အင်ဒိုနီးရှားငလျင် thayဆုံးသူ ၁၆၂ ဦးရှိလာတယ်လို့ ဒေသအာဏာပိုင်တွေပြော

International News Local News

အင်ဒိုနီးရှားငလျင် thayဆုံးသူ ၁၆၂ ဦးရှိလာတယ်လို့ ဒေသအာဏာပိုင်တွေပြော
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်ဒိုနီးရှားငလျင် thayဆုံးသူ ၁၆၂ ဦးရှိလာတယ်လို့ ဒေသအာဏာပိုင်တွေပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ ဒေသစံတော်ချိန် မနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် thayဆုံးသူအရေအတွက်ဟာ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မနက်ပိုင်းအထိ ၁၆၂ ဦးထိ ရှိနေပြီလို့ အနောက်ဂျာဗားကျွန်းအုပ်ချုပ်ရေးမှူးက သူ့တွစ်တာမှာရေးခဲ့ပါတယ်။

ဒါပေမဲ့ အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးတုံ့ပြန်လျှော့ချရေးအေဂျင်စီပြောရေးဆိုခွင့်ရှိသူကတော့ thayသူအရေအတွက်ဟာ ၆၂ ဦးလို့ ဆိုထားပြီး ၁၆၂ ဦးအရေအတွက်ကိုအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ငလျင်ဗဟိုချက်က ဆီယန်ဂျာမြို့ အနီးမှာ ဖြစ်ပြီး ပြင်းအား ၅.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ရာနဲ့ချီthayဆုံးခဲ့ရသလို အပျက်အစီးပုံတွေထဲကနေ အသက်ရှင်ကျန်ရစ်သူတွေ၊ ဒဏ်ရာအပြင်းအထန် ရထားသူတွေကိုလည်း ကယ်ဆယ်ရေးတွေညလုံးပေါက်ပြုလုပ်ခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ဒဏ်ရာရသူအရေအတွက်ဟာ ရာနဲ့ချီရှိတယ်လို့ ဒေသအာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာက လူနေထူထပ်ပြီးမြေပြိုမှုဖြစ်နိုင်ခြေလည်းရှိသလို ဆောက်လုပ်မှုညံ့ဖျင်းတဲ့အိမ်တွေလည်း ပျက်စီးမှုတွေထဲမှာပါဝင်သွားတယ်လို့ သိရပါတယ်။
ငလျင်ကြောင့် လူပေါင်း ၁၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ခြေ ၂၂၀၀ ကျော်ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီငလျင်ကြောင့် thayဆုံးသူတွေထဲမှာကလေးငယ်အများစုလည်းပါဝင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။