ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မူးယစ်ဆေးဝါးတွေ ပထမဆုံးဖမ်းဆီးရမိတယ်လို့ ကာတာ ကြေညာ

International News Local News

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မူးယစ်ဆေးဝါးတွေ ပထမဆုံးဖမ်းဆီးရမိတယ်လို့ ကာတာ ကြေညာ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မူးယစ်ဆေးဝါးတွေ ပထမဆုံးဖမ်းဆီးရမိတယ်လို့ ကာတာ ကြေညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘောလုံးလောကမှာ တွင်ကျယ်စွာ အသုံးပြုလာခဲ့တဲ့ အကိုက်အခဲပျောက်ဆေး ထရာမာဒေါ (tramadol) အပါအဝင် မူးယစ်ဆေးဝါးတွေကို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း ပထမဆုံးဖမ်းဆီးရမိတယ်လို့ ကာတာနိုင်ငံက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ဟာမဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အကောက်ခွန်အာဏာပိုင်တွေက ထရာမာဒေါ ဆေးပြား ၁,၉၉၀ ပြားနဲ့ ဘင်းမ်စ့် (hashish) ၄၆၄.၅ ဂရမ် (၁၆.၄ အောင်စ) တို့ကို မှောင်ခိုတင်သွင်းမှုအား တားဆီးခဲ့တယ်လို့ ပြိုင်ပွဲစပြီး တစ်ရက်အကြာ တွစ်တာပေါ်က ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။Photo: EPA

အကောက်ခွန်အရာရှိတွေက ခရီးသည်တစ်ဦးကို “သံသယရှိ”လို့ ခရီးဆောင်အိတ်ကို စစ်ဆေးရာမှာ တရားမဝင် ပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ အကောက်ခွန်ဝန်ဆောင်မှုက ဒီထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဘယ်နိုင်ငံသားဆိုတာကို ဖော်ပြမထားတဲ့ ခရီးသည်ကို တရားရုံးမှာ ရုံးထုတ်မယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ ပြီးဆုံးမယ့် တစ်လကြာ ပြိုင်ပွဲအတွက် ပရိသတ် တစ်သန်းကျော်ဟာ ပင်လယ်ကွေ့နိုင်ငံကို လာရောက်မယ်လို့ ကာတာက ခန့်မှန်းထားပါတယ်။

ပင်လယ်ကွေ့စော်ဘွားနိုင်ငံမှာ နှစ်ရှည်ထောင်ဒဏ်၊ ဒဏ်ငွေကြီးကြီးပေးဆောင်ခြင်းနဲ့ ပြည်နှင်ဒဏ်ပေးခြင်းတွေ ပါဝင်တဲ့ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်ခြင်းဆိုင်ရာ တင်းကျပ်တဲ့ ဥပဒေတွေရှိပါတယ်။

ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (World Anti-Doping Agency) ဟာ စွဲလမ်းစေတဲ့ ဓာတုဆေးတစ်မျိုးဖြစ်တဲ့ ထရာမာဒေါကို ၂၀၂၄ ခုနှစ်ကစလို့ သူတို့ရဲ့တားမြစ်စာရင်းမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။

ထရာမာဒေါကို စက်ဘီးစီး အားကစားမှာ တားမြစ်ထားပြီးဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဂိုးသမားဟောင်း ခရစ္စ ကစ်လန်းက သူဟာ ထရာမာဒေါကို အလွန်အကျွံသုံးစွဲမှုကြောင့် မိမိကိုယ်ကို thet thayဖို့ စဉ်းစားခဲ့တယ်လို့ ဒီနှစ် မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

ရေးသားသူ – Mizzima News In Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။