စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ “မုဒိမ်းစစ်တပ် အမြတ်ဖြတ်” ၊”လုံး၀ အုပ်ချုပ်ခွင့် မရစေရ” စာသားများဖြင့် ဝင်ရောက် ဆန္ဒပြ

Local News

စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ “မုဒိမ်းစစ်တပ် အမြတ်ဖြတ်” ၊”လုံး၀ အုပ်ချုပ်ခွင့် မရစေရ” စာသားများဖြင့် ဝင်ရောက် ဆန္ဒပြ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ “မုဒိမ်းစစ်တပ် အမြတ်ဖြတ်” ၊”လုံး၀ အုပ်ချုပ်ခွင့် မရစေရ” စာသားများဖြင့် ဝင်ရောက် ဆန္ဒပြ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်း အဝေးမှာ “မုဒိမ်းစစ်တပ် အမြတ်ဖြတ်” ၊”လုံး၀ အုပ်ချုပ်ခွင့် မရစေရ” စာသားဖြင့် ဝင်ရောက် ဆန္ဒပြ ကြကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဆိုသူ သက်သက် ခိုင် ဦးစီးကျင်းပသည့် ” အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား” ကို အွန်လိုင်းမှတစ်ဆင့် တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်ကောင်စီမှ သက်သက်ခိုင် ဦးစီးကျင်းပသည့် အွန်လိုင်း Zoom အစည်းအဝေးကို ဝင်ရောက် ဆန္ဒပြသည့်မြင်ကွင်းများ။

“ဒီပွဲဟာ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်တက်ရောက်တယ်။ အခမ်းအနားကို လူကိုယ်တိုင်နဲ့ အွန်လိုင်း Zoom တက်ရောက်ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်ထားတဲ့ Hybrid ပုံစံအခမ်းအနားဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေအနေဖြင့် စစ်ကောင်စီ ရဲ့ Zoom အစည်းအဝေးကိုထဲကို ဝင်ရောက် ဆန္ဒပြခဲ့တာပါ။ ZOOM အခမ်းအနားအတွင်းမှာ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ် အမြစ်ဖြတ်” စာသားနှစ်ခုပါတဲ့ Zoom နောက်ခံပုံတွေ ပြောင်းကာ ပြသခဲ့တာဖြစ်ပါတယ်။ တော်လှန် ရေး ရဲဘော်တွေအနေနဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနထဲက တော်လှန် ရေးဘက်တော် သားတွေ ရဲ့ကူညီမှုနဲ့ အခမ်းအနားအတွင်းကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၅ မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေး ဗီဒီယိုဖွင့်ခြင်း၊ အသံဖြင့်ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ဖို့ ရည်ရွယ် ထား ပေမယ့်လည်း Zoom Setting မှာ အဲဒီလုပ်ဆောင်ချက်တွေကို ပိတ်ထားလို့ စစ်ကောင်စီ ဆန့်ကျင် ရေး နောက်ခံပုံ ပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်နိုင်ခဲ့တာပါ” ဟု ဆန္ဒပြမှုတွင်ပါဝင်သူ တော်လှန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းနောက် စစ်ကောင်စီက အွန်လိုင်း Zoom အစည်းအဝေးထဲအထိ ဝင်ရောက်ဆန္ဒပြသူများကို ချက်ချင်း ထုတ်ပယ်ခဲ့ကြောင်း၊ သို့ရာတွင် တော်လှန်ရေးအဖွဲ့က အသုတ်လိုက် ခွဲ၍ အွန်လိုင်း Zoom အစည်းအဝေးထဲသို့ ဝင်ရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဆန္ဒပြတဲ့သူတွေကို သူတို့က အွန်လိုင်းအစည်းအဝေးထဲက ထုတ်တယ်။ အဲဒီတော့ အဖွဲ့ဝင်တွေက တဝက်စီ ကျန်ကျန်ခဲ့ပြီး ဆန္ဒပြတာ။ အစည်းအဝေးထဲကို ၁၀ ဦးကျော်လောက်ဝင်ပြီး ဆန္ဒပြတာ။ ပထမ သူတို့လည်း ကြောင်ကြည့် နေသေးတယ်” ဟု တော်လှန်ရေး အဖွဲ့တာဝန်ရှိ သူကဆက် လက်ပြော ဆိုသည်။
စစ်ကောင်စီကျင်းပသည့် အွန်လိုင်း Zoom အစည်းအဝေးထဲသို့ ဝင်ရောက် ဆန္ဒပြမှုမှာ ယခုပထမဆုံး အကြိမ်ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ စစ်ကောင် စီ၏ Zoom အစည်းအဝေးများကို ထိုးဖောက်ဝင် ရောက် ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။