စဥ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး thayဆုံး၊ လောင်းလုံး တွင် လည်း သတင်းပေးဟု သတ်မှတ်ခံရသူနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၂ ဦးthayဆုံး

Local News

စဥ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး thayဆုံး၊ လောင်းလုံး တွင် လည်း သတင်းပေးဟု သတ်မှတ်ခံရသူနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၂ ဦးthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စဥ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး thayဆုံး၊ လောင်းလုံး တွင် လည်း သတင်းပေးဟု သတ်မှတ်ခံရသူနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၂ ဦးthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မန္တလေး၊ စဥ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ အုပ်ချုပ်ရေးမှူး လှဌေး ပစ်ခတ်ခံရပြီး thayဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ညောင်ပင်ရွာ အုပ်ချုပ် ရေးမှူး လှဌေးကို Bo Tiger ဗိုလ်ကျားကြီးအဖွဲ့မှ ဗိုလ်နေမင်း ဦးဆောင်သည့် အဖွဲ့က တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး thayဆုံးခဲ့ကြောင်း သိရသည်။
“စဥ့်ကူး မြို့နယ် ညောင်ပင်ရွာက စစ်ကောင်စီ ခန့်အုပ်ချူပ်ရေးမှူး ပျူစောထီး သင်တန်းဆင်းထားသူ လှဌေး ကို မွန်းလွဲ ၁၂ နာရီ​​ကျော်လောက်မှာ သူ့ရဲ့ နေ အိမ်ကို သွားရောက် ပစ်ခတ်လိုက်တယ်။ သူကရွာတွေပတ်ပြီး မီးရှို့နေတဲ့ စစ် ခွေးတွေကို သူ့အိမ်မှာခေါ်ဧည့်ခံပြီးလမ်းပြနေတဲ့သူ ပစ်ခတ်မှု အတွင်းမှာ သူ့မိန်းမ၊ သူ့သားသမီးတွေကို လဲရှိတယ်။ ကာကွယ်ရေး ရဲဘော်တွေက လက် ဖျားနဲ့တောင်မထိခဲ့ဘူး” ဟု Bo Tiger ဗိုလ်ကျားကြီးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်တွင် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ မေသက်ရီ ပစ်ခတ်ခံရပြီး thay ဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မေ သက်ရီ သည် နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားပြီးနောက် ပျောက် ဆုံးခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ညင်းမော်ရွာနှင့် စစ်ပြဲရွာ အကြား၌ သေနတ် ဒဏ်ရာများဖြင့် thayဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ ကြောင်း သိရသည်။ thayဆုံးသူ မေသက်ရီသည် ပျူစောထီးအဖွဲ့ဝင် တစ်ဦးနှင့် အစ်မတော်စပ် သူဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကို နောက်ကွယ်မှ အားပေးထောက်ခံသူ တစ်ဦးလည်း ဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် မေသက်ရီသည် စစ်တပ်သတင်းဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိပေ။

ဓာတ်ပုံ- စဥ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ အုပ်ချုပ်ရေးမှူး လှဌေး ပစ်ခတ်ခံ ထားရစဉ်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်ဟု သတ်မှတ်ခံထားရသူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး thayဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် သဘော့ဆိပ်ကျေးရွာ အုပ်စု၊ ပြင် ကြီး ရွာတွင် ပျူစောထီးအဖွဲ့ဝင် အောင်ဇော်လင်း ကို အမည်မသိ သေ နတ် သမားများက ၎င်းနေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး thayဆုံးခဲ့ကြောင်း သိရသည်။
thayဆုံးသွားသော အောင်ဇော်လင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထောင်ကျဖူးသူဖြစ်ပြီး အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်တွင် ပြန်လည် လွတ်မြောက်လာပြီးနောက် စစ်တပ်နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး ရောင်း ဝယ် ဖောက်ကာပြီး မူးယစ်ဆေးဝါများ ကိုယ်တိုင်သုံးစွဲ/ရောင်းဝယ်ခြင်း၊ လေ သေနတ် ကိုင်ဆောင်ထား သောကြောင့် စစ်တပ်နှင့် ပူးပေါင်း ဆောင် ရွက် ခြင်းများ ဆက်မလုပ်ရန် PDFဖွဲ့တို့မှ အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာခြင်း မတွေ့သောကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လောင်းလုံးမြို့နယ်၊ ပဥ္ဓသီမော်ရွာ သင်္ချိုင်းအနီး၌ နိုဝင်ဘာလ ၂၂ ရက် နေ့ ညနေ ၅ နာရီက ဦးဇော်ဇော်စိုး Non-CDM ပညာရေး မှူး ရုံးဝန် ထမ်း/ ပျူစောထီး ဆိုသူကိုလည်း အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက် ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ လွတ်မြောက်သွားကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။