Heal with a cup of hot chocolate

Health Knowledge

Heal with a cup of hot chocolate
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Heal with a cup of hot chocolate ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Heal with a cup of hot chocolate

Motivated မဖြစ်တော့ဘူး၊ ပင်ပန်းလာတယ်
ကိုယ့်ဘေးနားမှာကိုယ်ချစ်တဲ့သူတွေမရှိနေဘူး
ကိုယ့် နှလုံးသားက ဗလာကြီးလို့ feeling downပြီး ခံစားလာရတဲ့နေ့တွေမှာ….
Chocolate ပူပူနွေးနွေးလေးတစ်ခွက်လေးဖျော်ပါ….
snack အဖြစ်စားချင်ရင် chocolate နဲ့ပတ်သတ်တာလေးတွေဆိုပိုကောင်းပါတယ်။


နားကြပ်နှစ်ဖက်လုံးတပ်ပြီး… ကိုယ်ကြိုက်တဲ့ playlist ကိုဖွင့်ပြီး hot chocolate လေးသောက်ရင်းနဲ့ မျက်လုံးလေးမှိတ်ပြီး ပူပူနွေးနွေးချောကလက်ရဲ့ အရသာနဲ့ သီချင်းတွေရဲ့ အရသာကို ခံစားကြည့်ပါ….


ချောကလက် တစ်ခွက်မကုန်ခင်မှာပဲ ကိုယ့်ရင်ထဲမှာ သိမ်းထားတဲ့ ခံစားချက်တွေများရင် များသလောက် မျက်ရည်တွေနဲ့အတူ ပွင့်အံထွက်ကြလာတတ်ပါတယ်….
It’s okay…you can cry….ကိုယ်ဟာလူသားတစ်ယောက်ပါပဲ ကိုယ့်ခံစားချက်တွေကို လစ်လျူမရှု့ပါနဲ့…
ဒီလို ခံစားချက်တွေထွက်လာပြီး ငိုလိုက်ပြီးရင် ခန္ဓာကိုယ်က အပူထွက်လာတာကို ခံစားရမှာပါ…ပြီးရင်တော့ သင်ဟာ ပြန်ပြီး ပေါ့ပါးလာတာ ကိုခံစားရမှာပါ။
မိနစ်အနည်းငယ်အတွင်းမှာပဲ ကိုယ်လုပ်လက်စအလုပ်များနဲ့ ကိုယ့်ရဲ့နေ့ရက်ကို feeling great ဖြစ်စွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်သွားမှာပဲဖြစ်ပါတယ်….
Bad days တွေကြုံလာရင် ကိုယ့် feelingတွေကို alcohol, drugs & unhealthy food တွေစားပြီး ဖိနှိပ်မဲ့အစား ဒီနည်းလမ်းလေးကို သတိရပေးပြီး လုပ်ကြည့်ပါ…
__________
Mental ပိုင်းကို chocolateက အများကြီးကူညီပေးပါတယ်။ အထူးသဖြင့် စိတ်အတက်အကျဖြစ်လွယ်တဲ့ မိန်းကလေးတွေအတွက် ကောင်းမွန်ပါတယ်။
ကိုယ်တိုင်လဲ ဒီလိုမျိုး mental heal လုပ်နေကြဖြစ်ပြီး အလုပ်ဖြစ်တဲ့အတွက်ကြောင့် အခြားသော လူငယ်များအတွက် ရေးသားမျှဝေလိုက်ပါတယ်။
Wish you to have a beautiful day everyday.

ရေးသားသူ – A Happy_SOUL 행복한 영혼이
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။