November 23 – November 30 အတိုချုပ် ဟောကိန်း

Astrology

November 23 – November 30 အတိုချုပ် ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့November 23 – November 30 အတိုချုပ် ဟောကိန်းလေးပဲ ဖြစ်ပါတယ်


November 23 – November 30 အတိုချုပ် ဟောကိန်း
Aries

တစ်လလုံးနှောင့်နှေးခဲ့တာတွေ သောကတွေ ကြေလည်လာတော့မယ် (အချစ်ရေး)ပေါ့ပေါ့ပါးပါးနေဖို့ အရေးကြီးတယ် ။ အများကြီးလိုက်မတွေးနဲ့ Me Time လေးရှာကြံယူ ၊ လိုအပ်ရင်နှစ်ယောက်သား ခရီးလေးဘာလေးထွက် ။

Horoscope today: These 4 zodiac signs are happy about the good autumn  weather

Taurus

စိတ်အလှည့်အပြောင်းလေးတွေ မျှော်လင့်ထား ။ အရင်ဆုံးခေါင်းခဲပြီးမှ ကိုယ်ဘာလိုလဲ/မလိုဘူးလဲ သဘောပေါက်လာမယ် ။ ကိုယ့်ကိုကိုယ်ပိုချစ်တတ်လာမယ် ။ လိုတာတွေတောင်းယူ/ဆုပ်ကိုင်ထား ၊ မလိုတာတွေအတွက် အချိန်မဖြုန်းနဲ့ ။ အတွေးမလွန်နဲ့ ဘဝကတိုတိုလေး ။

Gemini

ဖြစ်မလာတာ မှားမိတာစသဖြင့် အတိတ်နဲ့ပတ်သက်ပြီး ခေါင်းပူရတတ်တယ် ။ အချိန်ဆွဲပါ အကဲဖြတ်ပါဦး Ex ကိုပြန်လက်မခံသင့်တဲ့ကာလပါ ။ ထစ်ကနဲရှိတုံ့ပြန်တာလေးတွေရှိမယ် ၊ စကားကျွံနှုတ်မရမို့ အချစ်ရေး ၊ လူမှုရေး ဘာအရေးဖြစ်ဖြစ် နှစ်ခါသုံးခါစဥ်းစားဖို့လိုနေတယ် ။

Cancer

အလိုလိုစိတ်မကြည်တဲ့ဘဝကနေ လွတ်ရဖို့ရှိတယ် ။ လုပ်နိုင်တာလေးပဲလုပ် ၊ ဒီတလောကတော့ အဝေးကြီးမျှော်မကြည့်တာ ပိုကောင်းတယ် ။ အချစ်ရေး လုပ်သင့်တာလေးသိလာမယ် ။ တစ်ကိုယ်ထဲ အသက်ရှုချောင်ဖို့လိုနေလား ၊ စိတ်ရှုပ်လို့ပဲ ပစ်ထားမိတာကြာပြီလား ဒါကတော့ကိုယ်ပဲသိလိမ့်မယ် ။

Leo

ဒီနှစ်ကုန်ပိုင်း အပြောင်းအလဲကြီးကြီးမားမားမြင်တယ် ။ တချို့အရာ လွှတ်ချရမယ် ၊ RS အသစ်စတာ/အဆုံးသတ်တာ ၊ အလုပ်/ပညာရေးနဲ့ပတ်သက်ပြီး အခွင့်အလမ်းပေါ်တာ ၊ အလှည့်အပြောင်းရှိတာမျိုးပေါ့ ။ ဘာလုပ်သင့်လဲ ကိုယ်အသိဆုံး ။

Virgo

နေချင်သလိုနေပါ ။ ဘေးကဝေဖန်တာတွေ ရှိမယ် ။ ဂရုစိုက်ဖို့မလိုဘူးလို့ မြင်တယ် ။ ဇွတ်တရွတ်ဆန်ပေမယ့် ကိုယ်ကအထိန်းအကွပ်မရှိတဲ့သူလည်းမဟုတ် ။ ပျော်မယ်ထင်တာလုပ်ပါ ၊ စိတ်ထဲယုံတာရွေးလိုက်ပါ ။ တစ်ကိုယ်ထဲပျော်ရွှင်မှု အားသာတယ် ၊ အချစ်ရေးကတော့ Break ယူရမယ့်ကာလမျိုးပဲ ။

How to Be Happy: 8 Ways to Be Happier Today

Libra

သတ္တိတွေရလာမယ် ။ လက်ခံယူပါ ။ ဘယ်သူမှအားမနာနဲ့ အဆင်မပြေရင်မပြေကြောင်း ချက်ကျလက်ကျပြောရမယ့်ကာလပါ ။ အဆိုးမြင်နေတာကြာပြီမလား ဘယ်သူ့ကြောင့်မှမဟုတ်ဘူး ကိုယ့်ရန်သူကကိုယ်တိုင်ဖြစ်နေတယ် ။ Positive Mindset လေးပြန်ရှာယူသင့်တယ် ။

Scorpio

Love Life စကားများရတတ်တယ် ၊ ကိုယ့်အပေါ်နားမလည်ဘူးလို့ ခံစားရမယ် ။ အဆင်မပြေတာတချို့ အဆုံးသတ်သွားမယ် ။ ကိုယ့်ကိုကိုယ်ပြန်ရှာပါ ၊ ကံကောင်းခြင်းတွေရောက်မလာရင် ကိုယ်နေရာဖယ်မပေးလို့ဆိုတာလေး သိထားသင့်တယ် ။ Single ကနေ RS/Married အထိ စန်းပွင့်ဖို့မြင်တယ် ။

Sagittarius

Nov ကိုက Sagi အတွက် ခက်ခဲနိုင်တဲ့လပါ ။ ကိုယ့်ကိုကိုယ်စိတ်တိုင်းမကျတာ များတတ်သလို ဖြစ်ချင်တာတွေခေါက်ထားပြီး ဖြစ်သင့်တာကြီး စက်ရုပ်လိုလုပ်နေရနိုင်တယ် ။ အလုပ်/အချစ်ရေးမှာ အက်ကွဲကြောင်းရှိတတ်တယ် ။ ဒီတစ်လကတော့ Slow & Steady wins the race ပါပဲ ။

Capricorn

စိတ်အားတက်ကြွလိုက် အားလျော့သွားလိုက် ၊ အလုပ်တွေတကုပ်ကုပ်လုပ်လိုက် စိတ်လေသွားလိုက်နဲ့ အားမလိုအားမရကာလမျိုးပါ ။ လူတွေအကြောင်း ၊ လောကကြီးအကြောင်း အတွေးတွေဖြန့်ကျက်မိနေမယ် ။ ဖုန်းဆက်ရင်မကိုင်ပဲ ငါ့ကိုဘယ်သူမှသတိတရမရှိကြဘူး မလုပ်ပါနဲ့ ။

Aquarius

လွတ်မြောက်ခြင်း ပေါ့ပါးခြင်းအားသာပါတယ် ။ ရန်ငြိုးရန်စကြေတာ ခွင့်လွှတ်နိုင်တာရှိမယ် ။ အမှုအခင်းဖြစ်နေရင် လွတ်ဖို့မြင်တယ် ။ စိတ်ပါလက်ပါအလုပ်လုပ်ဖို့ အားသာချက်ကလေးတွေ အများကြီးမြင်တယ် ။ ဖြစ်ပါ့မလားကိုကျော်ပြီး ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ကာလမျိုးပဲ ။

Pisces

ဒီလကုန်အထိတော့ အလုပ်နှောင့်နှေးခြင်း ၊ ကြန့်ကြာခြင်းတွေရှိတယ် ။ အချစ်ရေးအဆင်မပြေဆိုတာထက် တစ်ယောက်ထဲနေရတာပိုကြိုက်နေမယ် ။ Single ဆိုလည်း ရည်းစားလည်းလိုချင်/အချိန်လည်းမပေးချင်ဆိုတဲ့ ကာလမျိုးပဲ ။ အနာဂတ်နဲ့ပတ်သက်ပြီး လမ်းပျောက်တတ်လို့ စိတ်ကူးပေါက်တာထလုပ်တာ ၊ ထပြောတာ Rush Decision တွေရှောင်သင့်ပါတယ် ။

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။