အိုးကံ အိမ်ကံ တွက်နည်း

Astrology

အိုးကံ အိမ်ကံ တွက်နည်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိုးကံ အိမ်ကံ တွက်နည်း ဆိုတဲ့ဗေဒင်သတင်းလေးပဲ ဖြစ်ပါတယ်။

မိမိ ၏မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ( ၇ ) ဖြင့်စား။ အကြွင်း (၇) မျိူး ထွက်လာမည်။

(၁) ကြွင်းသော ခုနှစ်ရက် သား၊သမီး များသည် အိမ်ကြီး အိမ်ကောင်းများနှင့် အကျိူးပေး အားနည်းတတ် သည်။ မကြာခဏပြောင်းရွှေ့နေရတတ်သော သူများဖြစ်သည်။ တစ်နေရာ ထဲတွင် အခြေမချ ရတတ်ပါ။
အိမ်တွင် စွဲမြဲစွာနေလျှင် ကျန်းမာရေး ညံ့လာတတ်သည်။

(၂) ကြွင်းသော ခုနှစ်ရက်သား။
သမီးများသည် တော်ရုံ တန်ရုံ သူဋ္ဌေးပင် မနေနိုင်သော အိမ်ကြီး အိမ်ကောင်းဖြင့်နေထိုင် ရတတ်သည်။
ခမ်းနား ထည်ဝါသော အိမ်ကြီးများ တွင် နေရတတ်သည်။
ယခု အခြေ အနေတွင် ဆင်းရဲနေလျှင် ပင် အိမ်ကို သပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်း အားဖြင့် စီးပွားတက်လာနိုင်ပေ သည်။

(၃) ကြွင်းသော ခုနှစ်ရက် သား။
သမီး များသည် အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရ တတ်သည်။
အိမ်ကို မကြာခဏ အရောင် ၊ ဒီဇိုင်း၊ အနေအထား စသည်ဖြင့်ပြောင်းလဲပေးထားလေလေ ကံကောင်း စီးပွား တက်လေလေဖြစ်မည်။
အိမ် ကို အကြောင်းပြုကာ စီးပွား တက်တတ်သောကြောင့် အလုပ်နှင့် အိမ် ကို တွဲထားသင့်သည်။

(၄) ကြွင်းသော ခုနှစ်ရက်သာ။
သမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရတတ် သည်။
မထင်မှတ် ဘဲ အမွေရခြင်း၊ ထီပေါက်ခြင်း တို့ကြောင့် စီးပွားတက်ပြီး လည်းကောင်း ဆုရခြင်း၊ မဲပေါက်ခြင်း၊ လက်ဆောင် ရခြင်း ၊ ကြီးကဲ သူတို့ က ချီးမြှင့်ခြင်း တို့ကြောင့် လည်းကောင်း၊ အိမ်ကြီး အိမ်ကောင်းနှင့် နေ ထိုင်ရ တတ်လေ သည်။


(၅) ကြွင်းသော ခုနှစ်ရက် သားသမီး များသည် အိမ်ကြီး၊ အိမ်ကောင်းများနှင့် အကျိုးပေးအားနည်းတတ် သည်။
မကြာခဏပြောင်းရွှေ့နေထိုင်ရခြင်း၊ အိမ်မှာနေလျှင် အလုပ် များ အဆင်မပြေခြင်း၊ ပူပင်သောကများ ရခြင်းများ ကြုံရတတ်သည်။
အိမ်နှင့် အလုပ် ကို တွဲ မထားသင့် သူများ ဖြစ်ပေတော့သည်။

(၆) ကြွင်းသော ခုနှစ်ရက်သား၊ သမီးများ သည် အိမ်ကြီး အိမ်ကောင်းများနှင့်နေထိုင် ရတတ်သော သူ များ ဖြစ်ပေတော့သည်။
ထူးခြား ဆန်းပြားသော ပုံစံ ဒီဇိုင်းများနှင့် အိမ်များ တွင်နေထိုင်ရတတ်သည်။
အိမ်ကြီး အိမ်ကောင်းနှင့်နေပြီး စီးပွား တက် သည်။
တစ်စုံတစ်ရာ ထူးခြားနေသော အိမ်များတွင် နေရတတ် သည်။

( ၀ ) ကြွင်းသော ခုနှစ်ရက် သား၊သမီး များသည် အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရန် ကံနည်း တတ်သည်။အိမ်ကြီး အိမ်ကောင်း ပိုင်ဆိုင်လျှင် ပင် ထိုအိမ်တွင် အမြဲမနေရတတ်ပေ။
မိမိ မှာ အိမ်ပိုင် ပါလျှက်နှင့် အခြား တစ်ပါးတွင် သွားပြီး နေထိုင်ရတတ်သည်။
ဟိုမှာနေလိုက်၊ ဒီမှာနေလိုက် ဖြစ်နေရတတ်ပေသည်။
မည်သူမဆို အိမ်ကောင်းကောင်းတစ်လုံးလိုချင်ကြမှာပါ။
ဘဝမှာကံကောင်းသည်၊ဆိုးသည်ဖြစ်စေ ကြိုးစားရင်းနဲ့ရှင်သန်ကြပါ

#Credit
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုဗေဒင်သတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။