Sagittarius (Nov 23- Dec 21)

Astrology

Sagittarius (Nov 23- Dec 21)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Sagittarius (Nov 23- Dec 21) ရာသီဖွားတွေအကြောင်းပဲ ဖြစ်ပါတယ်။

Sagittarius Zodiac sign: Personality traits, season, dates, explained
Sagittarius (Nov 23- Dec 21)
Element – Fire
Zodiac Symbol – Archer
Spiritual Animal – Owl
Birth Stone – Turquoise

Personality

Sagittarius တွေဟာ Centaur လို့ခေါ်တဲ့ လူတစ်ပိုင်း-မြင်းတစ်ပိုင်းတွေအဖြစ်
သတ်မှတ်ခြင်း ခံထားရပါတယ် ။ ဒါကြောင့်မို့ Sagittarius တွေအများစုက
ခရီးသွားရတာ သဘောကျတယ် ။ အရာရာကို စူးစမ်းလေ့လာရတာ၊ သင်ယူရတာ၊
Knowledge တွေရှာဖွေစုဆောင်းရတာကို ဝါသနာပါတယ် ။
သူတို့တွေက ဘယ်အရာမဆို စည်းစနစ်တကျလုပ်ဆောင်နိုင်တဲ့လူတွေ ဖြစ်ပါတယ် ။
အတွေးအခေါ်ကောင်းတယ် ။ သွက်လက်တယ် ။ ဘယ်အရာကိုမဆို
သတ္တိရှိရှိနဲ့ Risk ယူရဲသလို ရလာတဲ့ရလာဒ်ကိုလည်း တာဝန်ယူရဲတဲ့သူတွေပါ ။
သတိထားဖို့က Fire Sign ပီပီ စကားအပြောအဆိုမတတ်တာမျိုး ၊
နှုတ်ကြမ်းလျှာကြမ်းရှိတာမျိုးတော့ အမြဲတမ်းရှိတတ်ပါတယ် ။
အကြောက်အလန့်ကင်းပြီး ကိုယ်ဖြစ်ချင်တာတစ်ခုရှိလာပြီဆို
စွဲစွဲမြဲမြဲလုပ်တတ်တယ် ။ ဆုံးဖြတ်ချက်ခိုင်မာတယ် ။
တော်ယုံနဲ့နောက်မဆုတ်တတ်တဲ့လူမျိုးထဲမှာ ပါပါတယ် ။
ပွင့်လင်းတယ် ။ ရိုးသားတယ် ။ တခါတလေမှာ open-minded ထားမိလို့
ကိုယ့်အားနည်းချက်ကို သူများကအသုံးချသွားတာမျိုး ကြုံရတတ်တယ် ။
သူများအပေါ် သနားကြင်နာတတ်တယ် ။ ဒါပေမယ့် အပေါက်ဆိုးတဲ့အတွက်
နာမည်ကောင်းတော့ မရတတ်ပါဘူး ။
Sagittarius အများစုက ငယ်စဥ်ထဲက အဖေ (သို့) အမေနဲ့ခွဲပြီးနေရတတ်ပါတယ် ။
ဒါကြောင့်မို့လည်း သူတို့တွေက မိသားစုနဲ့ခွဲနေနိုင်လေ ပိုအောင်မြင်လေပါပဲ ။
မကောင်းတဲ့အချက်
Sagittarius တွေက ပိုက်ဆံသုံးတဲ့နေရာမှာ စည်းနဲ့စနစ်နဲ့သုံးတဲ့သူတွေဖြစ်ပေမယ့်
လောင်းကစားနဲ့ပတ်သက်လာရင်တော့ ပုံအောပြီးလောင်းတတ်ကြပါတယ် ။
Aries နဲ့ Leo တွေလောက်တော့ အပြောမဆိုးပေမယ့်
Fire Sign ပီပီ စိတ်နာအောင်ပြောတတ်တဲ့ဗီဇရှိတာမို့လို့ လူမုန်းလည်းများတတ်ပါတယ် ။
လိမ်ညာတာကိုအရမ်းမုန်းတယ် ။
မကျေနပ်တာရှိရင် စိတ်ထဲသိမ်းမထားပဲ ဒဲ့တိုးပြောလေ့ရှိတယ် ။
ပိုက်ဆံရှာတဲ့နေရာမှာ အရူးအမူးရှာဖွေတတ်သလို
ငွေအလွယ်ရမယ့်လမ်းတွေလိုက်တတ်ကြတဲ့အတွက် ဒုက္ခရောက်တတ်ပါတယ် ။
စိတ်မြန်လက်မြန် ဆုံးဖြတ်ချက်ချလေ့ရှိတာကြောင့်လည်း
ဆုံးဖြတ်ချက်အမှားတွေချမိတတ်တယ် ။
အရာရာမှာ သိချင်တတ်ချင်စိတ်တွေများလွန်းတဲ့အတွက်
ဘာမှရေရေရာရာ အကောင်အထည်မဖော်နိုင်တော့ပဲ
တခါတလေ မျောက်သစ်ကိုင်းလွတ်လည်းဖြစ်နေတတ်ပါတယ် ။
တစ်ခုမပြီးခင် နောက်တစ်ခုကိုစိတ်ဝင်စားလေ့ရှိတဲ့အတွက်
ဘာသာရပ်တစ်ခုကို အဆုံးထိတတ်မြောက်ဖို့ ခက်ခဲလေ့ရှိပါတယ် ။

Ruling Planet

ရောမခေတ်က Sagittarian တွေအများစုကို ဦးဆောင်ခဲ့ပြီး
King of Gods လို့သတ်မှတ်ခြင်းခံထားရတဲ့ Jupiter ရဲ့လွှမ်းမိုးခြင်းကိုခံထားရတယ် ။
ထူးခြားချက်
Sagittarius ရဲ့ Zodiac Symbol က လေးသမားဖြစ်ပါတယ် ။
ဒါကြောင့်မို့လို့ Sagittarius တွေဟာ ရည်မှန်းချက်ကြီးမားတယ် ။
ဘယ်အလုပ်မဆို Direction တစ်ခုထဲကိုပဲ သေချာအာရုံစိုက်ပြီး
တလေးတစားအလုပ်လုပ်ကြပါတယ် ။
ဘယ်လိုအခက်အခဲရှိရှိ နောက်မဆုတ်တတ်ကြဘူး ။
အလုပ်လုပ်တဲ့နေရာမှာ ကတိတည်တဲ့လူတွေဖြစ်ပြီး
ပြောတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်တတ်ကြပါတယ် ။
ဗဟုသုတနဲ့ပတ်သက်လာရင်လည်း အရာအားလုံးကိုသိချင်တတ်ချင်တဲ့လူတွေဖြစ်တယ် ။
ကိုယ်တိုင်လည်း ဥာဏ်ပညာကိုတန်ဖိုးထားသလိုမျိုး
တကယ် Profession တစ်ခုမှာအောင်မြင်နေတဲ့လူတွေကိုလည်း
တန်ဖိုးထားပြီး ဆက်ဆံတတ်ပါတယ် ။
စိတ်ပညာတွေ၊ နိုင်ငံရေးနဲ့ ဘာသာရေးတွေမှာ ထူးချွန်တဲ့လူတွေဖြစ်ပါတယ် ။
အနာဂတ်ကိုကြိုသိနိုင်စွမ်းရှိပြီး အများအားဖြင့်အိပ်မက်တွေကနေ သိရတတ်ပါတယ် ။
စီးပွားရေးပဲလုပ်လုပ် ၊ ပညာပဲရှာရှာ ကိုယ့်ကိုလမ်းပြပေးမယ့်
မိတ်ဆွေကောင်း ၊ ဆရာကောင်းတွေ ပေါ်လာလေ့ရှိပါတယ် ။

အကျိုးပေးသော စီးပွားရေး
ပညာရေးနဲ့သက်ဆိုင်တဲ့လုပ်ငန်း ၊ အသိပညာအတတ်ပညာရှင်တွေအဖြစ်
ပိုပြီး အကျိုးပေးတတ်ပါတယ် ။ ငွေမက်တဲ့သူတွေမဟုတ်ပေမယ့်
လိုချင်တာတွေဝယ်နိုင်ဖို့အတွက် အသည်းအသန်ရှာတတ််ကြတယ် ။
ဒါပေမယ့်ရှာလိုက်သုံးလိုက်နဲ့ ငွေစုတတ်တဲ့အလေ့အကျင့်တော့မရှိပါဘူး ။
သူတို့အတွက် အောင်မြင်မှုဆိုတာချမ်းသာဖို့တစ်ခုထဲမဟုတ်ပဲ
မိသားစု၊ သူငယ်ချင်းတွေကို အချိန်ဘယ်လောက်ပေးနိုင်လဲ
တခြားအပျော်အပါးနဲ့ ခရီးထွက်တာမျိုးတွေဘယ်လောက်လုပ်နိုင်လဲဆိုပြီး
Work နဲ့ Life ကို Balance တစ်ခုထားပြီးတွက်ကြတာမျိုးပါ ။
ဒါ့ကြောင့်မို့လည်း လူ့ဘဝမှာနေရတာတန်တဲ့လူစားမျိုးတွေဖြစ်ပါတယ် ။
အကျိုးပေးတဲ့စီးပွားရေးလုပ်ငန်းတွေကတော့ သတ္ထု၊ ရေနံ၊
ကျောက်မျက်ရတနာ၊ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်း၊
ကြားကနေပွဲစားလုပ်ပေးရတာမျိုးတွေမှာ ထူးချွန်တတ်ပါတယ် ။
အတတ်ပညာအနေနဲ့ Technology ပိုင်း၊ Mechanical ပိုင်းစတာတွေမှာ
အကျိုးပေးပါတယ် ။
အထက်လူကြီးကထိန်းချုပ်တာမျိုးဆို သူများထက်ပိုစိတ်ညစ်တတ်တဲ့အတွက်
ဝန်ထမ်းလုပ်မယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ်နေရတဲ့ပတ်ဝန်းကျင်မျိုးကို
ပိုပြီး ဦးစားပေးစေချင်ပါတယ် ။

အချစ်ရေး

Planet of Wisdom ရဲ့စိုးမိုးတာကိုခံထားရတဲ့အတွက်
ကိုယ့်ထက်ဗဟုသုတများပြီး အထင်ကြီးရတဲ့လူကိုသဘောကျကြတယ် ။
ခန္ဓာကိုယ်တစ်ခုလုံးမှာ ဦးနှောက်ကသူတို့ကိုအစွဲဆောင်နိုင်ဆုံးအစိတ်အပိုင်းပါ ။
သူတို့အပေါ်မှီခိုလွန်းတာမျိုးကိုမုန်းပြီး
သူတို့လိုမျိုးဘဝကို serious သိပ်မထားပဲ ပျော်ပါးတတ်တဲ့လူမျိုးကိုလည်း
သဘောကျနှစ်သက်တတ်ပါတယ် ။
ပွင့်လင်းတဲ့အတွက် လူတစ်ယောက်ကိုလွယ်လွယ်နဲ့ချစ်မိသွားတာမျိုးလည်း
ခနခန ဖြစ်တတ်ပါသေးတယ် ။
ဒါပေမယ့် လူတစ်ယောက်ကိုချစ်တယ်ဆိုတာထက်
ချစ်ရတာကိုနှစ်သက်ကြတဲ့လူမျိုးတွေဖြစ်ပြီး
Relationship တွေမှာတစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရပါတယ် ။
ကိုယ်နာကျင်ရမှာကြောက်တဲ့အတွက် တစ်ဘဝလုံးပုံပြီး ယုံကြည်ထားတာမျိုးမရှိပဲ
ပြဿနာတစ်ခုခုတက်တဲ့အခါ ဖြေရှင်းဖို့ထက် ရုန်းထွက်ဖို့အရင်စဥ်းစားတတ်ကြပါတယ် ။
ဒါကြောင့်မို့လို့လည်း အချစ်ရေးမှာတော်ယုံနဲ့ settle ကျဖို့မလွယ်ပါဘူး ။
အိမ်ထောင်ရေးနဲ့ပတ်သက်လာရင် စိတ်မြန်လက်မြန်ရှိတဲ့အတွက်ကြောင့်
အခုကြိုက်အခုယူ တစ်ဇွတ်ထိုးလုပ်တတ်ကြပြီး အချိန်လွန်မှနောင်တရတတ်ကြပါတယ် ။

လွမ်းမိုးသော Tarot Card အမြင်

Sagittarius တွေဟာ Temperance Card ရဲ့လွှမ်းမိုးမှုအောက်မှာရှိတဲ့အတွက်
စိတ်မြန်လက်မြန်၊ အပြောင်းအလဲမြန်၊ ဆုံးဖြတ်ချက်မြန်ကြတဲ့လူမျိုးတွေပါ ။
ဘဝမှာ ဘယ်လောက်ပဲဒုက္ခရောက်နေတဲ့အချိန်ဖြစ်ဖြစ် ကောင်းမွန်တဲ့ Miracle လေးတွေ
အမြဲတမ်းကပ်ပါလာတတ်ပါတယ် ။
အလုပ်တစ်ခုခုလုပ်မယ်ဆိုတိုင်း ရှေ့တစ်လှမ်းသာမက
နောက်တစ်လှမ်းပါကြိုပြီး စဥ်းစားထားသင့်ပါတယ် ။
Emotion နဲ့ Practical ကိုအမြဲတမ်း Balance ဖြစ်အောင်ထားသင့်ပါတယ် ။
Sagittarius အတွက်ကတော့ ဒီလောက်ပါဘဲ နောက်ပတ် Capricorn အကြောင်းရေးပေးမယ်နော်
ဒီအကြောင်းရာတွေဟာ Sun signအကြောင်းသားဖြစ်လို့
အချို့ Sagi တွေဟာ Moon Rising အရ ကွာသွားနိုင်ပါတယ်

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။