လွန်စွာမှ အစွမ်းထက်သော ဆီမီးပူဇော်နည်းများ

Astrology Religion
လွန်စွာမှ အစွမ်းထက်သော ဆီမီးပူဇော်နည်းများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လွန်စွာမှ အစွမ်းထက်သော ဆီမီးပူဇော်နည်းများ
ဆိုတဲ့ယတြာသတင်းလေးပဲ ဖြစ်ပါတယ်။

လွန်စွာမှ အစွမ်းထက်သော ဆီမီးပူဇော်နည်းများ
ထောပတ်ဆီမီးပူဇော်နည်း..နှမ်းဆီမီးပူဇော်နည်း ပရုပ်ပြား ပူဇော်နည်းများ ပြန်လဲ မျှဝေပါသည်
ငွေအင်မတန် ဝင်စေသော နည်းလမ်းလေး မျှဝေပေးချင်လို့ပါ ။ ဘာနည်းလမ်းလေးလဲဆိုတော့ အထွဋ်အမြတ်ထားရာ မြတ်စွာ ဘုရားရှင်ကို ဆီမီး တနည်းအားဖြင့် တေဇော ဓာတ်ဖြင့် ပူဇော်နည်းလေးပါပဲ
ပူဇော်နည်းက ၃ မျိုး ရှိပါတယ် ။ တပြိုင်နက်ထဲ ၃ မျိုးလုံး ပူဇော်လို့ရသလို မိမိနှစ်သက်ရာ တမျိုး ထဲ ပဲ ပူဇော်လို့ရပါတယ်
နည်း ( ၁)
ပထမတစ်နည်းကတော့ သက်ရှိထင်ရှားမြတ်စွာဘုရားရှင်ကို ရည်စူးပြီး နှမ်းဆီ စစ်စစ်နဲ့ ဆီမီးပူဇော်ခြင်းပဲ ဖြစ်ပါတယ် ။ရန် အတိုက်အခိုက် မနာလို ၊ ဂုံးတိုက် ၊ အနှောင့်ယှက်ရန်က ကင်းဝေးစေပြီး ကံကြမ္မာကို ပွင့်လန်း စေပါတယ် မျက်နှာပွင့်စေပါတယ်
နည်း ( ၂)
ဒုတိယ နည်းကတော့ ဆီဦးထောပတ် နဲ့ မွန်မွန်မြတ်မြတ် ပူဇော်ခြင်းပဲ ဖြစ်ပါတယ် ။သူကတော့အဓိက လာဘ်လာဘ အတွက်ပါ ။
ဖော်ပြပါ နည်း ၂ မျိုးလုံးကို ၂၄ နာရီလုံး ပူဇော်ထားလို့ ရပါတယ် ။ ပူဇော်တာ အရှိန် ရလာတာနဲ့ သိသိသာသာ အဆင်ပြေလာတာ လက်တွေ့သိလာမှာပါ။( မီးရေး ထင်းရေး တော့ သေသေချာချာ ဂရု ပြုပေးဖို့ လိုပါမယ်ရှင့်)
နည်း ( ၃)
နောက်ဆုံး တနည်းကတော့ ပရုပ်ပြားနှင့် ပူဇော်ခြင်း ဖြစ်ပါတယ် ။
တစ်ခုရှိတာက အင်္ကျီ တွေ ထဲ ထည့်တဲ့ ပရုပ်လုံး လုံးဝ ( လုံးဝ)  မဟုတ်ပါဘူးနော် ။ဘုရားမီးပူဇော်တဲ့ ပရုပ်ပြား ပါ ။ ပူဇော်နည်း ။ ရှေးဦးစွာ ကြေးခွက် ထဲမှာ ဆန် ကို လက်တစ်ဆုပ် သာသာ ထည့်ပါ ။၄င်း ပေါ်ကနေ ပရုပ်ပြား မိမိပူဇော်လို သလောက်ထည့်ပြီး မီးညှိလိုက်တာနဲ့ ချက်ခြင်း မီးတောက်ပါတယ် ။ ဂရုစိုက်ရမှာလေးတစ်ခုက မီးတောက် ကကြီးပြီး ချက်ခြင်း ငြိမ်းပါတယ် ။ မီးတောက်ကြီးလို့ ကြေးခွက်က အဝ ကြီးပြီး ထူ ရင် ပို အဆင်ပြေစေပါတယ်
၇ရက်သားသမီး မိတ်ဆွေ ထမင်းရှင် ကျေးဇူးရှင်များကအတိုက်အခိုက်အနှောင့်အယှက်များစွာ ကို အမြဲလိုလိုရင်ဆိုင်ဖြေရှင်းနေရခြင်းများကြောင့်  သောကရောက် စိတ်ပျက်နေရသူများအတွက် ရည်ရွယ်၍  ဆရာဦးမင်းနိုင်   သင်ကြားပေးသည့် အင်မတန်တန်ဖိုးရှိသောပညာရပ်ထဲမှ လွယ်ကူရိုးရှင်းပြီး တကယ်လုပ် အဟုတ်အဆင်ပြေအောင်မြင်စေရမည့် ယတြာအစီရင်များစွာထဲမှ အတိုက်ကင်းရှင်းစေသည့်
နည်းလမ်းကောင်း(၃)မျိုးကိုဒါနပြု မျှဝေပေးလိုက်ပါတယ်
ရေးသားသူ – Crd
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုဗေဒင်ယတြးလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။