ခင်ဦးမြို့နယ်တွင် ၁၀ ရက်တာအတွင်း စစ်တပ် thetဖြတ်မှုကြောင့် ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးကျဆုံး၊ ရွာ ၉ ရွာ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၅၄၃ လုံးပြာကျ

Local News

ခင်ဦးမြို့နယ်တွင် ၁၀ ရက်တာအတွင်း စစ်တပ် thetဖြတ်မှုကြောင့် ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးကျဆုံး၊ ရွာ ၉ ရွာ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၅၄၃ လုံးပြာကျ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ခင်ဦးမြို့နယ်တွင် ၁၀ ရက်တာအတွင်း စစ်တပ် thetဖြတ်မှုကြောင့် ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးကျဆုံး၊ ရွာ ၉ ရွာ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၅၄၃ လုံးပြာကျ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၀ ရက်တာအတွင်း ကျေးရွာ ၉ ရွာကို စီးနင်းဖျက်ဆီးခဲ့ပြီး ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးကို thetဖြတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ လက်ရှိချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက် ခြင်းများ လုပ်ဆောင်ကာ ကျေးရွာ ၉ ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံ ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးတို့ကို thetဖြတ်ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၅၄၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ယာတော်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံ ပြည်သူ ၁ ဦးကို thetဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရွှေယမင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး PDF ရဲဘော် ၂ ဦးကို thetဖြတ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပေါင်းလဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၃၆ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ဦးကို thetဖြတ်ခဲ့​ကြောင်း၊ နှဲတွင်း ရွာမှလည်း နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လက်ပံကြီးရွာမှ နေအိမ် ၇၃ လုံး၊ မဒေါင်းကြီးရွာမှ နေအိမ် ၇၅ လုံး၊ ရွှေကာရွာမှ နေအိမ် ၇၀ လုံး၊ ဆီဆုံလေးရွာမှ နေအိမ် ၄ လုံးတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေကာရွာမှ ပြည်သူ ၂ ဦးကို thetဖြတ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ- ခင်ဦးတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများ။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စောကြီးရွာမှ ပြည်သူပိုင် နေအိမ် ၆၄ လုံးနှင့် သနပ်စိန်ရွာမှ ပြည်သူပိုင် နေအိမ် ၁၂၀ လုံးတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကံသာယာရွာမှာ PDF ရဲဘော် ၁ ဦးနှင့် ၅ တန်းကျောင်းသား ၁ ဦးတို့ကို thetဖြတ်ခဲ့ကြောင်း၊ ထို့ပြင် မုံလှကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး PDF ရဲဘော် ၇ ဦး၊ ပြည်သူ ၁ ဦးနှင့် ကလေးသူငယ် ၁ ဦးတို့ကိုthet ဖြတ် ခဲ့ ကြောင်း သိရသည်။

ခင်ဦးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်မှ စတင်ပြီး အောက်တိုဘာလ အထိ စစ်တပ်က ကျေးရွာ ၄၇ ရွာကို မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ် ၁၈၅၆ အိမ် ပြာကျခဲ့ကာ စစ်တပ် thetဖြတ်မှုကြောင့် ပြည်သူများနှင့် PDF ရဲဘော် ၂၁၈ ဦး ကျဆုံးခဲ့ပြီး မတရား ဖမ်းဆီး အကျဥ်းချခံရသူ ၁၄၃ ဦးထိရှိကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။