မြိုင်တွင် စစ်တပ် စစ်ကြောင်းကို ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၈ ဦးthayဆုံးပြီး ဖုန်း ၈ လုံး သိမ်းဆည်းရမိ

Local News

မြိုင်တွင် စစ်တပ် စစ်ကြောင်းကို ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား
၈ ဦးthayဆုံးပြီး ဖုန်း ၈ လုံး သိမ်းဆည်းရမိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြိုင်တွင် စစ်တပ် စစ်ကြောင်းကို ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၈ ဦးthayဆုံးပြီး ဖုန်း ၈ လုံး သိမ်းဆည်းရမိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးthayဆုံးခဲ့ကြောင်း Black God ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ် အနောက်ပိုင်း ဘောင့်ဘင်ရွာနှင့် ယာကြီးပြင်ရွာ အကြား ယာကြီးပြင်ရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ခြေလျင်တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ တပ်ခွဲ ၃၊BlackGodပြောက်ကျားတပ်ဖွဲ့ မှ တပ်စုမှူး ရဲဘော်ဒဿနှင့် တပ်စုမှူး ရဲဘောယောလေး တို့ဦးဆောင်ကာ ပေပါမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးthayဆုံးကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာမှ လက်ကိုင်ဖုန်း ၈ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ပေပါမိုင်း တစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်များ အတုံးအရုံး လဲကျသွားပြီး အများအပြား ထိခိုက်တယ်။ ဖရိုဖရဲဖြစ်သွားချိန်တွင် တိုက်မိုင်းတွေနဲ့ ဆက်လက် တိုက်ခိုက်တော့ စစ်ကောင်စီ တပ်သား ၈ ကောင်ထက်မနည်း thayသွားတယ်။ thayသွားတဲ့ စစ်ခွေးတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ ကိုက် ၂၀၀ လောက်အကွာမှာ အမိန့်ပြန်ပြီး သင်္ဂြိုလ်သွားတယ်။ ဒရုန်းကင်မရာကနေ တစ်ဆင့် မျက်မြင်တွေ့ခဲ့ရတယ်။ နောက်ပြီး စစ်ခွေးတွေ မိုင်းဆွဲခံရတဲ့ နေရာကနေ မှန်ကွဲကျေနေတဲ့ လက်ကိုင်ဖုန်း ၈ လုံးအား သိမ်းဆည်း ရမိခဲ့တယ်” ဟု Black God ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၁ ရက်နေ့၌ မြိုင်မြို့နယ်အနောက်မြောက်ပိုင်း ဗဟင်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ခွေးမွှေးရွာမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Black God ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်များမှ ပစ်ခတ်တိုက်ခိုက်ရန် ဒရုန်းဖြင့် ကင်းထောက်နေစဥ် အကြမ်းဖက် စစ်တပ်က ပစ်ချခဲ့သောကြောင့် Black God ပြောက်ကျားတပ်ဖွဲ့၏ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒရုန်းသည် စစ်ဆင်ရေးတွင် အသုံးပြုနေသည့် အတွက် အလျင်အမြန် ပြန်လည် ဖြည့်တင်းရန် လိုအပ်နေကြောင်း၊ ဂျန်ပါကျော်သည့် ဒရုန်းတစ်စင်း ပြန်လည်ဝယ်ယူ ရရှိနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါဖို့ မေတ္တာရပ်ခံကြောင်း BlackGod ပြောက်ကျား တပ်ဖွဲ့ (မြိုင်)မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။