ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကိုဗစ်ကူးစက်လို့ ဂျီ ၂၀ အစည်းအဝေးကနေ လှည့်ပြန်ခဲ့ရ

International News Local News

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကိုဗစ်ကူးစက်လို့ ဂျီ ၂၀ အစည်းအဝေးကနေ လှည့်ပြန်ခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကိုဗစ်ကူးစက်လို့ ဂျီ ၂၀ အစည်းအဝေးကနေ လှည့်ပြန်ခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း နိုဝင်ဘာ ၁၄ ရက်မှာ တွေ့ရှိခဲ့တဲ့နောက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ ဂျီ ၂၀ အစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိဘဲ လှည့်ပြန်ခဲ့ရပါတယ်။

ဝန်ကြီးချုပ်ဟာ သူ ကိုဗစ်ကူးစက်ခံရတယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားအသိပေးခဲ့ပြီး နေ့စဥ် ကိုဗစ် ကူးစက်မှုရှိမရှိ သူ စစ်ဆေးကြောင်း၊ အင်ဒိုနီးရှားကို နိုဝင်ဘာ ၁၄ ရက်နေ့ရောက်ချိန်မှာ ထပ်မံစစ်ဆေးရာ ကိုဗစ် ပေါ့စစ်တစ်အဖြေထွက်ရှိကြောင်းနဲ့ ဒါကြောင့် သူ ကမ္ဘောဒီးယားကို ပြန်ခဲ့ကြောင်း ရေးသားအသိပေးထားပါတယ်။

သူ့မှာ ဘာလက္ခဏာမှလည်းမပြခဲ့ကြောင်းနဲ့ ကံကောင်းတာတစ်ခုက အင်ဒိုနီးရှားကို သူရောက်ရှိတဲ့အချိန် နောက်ကျခဲ့တာကြောင့် ပြင်သစ်သမ္မတ စီစဥ်တည်ခင်းတဲ့ ညစာစားပွဲကို မတက်ရောက်ခဲ့တာနဲ့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ကြမယ့် တခြားနိုင်ငံ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကိုရှေ့ရှုပြီး သူနဲ့ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ကို အင်ဒိုနီးရှားကနေ ပြန်လည်ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားဟာ အလှည့်ကျအာဆီယံဥက္ကဋ္ဌ ရာထူးကို အင်ဒိုနီးရှားထံ နိုဝင်ဘာ ၁၃ ရက်မှာ လွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။