2023မှာ ကြုံတွေ့ရမဲ့ ကံအပြောင်းအလဲ

Astrology

2023မှာ ကြုံတွေ့ရမဲ့ ကံအပြောင်းအလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့2023မှာ ကြုံတွေ့ရမဲ့ ကံအပြောင်းအလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

2023မှာ ကြုံတွေ့ရမဲ့ ကံအပြောင်းအလဲ

ပင်ပန်းနေတဲ့ စိတ်လေးကို ခဏ လျှော့ချထားပါ
ခဏလေးအသက်ကို ရှူသွင်း ရှူထုတ်လုပ်လိုက်ပါ
စိတ်ကိုခဏလျှော့ချပြီး universe က ပေးချင်တဲ့ message ကိုယ်စီ ရောက်အောင် အာရုံပြုပြီး
တခုကိုရွေးချယ်လိုက်ပါ

Pile 1

Pile 2

Pile 3

 

 

 

 

Pile 1

2023အတွက် မမြင်နိုင်တဲ့ကံ အပြောင်းအလဲတွေအနေနဲ့ ပထမဆုံး ငွေရေးကြေးရေးနဲ့ပက်သက်ပြီး ကိုယ်လုပ်ချင်တာထက် ငွေရမဲ့ အလုပ်ကို ဦးစားပေး လုပ်လိုက်တာကြောင့် ဖြစ်ချင်တာ ဖြစ်သင့်တာလေးက ဖြစ်မလာဘဲ ချော်သွားတာမျိူးကို တွေ့ရတယ်
အပြောင်းအလဲ ကြီးကြီးမားမားဆို နိုင်ငံခြားကံလိုမျိူး နိုင်ငံခြားစာမေးပွဲလိုမျိူး တရပ်တခြား နေရာတခုမှာ အခြေချရတဲ့ ပုံစံမျိူး ကိုမြင်မိပါတယ်
အနည်းဆုံး အဲ့လိုမဟုတ်ရင်တောင် လူမျိူးခြား နိုင်ငံ ခြားသားများနဲ့ အလုပ် တူတူတွဲလုပ်ရတာမျိူးလေးတွေရှိတတ်ပါတယ်
ဒီလို နေရာ ထိုင်ခင်းအပြောင်းအလဲ မှာ ငွေရေးကြေးရေး တအားကုန်ကျတတ်တာတော့သတိထားပေးပါ
ဒါ့အပြင် ကိုယ်က မရဲတရဲနဲ့ မစုံစမ်း အဆင်ပြေတာနဲ့လုပ်တဲ့သူဆို အေဂျင်စီတွေက လိမ်တာ ကိုယ်ရဲ့ အရင်းနှီးဆုံးတွေက လိမ်တာမျိူးနဲ့ကြုံတွေ့န်ူင်ရတတ်ပါတယ်
တကယ်အဆက်အသွယ်ကောင်းကောင်းနဲ့ချိတ်ထားတာမျိူးဆို အဆင်ပြေပါတယ်
နောက်တခု အကြီးမားဆုံး အပြောင်းအလဲအနေနဲ့ ရည်းစားရှိသူများ သတိထားပေးပါ
ယုံကြည်မှုအလွဲသုံးစားလုပ်ခံရတာ သူနဲ့ကိုယ်ကြား အထင်လွဲစရာကိစ္စလေးတွေ ဖြစ်တာ နားခည်မှုလွဲတာ ခေါင်းစဉ်မျိူးစုံနဲ့ အဆင်မပြေတွေ ဖြစ်နေတတ်ပါတယ်
ရည်းစားမရှိတဲ့ မိတ်ဆွေ တွေအနေနဲ့ကတော့ 2023လဲ သာသာယာယာ တယောက်တည်းပါပဲတဲ့
ဒါ့အပြင် ကျန်းမာရေးလဲ ထပ်ဆောင်းသတိထားစေချင်ပါတယ်

Pile 2

Pile 2လေးတွေအနေနဲ့ 2023ထဲမှာ ကံအပြောင်းအလဲ အနေနဲ့ ပထမဆုံး ကိုယ်ပိုင် ကိုယ်တိုင် ပြောရရင် အမှီအခို တခုကလွတ်ပြီး ကိုယ်တိုင်ဘဝကို စတင်ဖြတ်သန်းရတာမျိူး ဥပမာ မိသားစုနဲ့ခွဲထွက်ပြီး ကိုယ်တိုင် စလျှောက်လမ်းတဲ့အချိန် ကို့ဘာသာ ရပ်တည်နိုင်တယ်လို့ပြောလို့ရတဲ့ နှစ်တနှစိပါပဲကိုယ်ပိုင်စီးပွါးရေး စဖို့စဉ်းစားထားတဲ့ သူတွေ ရှိရင်လဲ စတင်ပါ  ဘေးကနေ supporting ပေးမဲ့partnerမျိုး ကိုယ်ရဲ့ talentကိုsupportပေးမဲ့သူတွေပေါ်လာတတ်ပါတယ်
ငွေရေးကြေးရေးအနေနဲ့ ချင့်ချိန်ပြီးသုံးစွဲပေးပါ ကုန်သင့်တဲ့နေရာမှာကုနိပြီး မကုနိသင့်တဲ့နေရာမှာမကုန်အောင်ပါ ခြံမြေ ကိစ္စနဲ့ပက်သက်ပြီး တရားရေးရာဖြေရှင်းရတတ်ပါတယ် ဥပမာ အမွေကိစ္စတို့ဘာတို့ပါ
Single လေးတွေအနေနဲ့ ချစ်ခွင့်တောင်းဆိုမဲ့သူတွေနဲ့ကြုံတတ်သလို့ Rs သမားတွေအတွက်က ရုတ်တရက် လက်ထပ်ခွင့်တောင်းခံရတာ Suprise လုပ်ခံရတာမျိူးလေးတွေ ဖြစ်တတ်ပါတယ်
စီးပွါးရေးမှာ ငွေရင်းထားတာမို့ ငွေမြုပ်နေတတ်ပါတယ်
ဒါမဲ့ဆက်လုပ်ပါ အဆင်ပြေပါလိမ့်မယ်

Pile 3

Pile 3လေးတွေ အနေနဲ့ 2023မှာ ကံအပြောင်းအလဲအနေနဲ့ နေရင်းထိုင်ရင်း ကံကောင်းတယ်ဆိုတဲ့ပုံစံမျိူးပေါ့
မမျှော်လင့်ဘဲ ငွေဝင်လာတာ စန်းပွင့်လာတာ မထင်မှတ်ဘဲ ကံကောင်းတဲ့အရာလေးတွေ ဖြစ်လာတတ်တယ်
ဖြစ်ရင်လဲ တလုံးတခဲကြီးဖြစ်တတ်တာ
ဒါမဲ့ အရမ်းမပျော်ပါနဲ့ အကယ်၍ ကိုယ်က ကံမကောင်းဘူးဆိုလဲ လုပ်သမျှကလွှဲချော် အဆင်မပြေတာကြီးပဲဖြစ်လာပြန်ရော
ဆိုတော့ မျှတတယ်လို့တော့ပြောလို့ရတယ်
သူများကိုsharingလုပ်ပေးတာ အလှူအတန်းလုပ်ပေးရတာ မျိူးလေးတွေ ဖြစ်တတ်ပါတယ်
တခုသတိထားရမှာက အိမ်မပိုင်တဲ့ သူတွေအိမ်ကမကြိုက်တာတွေ မလုပ်နဲ့နော် အိမ်ပေါ်က ဆင်းခံရတာ အိမ်နဲ့ဝေးပြီး အလုပ်လုပ်ရတာမျိူး ဖြစ်တတ်ပါတယ်
အလုပ်မှာရာထူးတိုးတာ လူအများ ချီးကျုးခံရတာမျိူးလေးတွေရှိပါတယ်
2023ဟာ အောင်မြင်မှုကို ခံစားရတဲ့နှစ်မို့ ကာလရှည်ကြာအောင် အလုပ်တခုတည်းပဲစွဲစွဲမြဲမြဲလုပ်တာ တယောက်တည်းပဲ စွဲစွဲမြဲမြဲ ချစ်ပါတယ်ဆိုတဲ့ သူတွေအတွက် ကိုယ်မျှော်လင့်ထားတာထက်တောင် အကျိုးအမြတ်များများရတတ်ပါတယ်

ရေးသားသူ – 𝐓𝐚𝐫𝐨𝐭 𝐂𝐚𝐟é 𝐁𝐲 𝐀𝐥𝐢𝐜𝐞

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။