ဘရာဇီးလ်အနိုင်ရတဲ့ ပွဲမှာ နေမာ ခြေချင်းဝတ် ဒဏ်ရာရ

Sports

ဘရာဇီးလ်အနိုင်ရတဲ့ ပွဲမှာ နေမာ ခြေချင်းဝတ် ဒဏ်ရာရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဘရာဇီးလ်အနိုင်ရတဲ့ ပွဲမှာ နေမာ ခြေချင်းဝတ် ဒဏ်ရာရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းခေါင်းဆောင် နေမာဟာ ကြာသပတေးနေ့က ဆားဘီးယားကိုအနိုင်ရရှိခဲ့တဲ့ သူ့ရဲ့အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ၄၈ နာရီအတွင်း ဆေးစစ်မှုခံယူရမှာဖြစ်တယ်လို့ ပွဲအပြီးမှာ နိုင်ငံအသင်းဆရာဝန်က ပြောပါတယ်။

Photo: EPA

ဆရာဝန် ရိုဒရီဂို လက်စ်မာက ဘရာဇီးလ်စူပါစတားဟာ ပြိုင်ဘက်ကစားသမား နီကိုလာမီလင်ကိုဗစ်နဲ့ ထိခိုက်မိပြီးနောက် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဘရာဇီးလ်က ဆားဘီးယားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲချိန် ၇၉ မိနစ်မှာ နေမာကို လူစားလဲခဲ့ပါတယ်။

Neymar hailed by ex-Barca team-mate Iniesta: 'He's a machine and always  provides a spectacle!' | Goal.com Australia

“ပိုမိုကောင်းမွန်တဲ့ အကဲဖြတ်မှုတစ်ခုရရှိဖို့ ၂၄ နာရီကနေ ၄၈ နာရီအထိစောင့်ဆိုင်းဖို့ လိုအပ်တယ်”လို့ လက်စ်မာက ပြောပါတယ်။ “ကျနော်တို့ MRI နဲ့ စစ်ဆေးဖို့ မစီစဉ်ထားပါဘူး၊ မနက်ဖြန်မှာ ဒဏ်ရာအတိမ်အနက် ခန့်မှန်းအကဲဖြတ်မှုအသစ်တစ်ခု လုပ်မယ်။

“ကျနော်တို့ စောင့်ရမှာပါ၊ သူ့ရဲ့ အဆင့်ဆင့်ဖြစ်ပျက်တာနဲ့ ပတ်သက်ပြီး အချိန်မတန်သေးခင် မှတ်ချက်ပေးလို့ မရပါဘူး။”

တိုက်စစ်မှူး နေမာရဲ့ ညာခြေကျင်းဝတ်မှာ ဖူးယောင်နေတဲ့ ဓာတ်ပုံတွေ ပြသနေချိန်မှာ ပွဲအပြီး သူဟာ ခြေထောင့်နင်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီကစားသမားဟာ သူ့ရဲ့ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီးနောက် ကွင်းထဲမှာသာရှိနေခဲ့ပြီး “အသင်းက သူ့ကိုလိုအပ်နေတာကြာင့်”လို့ နည်းပြ တီတီက ပြောပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ သူ့ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြီးဆုံးဖို့ အချိန်ကြာကြီး လွဲချော်မှုနဲ့ ရင်ဆိုင်ရမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

“နေမာက ကမ္ဘာ့ဖလားမှာ ပါဝင်ကစားသွားမယ်ဆိုတာ သေချာနိုင်တယ်”လို့ သူက ပြောပါတယ်။

ကြာသပတေးနေ့က အားကစားကွင်းကနေ ထွက်ခွာသွားတဲ့ နေမာဟာ ခေါင်းစိုက်ရင်း ဂျာနယ်လစ်တွေနဲ့ စကားပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

နေမာဟာ ဘရာဇီးလ်အတွက် ပီလီရဲ့ စံချိန်တင် သွင်းဂိုး ၇၇ ဂိုးကို လိုက်မီဖို့ ၂ ဂိုးသာ လိုအပ်ပါတယ်။

၂၀၁၄ မှာ ဘရာဇီးလ်က ကိုလံဘီယာကိုအနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ်မှာ သူ့ရဲ့ နောက်ကျောမှာ အရိုးကျိုးသွားတာကြောင့် သူ့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဟာ အဆုံးသတ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ သူမပါတဲ့ အိမ်ရှင်ဘရားဇီးလ်ဟာ ဂျာမနီကို ၇-၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

လေးနှစ်အကြာမှာ နေမာဟာ ရုရှားနိုင်ငံမှာ ပြိုင်ပွဲဝင်ဖို့ အချိန်မီ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ အပြင်းအထန် ကြိုးစားခဲ့ရပေမယ့်လည်း ဘရာဇီးလ်ဟ နောက်ဆုံး ၈ သင်းအဆင့်မှာ ဘယ်လ်ဂျီယံကို ရှုံးခဲ့တာကြောင့် သူတို့မျှော်မှန်းထားတဲ့ အမြင့်ဆုံးအဆင့်ကို မရောက်ခဲ့ပါဘူး။

ဘရာဇီးလ် ကစားသမားဟာ သူ့ရဲ့ ညာဘက်ခြေကျင်းဝတ်မှာ အရွတ်စုတ်ပြဲသွားပြီးနောက် ၂၀၁၉ ကိုပါအမေရိကဖလားကိုလည်း လွဲချော်ခဲ့ပါတယ်။

၂၀၂၁ မှာ နေမာဟာ ပီအက်စ်ဂျီအသင်းက စိန့်အီတီယန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့ဘယ်ခြေကျင်းဝတ်အရွတ်ထိခိုက်ဒဏ်ရာရရှိသွားပြီးနောက် ပြင်သစ်ဘောလုံးရာသီရဲ့ ၁၀ ပတ်ခန့်ကို လွဲချော်ခဲ့ရပါတယ်။

ရေးသားသူ – Mizzima – News in Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။