မုံရွာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားများနှင့် ပြည်သူများ ချီတက် ဆန္ဒပြ

Local News

မုံရွာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားများနှင့် ပြည်သူများ ချီတက် ဆန္ဒပြ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မုံရွာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားများနှင့် ပြည်သူများ ချီတက် ဆန္ဒပြ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် အမျိုးသားအောင်ပွဲ ၁၀၂ နှစ်ပြည့် လူထု့လှုပ်ရှားမှု အဖြစ် ကျောင်းသားများနှင့်ပြည်သူများက ယနေ့ ချီတက်ဆန္ဒပြကြသည်။
ဆန္ဒပြပွဲကို မုံရွာတော်လှန်လူငယ်များကွန်ရက်၊ မုံရွာလူငယ်များစည်းရုံး နှင့် မုံရွာမြို့နယ် အခြေခံပညာကျောင်း သားများသမဂ္ဂ တို့ပူးပေါင်း ချီတက် ကြ ခြင်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ယနေ့ထက်တိုင်မုံရွာ မြို့ လမ်းမ ပေါ်တွင်ချီတက်ဆဲ ဖြစ်သည်။

“ပြည်သူတွေပါမှ အောင်နိုင်မှာဖြစ်တဲ့ နွေဦးတော်လှန်ရေးကို ပြည်သူလူထု တစ်ရပ် လုံးက အာဏာရှင်စနစ်ကို တိုက်ပွဲဝင်မှသာ သားစဥ်မြေးဆက်ဘဝဟာ သာယာမှာဖြစ်ပြီး ပြည်သူမှ ပြည်သူကူညီကာ ရှေ့လျှောက်ကြုံလာမယ့် စစ် ရေး နိုင်ငံရေးကို လူထုအင်အားနဲ့ တိုက်ပွဲဝင်သွားမယ်ဆိုရင်ဖြင့် လူထု မျှော် ရည် တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆီ ရောက်ရှိ နိုင် မှာဖြစ် ပါတယ်။ လူထုရဲ့တော်လှန်မှုနဲ့ ပြည်သူ့အောင်လံကို လွှင့်ထူကြပါစို့။ ပြည်သူ့ အရေး တော်ပုံ မုချအောင်ရမည်” ဟု တော်လှန်ရေးအင်အားစုများက အသိပေး ထုတ် ပြန်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။