ဂန့်ဂေါတွင် စစ်တပ်က အရပ်သားပြည်သူ ကိုခိုင်ဇော်သန်းကို ဖမ်းဆီး thetဖြတ်၊ ဝါးရင်းချိုင်ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၃၄ လုံး ပြာကျ

Local News
ဂန့်ဂေါတွင် စစ်တပ်က အရပ်သားပြည်သူ ကိုခိုင်ဇော်သန်းကို ဖမ်းဆီး thetဖြတ်၊ ဝါးရင်းချိုင်ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၃၄ လုံး ပြာကျ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂန့်ဂေါတွင် စစ်တပ်က အရပ်သားပြည်သူ ကိုခိုင်ဇော်သန်းကို ဖမ်းဆီး thetဖြတ်၊ ဝါးရင်းချိုင်ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၃၄ လုံး ပြာကျ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ကိုခိုင်ဇော်သန်းကို ဖမ်းဆီး ပစ်thetခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဂန့်ဂေါမြို့ရှိ အကြမ်းဖက် စစ်တပ် ခလရ ၅၀ မှ စစ်သား များက ရှုံးရှီရွာသား ကိုခိုင်ဇော်သန်းကို ဖမ်းဆီးပြီး ဦးခေါင်းနှင့် ရင်ဘတ်ကို သေနတ်ဖြင့် ပစ်thet သွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီးthetဖြတ်ခဲ့သော ကိုခိုင်ဇော်သန်းသည် လက်သမား အလုပ်လုပ်ကိုင်ပြီး မိသားစုဝင်များကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း သိရသည်။


” စစ်ခွေး စစ်ကြောင်းတွေက ရှုံးရှီရွာသား လက်သမားအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ ကိုခိုင်ဇော်သန်းကို ဖမ်းဆီးသွားပြီး ဦးခေါင်းနဲ့ ရင်အုံတွေကို သေနတ်နဲ့ ပစ်thetသွားတယ်။ ကိုခိုင်ဇော်သန်းက လက်သမား အလုပ်နဲ့ ရိုး ရိုး သားသား အသက်မွေးဝမ်းကြောင်း ပြုနေတဲ့သူပါ။ သူ့မှာ ကလေး ၂ ဦး ကျန်ရစ်ခဲ့​တယ်လို့ သိရတယ်” ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၃၄ လုံးပြာကျခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဝါရင်းချိုင်ရွာကို ဝင်ရောက် စီးနင်းမီးရှို့ခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၃၄ လုံး ပြာကျခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ခဲ့သော ဝါရင်းချိုင်ရွာသည် နေအိမ် ၆၁ လုံးသာရှိသည့် ကျေးရွာလေးဖြစ်ပြီး ထီးလင်းမြို့နယ်အတွင်း နိုဝင်ဘာလ ၁၈ ရက်နေ့က စတင် ဝင်ရောက် လာသော အကြမ်းဖက် စစ်တပ် ခလရ ၅၀ လက် အောက် ခံ စစ်သားနှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ အကြမ်းဖက် စစ်တပ် ခလရ ၅၀ လက်အောက်ခံ စစ်သားနှင့် ပျူစောထီးများက ထီးလင်း မြို့နယ်၌ ၂ လကျော်ကြာ လှည့်လည် စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူပိုင် နေအိမ် ၁၆၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။