Walmart စူပါမားကတ်ထဲ thayနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ထက်မနည်းthayဆုံး

International News Local News

Walmart စူပါမားကတ်ထဲ thayနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ထက်မနည်းthayဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Walmart စူပါမားကတ်ထဲ thayနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ထက်မနည်းthayဆုံး ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗားဂျီးနီးယားပြည်နယ်၊ ချက်စပီမြို့က Walmart စူပါမားကတ်မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ဦးthayဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆိုင်မန်နေဂျာလို့ ယူဆရသူအမျိုးသားက သူ့အနီးနားတဝိုက်ကို ‌ပစ်ခတ်တာတွေလုပ်ပြီး သူ့ကိုယ်သူလည်း ပြန်လည်ပစ်ခတ်ပြီး thayဆုံးသွားခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ပြောခွင့်ရသူတွေထံကသိရပါတယ်။

ဓာတ်ပုံ – AFP

Walmart စူပါမားကတ်က အခုဖြစ်စဥ်တွေကို မြို့ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူတွေက သူ့ရဲ့ တွစ်တာကနေ အတည်ပြုရေးသားဖော်ပြခဲ့ပါတယ်။
လူ ၁၀ ဦးထက်မနည်းthayဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဒေသစံတော်ချိန် နိုဝင်ဘာ ၂၂ရက်နေ့ည ၂၂ နာရီ ၁၂ မိနစ် (၀၃း၁၂ ဂရင်းနစ်စံတော်ချိန်)မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တယ်လို့ရဲတပ်ဖွဲ့က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ပစ်ခတ်မှုမှာ စတိုးဆိုင်ထဲမှာ ဖြစ်ပွားခဲ့တယ်လို့ ယူဆရပြီး သံသယရှိသူ တစ်ဦးတည်း လုပ်ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ လီယိုကိုစင်စကီးက ပြောပါတယ်။
အခုဖြစ်ရပ်အပေါ် အံအားသင့်နေရသလို၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်တွေအတွက် ပူးပေါင်းလုပ်ဆောင်နေပါတယ်လို့လည်း Walmart စူပါမားကတ်တာဝန်ရှိသူတွေက ထုတ်ပြောထားပါတယ်။
ဖြစ်စဥ်ကြောင့် အခင်းဖြစ်ပွားခဲ့တဲ့ စူပါမားကတ်အနီး လုံခြုံရေးထူထူထပ်ထပ်ချထားတာကို ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံတွေကတဆင့် တွေ့ရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။