ဒီမိုကရေစီအရေး ဦးဆောင်လမ်းညွှန်သူ ရွှေညဝါဆရာတော် ဆွမ်းခံကြွမှု ပြည်သူများစွာ ဆွမ်းထွက်လောင်း

Local News

ဒီမိုကရေစီအရေး ဦးဆောင်လမ်းညွှန်သူ ရွှေညဝါဆရာတော် ဆွမ်းခံကြွမှု ပြည်သူများစွာ ဆွမ်းထွက်လောင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒီမိုကရေစီအရေး ဦးဆောင်လမ်းညွှန်သူ ရွှေညဝါဆရာတော် ဆွမ်းခံကြွမှု ပြည်သူများစွာ ဆွမ်းထွက်လောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၉

အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားရာမှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြန်လည် လွှတ်ပေးလိုက်သည့် ရွှေညဝါဆရာတော်ကြီးသည် ယနေ့ ရန်ကုန်၊ လှည်းတန်းဘက်သို့ ဆွမ်းခံကြွပြီး ပြည်သူများစွာ ဆွမ်းလောင်း ထွက်ကြသည်ဟု သိရှိရသည်။


ယနေ့ နံနက်ပိုင်း လှည်းတန်းစျေး၊ လှည်းတန်းပတ်ဝန်းကျင်သို့ ဆရာတော် ကြီးက ဆွမ်းခံကျရာတွင် ပြည်သူများက ဆရာတော်ကြီးကို နှုတ်ဆက်ကြပြီး အားပါးတရ ဆွမ်းလောင်းလှူကြခြင်းဖြစ်ကြောင်း၊ ဆရာတော်ကြီးသည် ဘေးနားတွင် ကူညီဖေးမသူများဖြင့် ဆွမ်းခံထွက်ကြောင်း သိရှိရသည်။
“ဆရာတော်ကြီးကြည့်ရတာ သိပ်တော့ ကျန်းမာပုံမရပေမယ့် အကူနဲ့ ဆွမ်းခံထွက်လာတယ်။ ခြေထောက်တွေ ဖောနေတာတွေ့ပါတယ်။ စိတ်ဓာတ်ကတော့ ခိုင်ခိုင်မာမာပဲ ။ ဒကာဒကာမတွေကို နှုတ်ဆက်တယ်။ ဆွမ်းခံထွက်လာတယ်။ ဆရာတော်ကို ပြန်တွေ့ရတာ အင်မတန်မှ ဝမ်းသာပါတယ်။ ဆရာတော်သက်တော်ရာကျော်ရှည်ဖို့ ပြည်သူတွေက ဆုတောင်းကြတယ်။ ဆရာတော်ကလည်း ပြည်သူတွေကို ဆုတွေ ပြန်ပေးတယ်” ဟု ဆွမ်းလောင်းလှူခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ထင်ရှားသော နိုင်ငံရေးအကျဉ်းသား ၇၂ ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီး ယင်းတို့ထဲတွင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ဒေါက်တာမျိုးညွှန့် ၊ ရှောင်တာနယ်၊ ဗစ်ကီ ဘိုးမန် အစရှိသည့် လူသိများ ထင်ရှားသော နိုင်ငံရေး ဦးဆောင်လှုပ်ရှားသူများပါဝင်လာခြင်းဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။