Tarot-Decans

Astrology

“Decans”
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”Decans” ဆိုတဲ့12 zodiac signs တားရော့သတင်းလေးပဲ ဖြစ်ပါတယ်။

“Decans”

Ellie တို့အလွယ်ပြောကြတဲ့ December Capricorn နဲ့ January Capricorn ၊ July နဲ့ August Leo စသဖြင့် Sun Sign ချင်းအတူတူတောင် Traits တွေ ကွာကြတယ်ဆိုတာမျိုးကို Astrology အရပိုပြီးမှန်ကန်တဲ့နည်းနဲ့ပြောရရင် အခုပြောမယ့် Decans တွေကို မေ့ထားလို့မရပါဘူး ။ Sun Sign တစ်မျိုးထဲနဲ့ ခွဲခြမ်းပြတယ်ဆိုတာ လူတစ်ယောက်အကြောင်းကို ဆယ်ပုံတစ်ပုံလောက်ပဲယေဘုယျ ပြောနိုင်တာပါ ။

အခုလည်း အနည်းငယ်လေးပိုပြီးထဲထဲဝင်ဝင် ကြည့်ကြည့်ကြမယ် ။ စာသင်ပေးမှာမဟုတ်တာမို့ တိုတိုနဲ့လိုရင်းပဲပြောပေးသွားမယ်နော် ။(ရာသီခွင်အားလုံးအတွက်ပါပါတယ် ၊ စာအရှည်မရေးရတာကြာလို့ ကိုယ့်ရာသီခွင်ကိုကျော်ဖတ်ပေးနော်)

အကြမ်းဖျဥ်းပြောရရင် ရာသီခွင်(၁၂)ခုမှာ တစ်ခုစီကို(၃၀)ဒီဂရီပိုင်ထားတာမို့ စုစုပေါင်း(၃၆၀)ဒီဂရီလို့ ပြောလို့ရပါတယ် ။ Decan သုံးမျိုးရှိတယ် ။ ရာသီခွင်တစ်ခုကို Decan သုံးခုစီနဲ့ တစ်ခုစီမှာ (၁၀)ဒီဂရီစီပါ ။ သက်ဆိုင်ရာရာသီခွင်ရဲ့ ပထမဆယ်ရက်အတွင်းမွေးရင် First Decan ၊ ဒုတိယဆယ်ရက်အတွင်းဆို Second Decan ၊ နောက်ဆုံးဆယ်ရက်ဆို Third Decan ပေါ့ ။

First Decan ကတော့ရှင်းတယ် ၊ ပျဥ်းမျှပထမဆယ်ရက်အတွင်းမွေးတဲ့သူက Aries ဆိုရင် ကိုယ်ပိုင် Planet ဖြစ်တဲ့ Mars ရဲ့စိုးမိုးမှု အပြည့်အဝရထားတယ် ။ Second Decan ကသိပ်မရိုးရှင်းတော့ဘူး ၊ သူ့အလှည့်ကျ ကိုယ်က Air Sign လား Fire, Water လား Earth ဆိုတာကိုလိုက်ပြီး ပြန်ကြည့်ရတယ် ။ ဥပမာ- ကိုယ်က အကြမ်းဖျဥ်းအားဖြင့် March (၃၁)ကနေ April (၉)ရက်အတွင်းမွေးတဲ့သူဆိုရင် Aries ပြီးလာတဲ့နောက်ထပ် Fire Sign က Leo ၊ ဒါဆို Second Decan ကိုစိုးမိုးမှုမှာ Leo ရဲ့ Ruling Planet ဖြစ်တဲ့ Sun Quality တွေတချို့တဝက်ပါဝင်လာပါပြီ ။ Third Decan ဆိုလည်း ဒီလိုပဲ ။ Leo ပြီးလာတဲ့ နောက်ထပ် Fire Sign က Sagittarius ၊ ဒီအတွက် Third Decan မှာ Mars အပြင် Jupiter ရဲ့စိုးမိုးမှုပါရှိတယ်လို့ တွက်လို့ရပါတယ် ။

Aries – Ruling Planet Mars

Mars ရဲ့စိုးမိုးမှုအောက်မှာ Aries ရာသီခွင်တွေက ပြိုင်ချင်နိုင်ချင်တယ် ၊ ယုံကြည်ချက်ရှိတယ် ၊ အမှီအခိုကင်း ၊ ရည်မှန်းချက်ကြီးတယ်လို့ အလွယ်ပြောရမယ် ။
1st Decan (Mar 21 – Mar 30) – ဒါကတော့ Aries Decan စစ်စစ် ၊ အပေါ်မှာရေးခဲ့တဲ့ Aries ရဲ့ကိုယ်ပိုင် Traits တွေ အများဆုံးပိုင်ထားတဲ့အဖွဲ့ပါ ။
2nd Decan (Mar 30 – Apr 9) – သူကတော့ Leo Decan ဖြစ်လာပြီမို့ Mars ကိုမှ Sun Quality တွေပါရထားတယ် ။ ပိုပြီးယုံကြည်ချက်ပြင်းတတ်သလို ပိုပြီးလည်း Attention မက်တယ် ။ အောင်မြင်ချင်တယ် အသာရချင်တယ် အပေးအကမ်းရက်ရော ကူညီတတ် ၊ အနည်းနဲ့အများ အနိုင်ယူတတ်သွားနိုင်ပါတယ် ။
3rd Decan (Apr 10 – Apr 19) – သူကတော့ Sagittarius Decan လို့ခေါ်ရမယ် ။ Jupiter နဲ့ Mars သက်ရောက်မှုအောက်မှာ ပိုပြီးစိတ်လွတ်လပ်မှုကို ကြိုက်လာတယ် ။ အကောင်းမြင်စိတ်များတယ် ၊ အတွေးအခေါ်ဖက်အားသန် ၊ ပညာရှင်ဖြစ်ဖို့ အားသာလာပါတယ် ။

Taurus – Ruling Planet Venus
Venus စိုးမိုးတဲ့ Taurus တွေက ငွေကြေး ၊ သာယာမှု ၊ Comfort ဖြစ်တာလေးတွေကြိုက်တယ် ။ လှတာ စျေးကြီးတာတွေမက်တယ် ၊ သူတို့ကြိုးစားရခြင်းအကြောင်းက အကောင်းဆုံးနေထိုင်နိုင်ဖို့လို့ ပြောရမယ် ။
1st Decan (Apr 20 – Apr 29) – သူကတော့ ထုံးစံအတိုင်း Taurus Decan ဖြစ်တာမို့ Taurus စစ်စစ်လို့ အလွယ်မှတ်လို့ရပါတယ် ။
2nd Decan (Apr 30 – May 9) – သူကတော့ Virgo Decan ပါ ၊ Mercury အငွေ့အသက်တွေပါနေတတ်တယ် ။ ပိုထက်တယ် ၊ ပိုအသေးစိတ်တယ် ၊ ပိုလည်း အတွေးလွန်တတ်ပါတယ် ။
3rd Decan (May 10 – May 19) – Saturn တစ်ချို့တစ်ဝက်ပါလာတဲ့ Capricorn Decan ဖြစ်တာကြောင့် ပိုပြီးကြိုးစားတယ် ၊ ရည်မှန်းချက်ပိုကြီးတတ်တယ် ၊ ကိုယ့်နာမည်တစ်လုံးကို ပိုပြီး Serious ဖြစ်တတ်ပါတယ် ။

Gemini – Ruling Planet Mercury
Mercury အောက်မှာရှိတဲ့ Gemini တွေအနေနဲ့ စူးစမ်းတယ် ၊ သိချင်တတ်ချင် စမ်းသပ်ချင်တယ် ။ စိတ်များတယ် ၊ စိန်ခေါ်မှုအသစ် အတွေ့အကြုံအသစ် အချက်အလက်အသစ်တွေ နေရာအသစ်တွေအတွက် Excited ဖြစ်နေတာများပါတယ် ။
1st Decan (May 21 – May 30) – Gemini Decan ပါ ၊ Gemini စစ်စစ်တွေပေါ့ ။
2nd Decan (May 31 – Jun 9) – Libra Decan ပါ ၊ Mercury အပြင် Venus သက်ရောက်မှုလည်းရှိလာတယ် ။ အလှအပပိုကြိုက်တာ ၊ ပစ္စည်းပိုမက်တာမျိုးရှိတတ်တယ် ။ ငွေမက်တယ်ဆိုတာထက် ချမ်းသာပြည့်စုံတဲ့ဘဝနဲ့ပိုကိုက်လို့ ပိုလည်းကြိုးစားတယ် ၊ ပိုလည်းချစ်ခင်တတ်ပါတယ် ။
3rd Decan (Jun 10 – Jun 20) – Aquarius Decan ဖြစ်တာမို့ Uranus Quality အနည်းငယ်ပါဝင်လာတယ် ။ တစ်ကိုယ်ထဲသမား ၊ Proud to be Single တွေပိုများတယ် ။ မတူတဲ့အကြံဥာဏ်တွေ ၊ ဖြေရှင်းနည်းတွေ ပိုင်ထားတတ်ပါတယ် ။

Cancer – Ruling Planet Moon
Moon စိုးမိုးမှုအောက်ရှိတာမို့ Cancer တစ်ယောက်ဖြစ်တယ်ဆို ချစ်ခင်တတ်တယ် ၊ ဂရုစိုက်ပြုစုပျိုးထောင်ပေးတတ်တယ် ၊ နက်နက်ရှိုင်းရှိုင်းခံစားတာ ၊ ကိုယ်တိုင်ရော ချစ်ရသူတွေရောရဲ့ စိတ်လုံခြုံမှုကိုအသားပေးတာမျိုး ရှိပါတယ် ။
1st Decan (Jun 21 – Jun 30) – ဒါကတော့ Cancer Decan စစ်စစ်အဖွဲ့ပါ ။
2nd Decan (Jul 1 – Jul 10) – Scorpio Decan ၊ Pluto ရဲ့အားအင်တစ်ချို့ရောနှောလာပြီး ပိုပြီး Introvert ဖြစ်ဖို့ Chance များတယ် ၊ အထအနပိုကောက်တာ ၊ အဆုံးထိလိုက်တွေးတာရှိသလို သေးသေးဖွဲဖွဲလေးကအစ လိုက်ကြည့်ဂရုစိုက်ပေးတတ်ပါတယ် ။
3rd Decan (Jul 11 – Jul 22) – Pisces Decan ၊ Neptune Quality ထည့်တွက်ရတာမို့ ပိုပြီးစိတ်ကူးယဥ်တာ ၊ အနုပညာကြိုက်တတ်တာမျိုးရှိတယ် ။ စိတ်ကျင့်စဥ်တွေ ၊ ဘာသာရေးတွေနဲ့လည်း ပိုပြီးနီးစပ်နိုင်ပါတယ် ။

Leo – Ruling Planet Sun
Leo Quality တွေဖြစ်တဲ့ ယုံကြည်ချက် ၊ တောက်ပမှု ၊ ရောက်တဲ့နေရာကို ပိုပြီးအသက်ဝင်လာအောင် အလင်းရောင်ပေးနိုင်စွမ်းတွေ ရှိထားပါတယ် ။
1st Decan (Jul 23 – Aug 1) – Leo Traits တွေအပြည့်အဝရှိတတ်တဲ့ အုပ်စုပါ ။
2nd Decan (Aug 2 – Aug 11) – Sagittarius Decan ၊ Jupiter စွမ်းအားတချို့ပေါင်းစပ်မှုကနေ ပိုပြန့်ကားတဲ့တောက်ပမှု ၊ အလင်းပေးနိုင်စွမ်းရှိတယ်လို့ အလွယ်ယူလို့ရပါတယ် ။ ပိုခင်တတ် ပိုပျော်တတ် ၊ အတွေးထူးခြားတတ်တယ် ။ အရမ်းတော်သွားနိုင်သလို သူ့အကြောင်းမသိခင်တော့ နားလည်ဖို့ခက်ခဲတတ်ပါတယ် ။
3rd Decan (Aug 12 – Aug 22) – Aries Decan ၊ Mars က Secondary Ruler ဖြစ်နေတာမို့ သိပ်အောင်မြင်တတ်သလို သိပ်လည်းစိတ်ကြီးသွားတတ်တယ် ။ အင်တိုက်အားတိုက်ကြိုးစားဖို့များတယ် ၊ ပြိုင်ဆိုင်မှုကြီးနိုင်ပါတယ် ။

constellations of zodiac signs drawn in chalk and sequins in the form of a check on a chalkboard collage

Virgo – Ruling Planet Mercury
အသေးစိတ်သမားတွေ ၊ ထဲထဲဝင်ဝင်သမားတွေ ၊ သေသပ်မှု ၊ စနစ်ကျမှုနဲ့ အရည်အချင်းရှိတာ ၊ အတွေးအခါ်မြင့်မားမှုကို ပိုကြိုက်တတ်တဲ့သူတွေပေါ့ ။
1st Decan (Aug 23 – Sep 1) – Virgo Decan ၊ Virgo စစ်စစ်တွေပါ ။
2nd Decan (Sep 2 – Sep 11) – Capricorn Decan ၊ Saturn သက်ရောက်မှုတချို့တဝက်ကြောင့် ပိုအောက်ခြေခိုင်တယ် ၊ ဘဝသိတယ် ၊ ခေါင်းမမာသလိုလိုနဲ့ ခေါင်းမာကြသလို ရင့်ကျက်မှုကို ပိုတန်ဖိုးထား ၊ ပိုပြီးလက်တွေ့ကျ ရည်မှန်းချက်ခိုင်မာတတ်ကြပါတယ် ။
3rd Decan (Sep 12 – Sep 22) – Taurus Decan ၊ Venus ရဲ့ပါဝင်ပတ်သက်မှုကြောင့် ဆွဲဆောင်မှုရှိအောင်နေတတ်သလို ပစ္စည်းကောင်း ၊ စျေးကြီးတာလေးတွေ ပိုမက်တယ် ။ ကြိုးစားတာချင်းတော့အတူတူပါပဲ ။ ပိုပြီးပစိပစပ်များတတ်တယ် ၊ ပိုပြီးလည်း အကဲခတ်နိုင်ပါတယ် ။

Libra – Ruling Planet Venus
ချစ်တတ်ခင်တယ် ၊ ရိုမန်တစ်တတ်ပြီး အဖက်ဖက်မျှတွေး ၊ တရားနည်းလမ်းကျဖို့ကြိုးစား ၊ လူတိုင်းကိုပျော်နေတာပဲ မြင်ချင်တဲ့အဖွဲ့ပါ ။
1st Decan (Sep 23 – Oct 2) – Libra Decan စစ်စစ်ပါ ။
2nd Decan (Oct 3 – Oct 12) – Aquarius Decan ၊ Libra ထဲမှာကိုမှ Uranus စွမ်းအားအချို့ကြောင့် မတူတဲ့အတွေးတွေ အကြံဥာဏ်တွေရှိတယ် ။ တစ်ယောက်တစ်မျိုးစီ ပိုပြီး Unique ဖြစ်တတ်ပါတယ် ။
3rd Decan (Oct 13 – Oct 22) – Gemini Decan ၊ Mercury ပါဝင်မှုကြောင့် ပိုပြီးစကားအပြောအဆိုအားသာ ၊ အတွေးအခေါ်အားကောင်း ၊ ပိုပြီးလည်း Flirt တတ် ၊ ဂယက်ထနိုင်ပါတယ် ။

Scorpio – Ruling Planet Pluto
နက်နက်ရှိုင်းရှိုင်းအတွေးတွေ ၊ အတွင်းကျကျသိချင် ရင်းနှီးချင်မှုတွေ ၊ လျို့ဝှက်ချက်တစ်ခုအမြဲရှိတတ်ပေမယ့် ဒါကိုကပဲ ပိုပြီးစိတ်ဝင်စားဖို့ကောင်း ၊ စိတ်လှုပ်ရှားဖို့ကောင်းနေတဲ့အဖွဲ့ပါ ။
1st Decan (Oct 23 – Nov 1) – Scorpio စစ်စစ်တွေပါ ။
2nd Decan (Nov 2 – Nov 11) – Pisces Decan ၊ Pluto အပြင် Neptune သက်ရောက်မှုအချို့ကြောင့် ထူးခြားတဲ့အမြင်တွေ ၊ စိတ်ကူးယဥ်ဆန်မှုလေးတွေရှိလာမယ် ။ စိတ်များတာ ၊ အပြောင်းအလဲများတာလေးတော့ ရှိတတ်တယ် ။
3rd Decan (Nov 12 – Nov 21) – Cancer Decan ၊ Moon က Secondary Ruler ဖြစ်နေတာမို့ ပိုပြီးအထအနကောက် ထိရှလွယ်တတ်တယ် ၊ ပိုပြီးချစ်ပေးတတ် ၊ ခွင့်လွှတ်နားလည်ပြီး Caring လုပ်ပေးနိုင်ပါတယ် ။

Sagittarius – Ruling Planet Jupiter
စိတ်လွတ်လပ်မှုကြိုက်တတ်သူ ၊ အတွေ့အကြုံအသစ်တွေ ၊ စိတ်လှုပ်ရှားစရာလေးတွေကို မျှော်နေတတ်တဲ့ အကောင်းမြင်သမားတွေလို့ အလွယ်ပြောရမယ် ။
1st Decan (Nov 22 – Dec 1) – Sagi Decan ၊ ရေမရောတဲ့ Sagittarius တွေပါ ။
2nd Decan (Dec 2 – Dec 11) – Aries Decan ၊ Jupiter ကိုမှ Mars ရဲ့အားအင်အချို့ကြောင့် အနည်းနဲ့အများတော့ပိုစိတ်ကြီး ၊ ပိုနိုင်ချင်တတ်တယ် ။ ယုံကြည်ချက်လည်းပိုခိုင်မာသလို ဖြစ်ချင်တာကိုရယူနိုင်စွမ်းတွေ အားကောင်းနေပါတယ် ။
3rd Decan (Dec 12 – Dec 21) – Leo Decan ၊ Sun ရဲ့အလင်းအားကြောင့် ပိုပြီးနှစ်လိုဖွယ်ကောင်း ၊ Extrovert ပိုဆန်တယ် ။ အကောင်းမြင်စိတ်အပြင် အားအင်တွေပြည့်လျံနေတာမို့ ဖြစ်ချင်တာကို Risk ယူပြီးလုပ်တတ်ကြပါတယ် ။

Capricorn – Ruling Planet Saturn
ရည်ရွယ်ချက် ၊ ရည်မှန်းချက် ၊ လက်တွေ့ကျမှုတွေနဲ့ စည်းကမ်းရှိတဲ့သူတွေပါ ။ အောင်မြင်ချင်တယ်ဆိုတာထက် မြင့်သထက်မြင့်တဲ့အရာတွေကို ကျော်လွန်ချင်တဲ့တောင်ဆိတ်တွေပေါ့ ။
1st Decan (Dec 22 – Dec 31) – Capricorn Traits ပြည့်ဝသူတွေပါ ။
2nd Decan (Jan 1 – Jan 10) – Taurus Decan ၊ Venus စွမ်းအားအချို့ကြောင့် ဒီအဖွဲ့ကပိုပြီးအပြင်ပန်းလှပမှုကို ဂရုစိုက် ၊ သဘောကျတတ်တယ် ။ ပိုပြီး Romance ဖက်ရောက်သလို ပိုပြီးစီးမျောတတ် ၊ နေချင်တဲ့ဘဝနဲ့ Reality ကြား ဗျာများရတဲ့ပြသနာမျိုး ကျော်ဖြတ်ရဖို့များပါတယ် ။
3nd Decan (Jan 11 – Jan 19) – Virgo Decan ၊ Mercury ပါဝင်ပတ်သက်မှုမှာ အတွေးအခေါ် ၊ ဦးနှောက်သုံးရတဲ့ဖက်တွေဖက် ပိုရောက်သွားတတ်တယ် ။ တွေးရုံမဟုတ် ဖြစ်အောင်လည်းလုပ်ယူနိုင်တယ် ။ 1st Decan က Balanced သမားဆို ၊ 2nd က အချစ်သမား ၊ အခု 3rd ကအတွေးသမားလို့အလွယ်ပြောရမယ် ။

Aquarius – Ruling Planet Uranus
အနည်းနဲ့အများ သီးသန့်ဆန် ၊ ကိုယ့်အတွေးနဲ့ကိုယ်နေတတ်ကြတဲ့အုပ်စုပေါ့ ။ Out of the Box အမြဲတွေးတယ် ၊ သာမန်ထက်စာရင် ထူးခြားတဲ့ဘဝလမ်းကြောင်းတွေ ပိုကြိုက်တတ်ပါတယ် ။
1st Decan (Jan 20 – Jan 29) – Aquarius Quality များပြားသူတွေပါ ။
2nd Decan (Jan 30 – Feb 8 ) – Gemini Decan ၊ Mercury ရဲ့သွယ်ဝိုက်ထိစပ်မှုမှာ Aquarius တွေတွေးတယ်ဆိုတာထက် ပိုပြီးတွေးလာတယ် ၊ ပိုပြီးလည်း သိချင်တတ်ချင် တစ်ခုခုလုပ်နေချင်တယ် ။ အမေးအမြန်းထူတာ စကားများတာလည်း ရှိလာတတ်ပါတယ် ။
3rd Decan (Feb 9 – Feb 18) – Libra Decan ၊ Venus လက်ချက်တွေပါဝင်လာပြီမို့လို့ ပိုပြီးအလှအပမက် ၊ စည်းစိမ်ခံစားတတ်လာတယ် ။ တခြား Aquarius တွေထက်စာရင် ချစ်ခင်ရသူတွေကိုပိုပြီး ရှေးရှုနိုင်ပါတယ် ။

Pisces – Ruling Planet Neptune
ချစ်ခင်တတ် ၊ ခံစားတတ် ၊ စိတ်ကူးယဥ်ဆန်တတ်သလို ရောက်တဲ့နေရာတွေ့တဲ့လူကို ချစ်ခင်အောင် ပျော်ဝင်သွားအောင် ဆွဲဆောင်ယူနိုင်သူတွေပါ ။
1st Decan (Feb 19 – Feb 28) – Pisces Decan စစ်စစ်ပါ ။
2nd Decan (Mar 1 – Mar 10) – Cancer Decan ၊ Neptune ကိုမှ Moon ပါလာတာမို့ ပိုပြီးထိရှလွယ်နိုင်သလို ၊ ပိုပြီးလည်း စိတ်စွမ်းအင်များပြားတာ ၊ ချစ်ခင်ကြင်နာ သာမန် Pisces တွေအမ်းတာထက်ကို အမ်းပေးချင်တာမျိုးရှိနိုင်ပါတယ် ။
3rd Decan (Mar 11 – Mar 20) – Scorpio Decan ၊ Pluto က Secondary Ruler ဖြစ်နေတာရဲ့အနောက်မှာ သာမန် Pisces တွေကြိုးစားတာထက် သူကစနစ်တကျအကွက်ချပြီး အောင်မြင်တဲ့လမ်းကိုသွားတတ်တယ် ။ ပိုပြီးစိုးမိုးမှုအားကောင်းသလို Manipulative ဖြစ်နိုင်ပါတယ် ။
*** ဒါတွေကတော့ Sun Sign တစ်ခုထဲကြည့်တာထက်စာရင် ပိုပြီးကိုက်ညီမှုများလို့ ရေးပေးဖြစ်တာပါ ။ ကိုယ့်မှာ ဒီလို Quality မျိုးရှိတတ်တယ်ဆိုတာကလွဲရင် ဒီဂြိုဟ်နှစ်ခုပဲစိုးမိုးတယ်လို့တော့ မခံယူစေချင်ဘူးနော် ။ အလွယ်ကြည့်တဲ့နည်းပဲဖြစ်ပြီး အသေးစိတ်ကြည့်တဲ့နေရာမသုံးကြပါဘူး ၊ ဘာလို့ဆို Natal Chart တစ်ခုလုံးမှာ အနည်းအများပဲကွာမယ် စွမ်းအင်တွေအကုန်ကိုယ့်မှာရှိနေပါတယ် ။ စိုးမိုးမှုများတဲ့အရာတွေတော့ ရှိတယ် ၊ ဒီနည်းတစ်ခုနဲ့ယတိပြတ်ယူမရနိုင်တာ သတိချပ်ဖို့ပါ ၊ Everyone is Unique ပါ ။ December/January Capricorn ဆိုတာမျိုးထက်စာရင် ပိုပြီးအသေးစိတ်ကျတဲ့ ယေဘုယျပြောနည်းဖြစ်ပါတယ်

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုတားရော့သတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။