စစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင် မြောက်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၂ လုံးပြာကျပြီး ပြည်သူ ၁ ဦး ပျောက်ဆုံးနေ

Local News

စစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင် မြောက်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၂ လုံးပြာကျပြီး ပြည်သူ ၁ ဦး ပျောက်ဆုံးနေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင် မြောက်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၂ လုံးပြာကျပြီး ပြည်သူ ၁ ဦး ပျောက်ဆုံးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင် မြောက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၂ လုံးပြာကျခဲ့ကြောင်း Wetlet informational network အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မြေသြဇာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စဥ့်ကိုင် မြောက်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၂ လုံး မီးလောင်ပြာကျခဲ့​ကာ ဒေသခံ ပြည်သူ ၁ ဦးလည်း ပျောက်ဆုံးနေ​ကြောင်း သိရသည်။


” စစ်ခွေးတွေ မီးရှို့တာက နိုဝင်ဘာလ ၁၇ ရက်နေ့က ရှို့တာ စဥ့်ကိုင်မြောက်ရွာက အိမ်ခြေ ၁၂ လုံး မီးလောင်ပြာကျသွားတယ်။ ဒေသခံ ပြည်သူ ၁ ဦးလည်း ပျောက်ဆုံးနေတယ်။ စဥ့်ကိုင် တောင်ရွာ ကိုလည်း ရှို့တယ်လို့ပြောတယ်။ အဲဘက်ခြမ်းက အခြေအနေကတော့ အတည်မပြုနိုင်သေးဘူး” ဟု Wetlet informational network အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မြေသြဇာက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက်နှင့် စစ်ကိုင်းမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။


နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် ရှိမ်းမကားရွာကို ညအချိန် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထန်းကြီးရွာ၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျောက်ဖြူရွာ၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အုန်းသဇင်ရွာ၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စဥ့်ကိုင် တောင်ရွာနှင့် မြောက်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တလိုင်းရွာနှင့် တောင်ရင်းရွာတို့ကို ဝင်ရောက် မွှေနှောက် မီးရှို့နေခြင်းဖြစ်ပြီး သောင်းနဲ့ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်​ပြေးနေရကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။