နိုဝင်ဘာလတတိယအပတ်ရဲ့ ဒရမ်မာသရုပ်ဆောင်စာရင်းမှာထိပ်ဆုံးကရှိနေတဲ့ Song Joong Ki

Celebrity

နိုဝင်ဘာလတတိယအပတ်ရဲ့ ဒရမ်မာသရုပ်ဆောင်စာရင်းမှာထိပ်ဆုံးကရှိနေတဲ့ Song Joong Ki

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နိုဝင်ဘာလတတိယအပတ်ရဲ့ ဒရမ်မာသရုပ်ဆောင်စာရင်းမှာထိပ်ဆုံးကရှိနေတဲ့ Song Joong Kiဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

 

သရုပ်ဆောင်မင်းသားချော Song Joong Ki ကတော့ Reborn Rich ဇာတ်ကားနဲ့အတူ ပရိသတ်တွေဆီပြန်လာခဲ့ပါပြီ။ သူကတော့ Good Data Corporation ရဲ့ထုတ်ပြန်ချက်အရ ဒရမ်မာသရုပ်ဆောင်စာရင်းမှာ ရေပန်းစားနေတဲ့မင်းသမီး Kim Hye Soo နဲ့ Han Ji Hyun တို့ကိုကျော်ပြီးတော့ ထိပ်ဆုံးနေရာကို ရယူခဲ့ပါတယ်။

ဒီစာရင်းတွေကတော့ တီဗီပရိုဂရမ်တွေ၊ ဖျော်ဖြေမှုနဲ့ ပေါ်တယ်ဆိုဒ်တွေပေါ်မှာ အင်တာနက်အသုံးပြုသူတွေရဲ့ရှာဖွေမှုအပေါ်မှာမူတည်ပြီးတော့ ရရှိတာပဲ ဖြစ်ပါတယ်။ ဒီစာရင်းတွေအရလက်ရှိမှာ Song Joong Ki ကတော့ နံပါတ်တစ်နေရာကို JTBC ရဲ့ “Reborn Rich“ နဲ့ရှိနေတာဖြစ်ပြီး မင်းသမီး Kim Hye Soo ကတော့ နံပါတ်(၂) နေရာ ၊ နံပါတ်(၃) နဲ့ (၄) ကတော့ မင်းသမီး Han Ji Hyun နဲ့Bae In Hyuk ၊ နံပါတ်(၅) နေရာမှာတော့ Moon Sang Min ကရှိနေတာ ဖြစ်ပါတယ်။

“Reborn Rich” ကတော့ သူ့ရဲ့ကြည့်ရှုနှုန်းဟာ အပိုင်း(၃)မှာ (၁၀.၈၂၆%) အထိရရှိခဲ့တာလို့ Nielsen Korea က ဆိုပါတယ်။ ကလဲ့စားချေတဲ့ဒီဒရမ်မာဇာတ်လမ်းတွဲကတော့ ပရိသတ်စိတ်ဝင်စားမှုများစွာရရှိနေသလို မင်းသား Song Joong Ki ကလည်း ပရိသတ်တွေကြားရေပန်းအစားဆုံးဒရမ်မာသရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်လျက်ရှိနေတာ ဖြစ်ပါတယ်။

ရေးသားသူ – Cele Gabar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။