ကန့်ဘလူ၊ သောက်ရေကန်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ခင်ဦး-ကန့်ဘ လူ နယ်စပ်တွင် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်တပ်က ပစ်ခတ် ထိုးစစ် ဆင် နေ၍ ပြည်သူသောင်းချီ ထွက်ပြေးနေရ

Local News

ကန့်ဘလူ၊ သောက်ရေကန်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ခင်ဦး-ကန့်ဘ လူ နယ်စပ်တွင် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်တပ်က ပစ်ခတ် ထိုးစစ် ဆင် နေ၍ ပြည်သူသောင်းချီ ထွက်ပြေးနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကန့်ဘလူ၊ သောက်ရေကန်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ခင်ဦး-ကန့်ဘ လူ နယ်စပ်တွင် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်တပ်က ပစ်ခတ် ထိုးစစ် ဆင် နေ၍ ပြည်သူသောင်းချီ ထွက်ပြေးနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သောက်ရေကန်ကျေးရွာကို ယနေ့ နံနက် ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ် သောက်ရေကန် ကျေး ရွာသို့ ဝင်ရောက်ပြီး ညအိပ်စခန်းချခဲ့သော အင်အား ၈၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်တွင် သောက်ရေကန် ကျေးရွာကို နေရာအနှံ့အပြားမှ စတင်၍ မီးတင်ရှို့နေကြောင်း သိရှိရသည်။
“မနေ့က ဖို့ကုန်းကျေးရွာကို မီးရှို့တယ်။ ရွာဘုံပိုင် ပစ္စည်တွေကိုလည်း မီးရှို့ သွားပါတယ်။ အခုဒီမနက် သောက်ကန်ရွာကို မီးစရှို့နေပါပြီ” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ-ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်း စစ်တပ်၏ မီးရှို့မှုခံခဲ့ရသည့် ကျေးရွာတစ်ခု။

လက်ရှိတွင် စစ်တပ်က ကန့်ဘလူ နှင့် ခင်ဦး အကြားရှိ ကျေးရွာများကို စစ်တပ် က lat nat ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ် ထဲမှ သောက်ရေကန်ကျေးရွာ ၊ ရွာသစ် ၊ သုံးဆင့်ကန် ၊ ဖို့ကုန်း ၊ ပြေကွင်း ၊ ရသား ၊ ခင်ဦးနယ်မြို့နယ် အလယ်လျှို ရွာများမှ ပြည်သူ ၄၀၀၀ ခန့် ထွက်ပြေး နေရ ကြောင်း၊ လက်ရှိ တွင် စစ်တပ်စစ်ကြောင်းသည် အလယ်လျှိုကျေးရွာ အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့်ကန့်ဘလူမြို့နယ်အစပ်တွင် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာများကို လှည့်လည်မီးရှို့နေပြီး ပြည်သူ သောင်းချီ၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရှိရသည်။
ခင်ဦးမြို့နယ်ရှိ ဗအိုးကျေးရွာတွင် ညအိပ်ရပ်နားခဲ့သော စစ်တပ်စစ်ကြောင်း သည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ဗအိုး အနောက်မြောက်ဘက် ဦး တည်ထွက်ခွာလာပြီး လက်ပံတောကျေးရွာအနီးရောက်ရှိနေကြောင်း ဒေသခံ များက ပြောဆိုကြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။