နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စတင်နိုင်ဖို့ ရုရှားနဲ့မြန်မာ စာချုပ်ချုပ်

Local News

နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စတင်နိုင်ဖို့ ရုရှားနဲ့မြန်မာ စာချုပ်ချုပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စတင်နိုင်ဖို့ ရုရှားနဲ့မြန်မာ စာချုပ်ချုပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စတင်နိုင်ဖို့ ရုရှားနဲ့မြန်မာ စာချုပ်ချုပ်

နိုင်ငံတကာ အဏုမြူစွမ်းအင်‌အေဂျင်စီ ဒုညွှန်ချုပ်နဲ့ စစ်ကောင်စီဝန်ကြီးတွေတွေ့
နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စူစမ်းလေ့လာတိုင်းတာမှုတွေ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားနဲ့ မြန်မာ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ရုရှားနိုင်ငံ ဆိုချီမြို့မှာ ဒီရက်ပိုင်း ကျင်းပနေတဲ့ (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံ ဆန်းသစ်တီထွင်မှုဖိုရမ် မှာ ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနဲ့ ရုရှားတို့ကြား သဘောတူထားတဲ့ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ အသေးစားဓာတ်အားပေးစက်ရုံ Small Modular Reactor – SMR အမျိုးအစားဖြစ်ပြီး နေရာအကျယ်အဝန်းများစွာမလိုဘဲ အချိန်တိုအတွင်း တည်ဆောက်နိုင်တဲ့အကြောင်း ဖိုရမ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင်‌အေဂျင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ်လည်း ဖိုရမ်ကိုရောက်လာပြီး စစ်ကောင်စီဝန်ကြီးတွေနဲ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နျူကလီးယားကို လျှပ်စစ်ဓာတ်အားပေးရေးအတွက်ပဲ သုံးမှာဖြစ်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်‌အေဂျင်စီရဲ့ စံချိန်စံညွှန်းတွေကို လိုက်နာသွားမယ်လို့ ဘီဘီစီကိုဖြေကြားထားပါတယ်။

သိပ္ပံ၊နည်းပညာဝန်ကြီး နဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးတို့ဟာ ရုရှားကို ဒီ သုံးလအတွင်း သုံးကြိမ်သွားခဲ့ပြီး ရုရှားက နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ သတင်းအချက်အလက်စင်တာတွေနဲ့ တက္ကသိုလ်တွေကို သွားရောက်လေ့လာနေပါတယ်။

ရန်ကုန်မှာ နျူကလီးယားနည်းပညာအချက်အလက်စင်တာတည်ဆောက်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရုရှားနဲ့မြန်မာ ကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။