖြစ်တယ်။ မင်းအနေနဲ့ သူ့ကို မောင်နှမ တစ်ယောက်လိုကော၊ ချစ်သူ‌တစ်ယောက်လိုကော ချစ်ခင်သနားမိလိမ့်မယ်။ မင်းက သူ့ဘ၀ကို အများကြီး လမ်းညွှန်ဆုံးမ ပေးဖြစ်လိမ့်မယ်။ မင်းတို့နှစ်ယောက်လုံးဟာ တစ်ယောက်လိုအပ်တာ မှန်သမျှကို တစ်ယောက်ဟာ ဖြည့်ဆည်းပေးမဲ့ သူမျိုးလည်းဖြစ်တယ်။ မင်းအနေနဲ့ သူနဲ့စတင်တွေ့ရှိရချိန်ထဲက စပြီး အခိုက်အတန့် တော်တော်များများမှာ ပျော်ရွှင်ရပါလိမ့်မယ်။

မင်းဟာ Air Signတစ်ယောက်ဖြစ်ရင်မင်းရဲ့ဖူးစာရှင်ဟာ အတော်လေး တည်ငြိမ်ရင့်ကျက်တယ်။ စကားပြောတဲ့ အခါမှာဆိုရင်လည်းလေအေးလေးနဲ့တောင် ပြောဆိုတတ်တယ်။ လူကြိုက်များတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ လည်း အတော်လေးလူကြီးဆန်တယ်။ သူဟာ အကြီးဆုံး သား/သမီး တစ်ယောက်လည်းဖြစ်ပါတယ်။ မိသားစုပိုင်လုပ်ငန်းတစ်ခုကို အခုချိန်မှာ ကိုယ်တိုင်ကိုယ်ကျဦးစီးဆောင်ရွက်နေရတဲ့ သူတစ်ဦးလည်းဖြစ်နိုင်တယ်။ အရာရာကို အလေးအနက်ထားပြီး ပြောဆိုတတ်တယ်။ အမှန်တရားကို နှစ်သက်မြတ်နိုးတဲ့ သူမျိုးလည်းဖြစ်တယ်။ သူ့ရဲ့မျက်၀န်းတွေဟာလည်း အတော်လေးဆွဲဆောင်မှုရှိတယ်။ ခန္ဓာကိုယ်ထွားပြီးတော့ အရပ်ရှည်တဲ့ထဲလည်း ပါပါတယ်။အဘက်ဘက်ကနေ ကို အတော်လေးပြီးပြည့်စုံပါတယ်။အသက်အရွယ်အရဆိုရင်တော့ မင်းတို့နှစ်‌ ယောက်ဟာ ရွယ်တူတွေပဲဖြစ်ကြပါတယ်။

မင်းဟာ Earth Sign တစ်ယောက်ဖြစ်ရင် မင်းရဲ့ဖူးစာရှင်ဟာ ခေါင်းမာတဲ့သူမျိုးဖြစ်တယ်။နောက်ပြီးတော့ အတော်လေးလည်း စိတ်မြန်လက်မြန်ရှိတယ်။ ဘေးလူတွေရဲ့ဝေဖန်မှု၊ ပြောဆိုမှုတွေကိုလည်း သိပ်ဂရုမစိုက်တတ်ဘူး။ ထက်ထက်မြက်မြက်တော့ ရှိတယ်။ဒါပေမဲ့ တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ကြောင့် အခွင့်အရေးလေးတွေကိုဆုံးရှုံးခဲ့ရတဲ့ သူမျိုးလည်းဖြစ်တယ်။အ၀တ်အစားပိုင်းမှာဆိုရင်တော့ တော်တော်လေး Fashionကျကျ၀တ်ဆင်တတ်တယ်။ သူဟာ အရပ်ရှည်တဲ့ သူမျိုးလည်းဖြစ်တယ်။သူ့ကိုမြင်လိုက်တာနဲ့Coolဖြစ်မှန်းသိသာလွန်းတယ်။ မင်းတို့နှစ်ယောက်ဟာ စစတွေ့ချင်းအချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်အမြင်မကြည်တာလေးတွေ၊ ကတောက်ကဆဖြစ်တာလေးတွေ ဖြစ်လာနိုင်တယ်။သူဟာမင်းနဲ့ နယ်ပယ်တူထဲက လူတစ်ယောက်လည်းဖြစ်ပါတယ်။အသက်အရွယ်အရဆိုရင်တော့သူဟာ မင်းနဲ့ရွယ်တူလည်းဖြစ်နိုင်သလို၊ တစ်နှစ် လောက်လည်း ငယ်နိုင်ပါတယ်။

မင်းဟာFire Signတစ်ယောက်ဖြစ်ရင်မင်းရဲ့ဖူးစာရှင်ဟာ စည်းစနစ်အတော်ကြီးတဲ့ သူမျိုးဖြစ်တယ်။ သူ့ဘ၀မှာဆိုရင်လည်း အရာရာကိုထောင့်စေ့အောင်ပြုလုပ်လေ့ရှိတယ်။ နောက်ပြီးတော့ သစ်ပင်လေးတွေစိုက်ရတာလည်းဝါသနာပါလောက်မယ်။ဒါမှမဟုတ် Petလေးတွေမွေးရတာကိုလည်းနှစ်သက်လောက်မယ်။ အထူးသဖြင့် ငါးလေးတွေပေါ့။ သူနဲ့ မင်းနဲ့ကြားမှာ ခြားနားမှုလေးတွေတော့ရှိနေနိုင်တယ်။မင်းက အရမ်းဒေါသကြီးရင် သူက အရမ်းကိုCalmဖြစ်တာမျိုးပေါ့။ ရှေ့ရေးအတွက်လည်း အတော်လေး ခေါင်းစားခံပြီးတွေးတောတတ်တဲ့ သူမျိုးဖြစ်တယ်။တစ်ခါတလေမှာလည်း သူဟာစာအုပ်ကြီး အတိုင်းဘ၀ကိုဖြတ်သန်းတတ်တယ်။ဒါပေမဲ့ မင်းအနေနဲ့ သူနဲ့ အတူတူရှိရတဲ့ အချိန်တိုင်း သက်သောင့်သက်သာဖြစ်မှု၊လုံခြုံမှုစတဲ့ ခံစားချက်လေးတွေကိုခံစားရမယ်။ မင်းနဲ့ သူနဲ့အသက်အရွယ်မှာဆို တစ်ဖက်သူဟာ မင်းထက် အသက်ကြီးလောက်မယ်။
Fire Sign -Aries,Leo and Sagittarius
Earth Sign-Taurus, Virgo and Capricorn
Water Sign-Cancer, Scorpio and Pisces
Air Sign-Gemini, Libra and Aquarius.

 

 

Deck 3

မင်းဟာ Earth Signတစ်ယောက်ဖြစ်တယ်ဆိုရင် မင်းရဲ့ဖူးစာရှင်ဟာ အဖွဲ့အစည်းတစ်ခုခုရဲ့Leadershipနေရာမှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ဖြစ်တယ်။ ထိုသူဟာ အတော်လေးလည်းCreationကောင်းတယ်။ ပန်းချီရသ၊ အနုပညာရသကိုလည်း သေချာလေးခံစားနိုင်တယ်။ သူကိုယ်တိုင်တောင် ပန်းချီကားတွေ ဆွဲပြီး စုထားတာမျိုးလေးတွေပါ ပြုလုပ်လောက်မယ်။ လူကြီးမိဘတွေကို လည်း အတော်လေး ရိုသေလေးစားတတ်တယ်။သူဟာ မင်းမိဘတွေနဲ့ ရင်းနှီးတဲ့ မိတ် ဆွေသူငယ်ချင်း တွေရဲ့ သား၊သမီးလည်းဖြစ်နိုင်တယ်။ဘာလို့ဆို မင်းရဲ့ဖူးစာဖက်ကို မင်းမိဘတွေက အတော်လေးနှစ်သက်သဘောကျမိမယ်ဆိုတဲ့Energyကိုခံစားမိလို့ဖြစ်ပါတယ်။သူနဲ့မင်းနဲ့ဆက်ဆံရေးက ‌သူငယ်ချင်းလိုကော၊ ချစ်သူလိုကော ပေါ့ပေါ့ပါးပါးနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်ပင်တည်ဆောက်ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အမှတ်အသားတစ်ခုရှိလောက်မယ်။

မင်းဟာ Water Signတစ်ယောက်ဖြစ်ရင် မင်းရဲ့ဖူးစာရှင်ဟာ လူသိများထင်ရှားတဲ့ သူတစ်ယောက်ဖြစ်နိုင်တယ်။Social Influencerတွေထဲကလည်းဖြစ်လာနိုင်ပါတယ်။မင်းနဲ့သူနဲ့ဟာ အတော်လေး ရင်းနှီးတဲ့ သူငယ်ချင်းအဆင့်ကနေ အဆင့်တက်ဖြစ်မှာလည်းဖြစ်ပါတယ်။ သူ့ဘက်ကနေပြီးတော့ မင်းကို စတင်သဘာကျမိမယ်လို့ လည်းခံစားမိတယ်။ သူ့ရဲ့ထူးခြားတဲ့ အသွင်အပြင်ကတော့ မျက်နှာချိုတာပဲဖြစ်ပါတယ်။ သူ့ရဲ့ပုံစံဟာ အမြဲတက်ကြွလန်းဆန်းနေတတ်တယ်။ စိတ်ဓာတ်ကျမှု၊ ၀မ်းနည်းမှုတွေမရှိလောက်အောင်ကို အမြဲ ပျော်ရွှင်နေတတိတဲ့ သူမျိုးလည်းဖြစ်တယ်။ဒါပေမဲ့ မင်းနဲ့ သူနဲ့ဆုံစည်ပြီးတဲ့ အခါမှာတော့ သူဟာ မင်းကိုသူ့ရဲ့ခံစားချက်တွေအားလုံးကိုပွင့်လင်းစွာ ပြောဆိုနိုင်လိမ့်မယ်။ မင်းကို အတော်လေးလည်းယုံကြည် ချစ်ခင်မဲ့ သူမျိုးဖြစ်ပါတယ်။

မင်းဟာ Fire Signတစ်ယောက်ဖြစ်တယ်ဆိုရင် မင်းရဲ့ဖူးစာရှင်ဟာခပ် ချေချေ နေထိုင်တတ်တဲ့ သူမျိုးဖြစ်တယ်။ အပြုံးအရယ်သိပ်မရှိလောက်ဘူး။ မာနကြီးလောက်မယ်။ မင်းအနေနဲ့ သူ့ရဲ့ မျက်နှာထားတည်မှုကိုပဲ အမြဲ တွေ့နေရလောက်မယ်။ဒါပေမဲ့ သူ့ရဲ့ ရှားပါးတဲ့ အပြုံးကို မင်းဟာ မြင်တွေ့ပြီတဲ့ နောက်မှာတော့ မင်းဟာ သူ့ကိုကြွေဆင်းသွားလိမ့်မယ်။ဒီလိုပဲ မင်းရဲ့ဆွဲဆောင်မှု အောက်မှာလည်း သူဟာ လဲပြိုလာပါလိမ့်မယ်။နောက်ပိုင်းမှာတော့ အတော်လေး ပျော်ရွှင်ဖို့ကောင်းတဲ့ ဆက်ဆံရေးလေးကိုတည်ဆောက်ဖြစ်လိမ့်မယ်။ မင်းတို့နှစ်ယောက်ရဲ့တွေးခေါ်ပုံ၊ထင်မြင်ပုံတွေဟာလည်းတူညီနေလိမ့်မယ်။နေ့ရက်တိုင်း ပြောစရာစကားများစွာနဲ့ ခမ်းနားတဲ့Conversationတွေကို ဖန်တီးပြောဆိုဖြစ်မယ်။ တစ်ဖက်သူဟာ တစ်ခါတလေမှာတော့ ဒေါသကြီးတတ်ပါတယ်။

မင်းဟာAir Signတစ်ယောက်ဖြစ်ရင်မင်းရဲ့ဖူးစာရှင်ဟာ အလှအပအတော်လေးတပ်မက်တဲ့ သူမျိုးဖြစ်တယ်။ သူ့ရဲ့ပုံပန်းသွင်ပြင်၊၀တ်စားဆင်ယင်မှုကိုလည်း အတော်လေး ဂရုစိုက်တယ်။ နေထိုင်စားသောက်မှုမှာဆိုရင်လည်းအမြဲကျန်းမာစွာ နေထိုင်စားသောက်တတ်တဲ့သူမျိုးဖြစ်တယ်။ နောက်ပြီးတော့သူဟာ လူတွေအပေါ် အတော်လေး ဂရုဏာစိတ်ထားနိုင်တဲ့သူတစ်ဦးလည်းဖြစ်တယ်။ အားနာတတ်လေ့လည်း ရှိတယ်။တစ်ခါတလေမှာလည်းသူဟာ အတော်လေး သနားလွယ်တယ်။ ရုပ်ရည်ပိုင်းဆိုင်ရာမှာတော့ သူ့ရဲ့မျက်နှာမှာ မှဲ့လေးရှိနိုင်တယ်။ အကြည့်ခံတဲ့ မျက်နှာသွင်ပြင် မျိုးလည်းဖြစ်တယ်။ တစိမ့်စိမ့်ကြည့်လေ၊ ပိုဆွဲဆောင်မှုရှိလေပဲဖြစ်တယ်။ သူရဲ့ နဂို ဆံပင်အရောင်ကိုကအညိုရောင်လေးဘက်လည်းသွားလေ့ရှိတယ်။ ကိုယ်သင်းရနံ့အတော်လေးကောင်းမွန်ပြီRomanticဆန်တတ်တဲ့ သူမျိုးလည်းဖြစ်တယ်။ လက်ဆောင်လေးတွေပေးခြင်းအားဖြင့်ချစ်ခြင်းမေတ္တာကိုထုတ်ဖော်တတ်တဲ့ သူမျိုးလည်းဖြစ်တယ်။
Fire Sign -Aries,Leo and Sagittarius
Earth Sign-Taurus, Virgo and Capricorn
Water Sign-Cancer, Scorpio and Pisces
Air Sign-Gemini, Libra and Aquarius.

ရေးသားသူ – Warlocks’ Kingdom Co Ltd

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။