မြောင်၊ နဂါးပေါက်ရွာကို ညအချိန် မီးတင်ရှို့သည့် စစ်တပ် စစ်ကြောင်းကို CDSOM အဖွဲ့ ဝင်ရောက် တိုက်ခိုက် စစ်သား ၆ ဦးthay ဆုံး

Local News

မြောင်၊ နဂါးပေါက်ရွာကို ညအချိန် မီးတင်ရှို့သည့် စစ်တပ် စစ်ကြောင်းကို CDSOM အဖွဲ့ ဝင်ရောက် တိုက်ခိုက် စစ်သား ၆ ဦးthay ဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြောင်၊ နဂါးပေါက်ရွာကို ညအချိန် မီးတင်ရှို့သည့် စစ်တပ် စစ်ကြောင်းကို CDSOM အဖွဲ့ ဝင်ရောက် တိုက်ခိုက် စစ်သား ၆ ဦးthay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဂါးပေါက်ရွာကို ညအချိန် မီးတင်ရှို့နေသည့် စစ်တပ် စစ်ကြောင်း ဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးthay ဆုံးခဲ့ကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီကျော်ခန့်က မြောင်မြို့နယ်၊ နဂါးပေါက်ရွာကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CDSOM အဖွဲ့က ညတွင်းချင်း ကျေးရွာအတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ တပ်ပျက်ကာ စက်လှေမျေားပေါ်သို့တက်ပြေးစဥ် CDSOM အဖွဲ့မှ လိုက်လံတိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“မြောင်နယ် နဂါးပေါက်ရွာကို မီးရှို့တဲ့စစ်ကြောင်းကို ရွာအတွင်းဝင်တိုက်ခဲ့တယ်။ ရွာထဲမှာ ခွေး ၁ ကောင်ကျပြီး စက်လှေပေါ်မှ ခွေးများ ၅ ကောင်အနည်းဆုံးကျပါတယ်။စစ်ခွေးတွေဘက်ကနေပြီး မြစ်တစ်ဖက်ကမ်းက ၆၀ မမ ၁၀လုံး လှမ်းပစ်ပြီး သင်္ဘောပေါ်က စက်လတ်တွေနဲ့ ပစ်ကူကြပြီး ချက်ခြင်းသံခွံနှစ်စီးနဲ့ ခွေးများကိုတင်ကာ မြစ်အောက်ဘက်စုန်ဆင်းသွားပါတယ်။ မြင်းခြံကနေ နာရေးကား ၃ စီးနဲ့လည်း လာတင်သွာကြကြောင်း မြင်းခြံမှသတင်းပို့လာပါတယ်။ စစ်ခွေးတွေ မရှိတော့တ​ဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေက ရွာထဲကို ပြန်ဝင်ပြီး မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု မြောင်မြို့နယ် CDSOM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။