ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ ကယန်းနှစ်သစ်ကူးနေ့နှင့် ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

Local News

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ ကယန်းနှစ်သစ်ကူးနေ့နှင့် ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ ကယန်းနှစ်သစ်ကူးနေ့နှင့် ဖဲကြိုးဖြူကမ်ပိန်းပြုလုပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာတွင် ၂၇၆၂ နှစ် /နိုဝင်ဘာလ ၂၃ရက်နေ့တွင် ကျရောက်သည့် ကယန်းနှစ်သစ်ကူးနေ့ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။


ကယန်းနှစ်သစ်ကူးနေ့တွင် ဘာသာရေး ဆရာ /ဆရာမများ /ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ/ကျေးရွာအကျိူးတော်ဆောင် ရပ်မိရပ်ဖများ/KNGY အဖွဲ့/ကျေးလက်မြေအဖွဲ့/အမျိူးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနအဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ပြီး ကယန်းနှစ်သစ်ကူးနေ့နှင့်အတူ နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၀ရက်နေ့အထိပြုလုပ်မည့် ဖဲကြိုးဖြူကမ်ပိန်းလှုပ်ရှားမှုကိုလည်း အကြိုအနေနဲ့ လှုပ်ရှားခဲ့ကြကြောင်း၊ ဖဲကြိုးဖြူလှုပ်ရှားမှုအကြောင်းသိကောင်းစရာများကိုလည်း ကျေးလက်မြေအဖွဲ့ဒါရိုက်တာ မမူစဲက ရှင်းပြခဲ့ကြောင်း၊

မွန်းကြပ်နေသည့် ကလေးသူငယ်များစိတ်ထွက်ပေါက်ရစေရန်အတွက် သီချင်းများဖွင့်ပြီး ကပြမှုများ/လွန်ဆွဲပွဲများ/သံပုရာသီးအစားပြိုင်ပွဲ/မုန့်ကိုက်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပေးပြီး ဆုရရှိသူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း/ဆန်ပေးဝေခြင်း/ကလေးငယ်များအာဟာရပြည့်ဝစေရန် ပဲနို့အအေးနှင့် မုန့်မျိူးစုံကိုလည်း အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းပြီးလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။