ငွေဝင်စေမဲ့အစီအရင် ယတြာ

Astrology

ငွေဝင်စေမဲ့အစီအရင် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ငွေဝင်စေမဲ့အစီအရင် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပိုက်ဆံ။
ပိုက်ဆံဆိုတာ ငွေပါပဲ။
ငွေကြေးကို ပိုက်ဆံလို့ပဲ ပြောဆိုကြပါတယ်။
လောကီဆိုတာ ပညတ်ချက်နဲ့ ရှင်သန်ကြရတာပါ။လောကီပညာဆိုတာ ပညတ်ချက်ကို အခြေခံပြီး စီမံဆောင်ရွက်ကြရတာပါ။
ဒီအစီအရင်က ပိုက်ဆံ အဆင်ပြေအောင်၊ပိုက်ဆံအဆင်ပြေပြေဝင်အောင် ကက်ကင်းအစီအရင်ပါ။
ပိုက်ဆံရအောင် အလုပ်တစ်ခုခုကို လုပ်နေဖို့လည်း လိုပါတယ်။အလုပ်လုပ်နေပါလျက် ပိုက်ဆံ အဆင်မပြေတာ၊အလျင်မမီတာ၊ထိုက်ထိုက်တန်တန်မရတာ၊ရစရာတွေဖင့်နှေးနေတာ စသည်ဖြင့် ပိုက်ဆံအခက်အခဲတွေပြေလည်စေမဲ့ အစီအရင်ပါ။

What is money? | Economic theory | History & Theory
ကုသိုလ်ရေးမဟုတ်ပါဘူး။ယတြာသန့်သန့်ပါ။ကက်ကင်းအစီအရင်ပါ။ဆရာကြီးမင်းသိင်္ခရဲ့ပညကို အခြေခံထားပါတယ်။ပိုက်ဆံအခက်အခဲရှိတနေရင်ဆောင်ရွက်ပါ။ယုံကြည်စိတ်ချစွာဆောင်ရွက်ပါ။တလေးတနက်ဆောင်ရွက်ပါ။လူမျိုးမရွေးဘာသာမရွေးဆောင်ရွက်နိုင်တယ်။
-ဘုရားခန်းမှာ သို့မဟုတ် ဧည့်ခန်းမှာဆောင်ရွက်ပါ။
-စားပွဲပေါ်မှာ ထွန်းပါ။သို့မဟုတ် ခုံတစ်လုံးချပြီးထွန်းပါ။သန့်ပြန့်ပါစေ။ဈေးဆိုင်မှာ၊အလုက်မှာလည်းထွန်းနိုင်ပါတယ်။
-အဆင်ပြေတဲ့နေ့ အဆင်ပြေတဲ့အချိန်ထွန်းပါ။အာနိသင်ရှိပါတယ်။
-ပိုပြီးထိရောက်ချင်တယ် သာမညဆတာင်ဆရာတော်ကြီးညွှန်ပြတဲ့ မုဆိုးရွှေအိုးရကိန်းအချိန်မှာ အဓိကထွန်းပါ။
-သိပ်လိုအပ်ရင် အချိန်အထူပေးပြီး တစ်နေ့ သုံးကြိမ်အထိထွန်းပါ။
-ကြွေပန်းကန်ပြားတစ်ချပ်မှာ ဆပ်ပြာမွှေးတစ်ခဲတင်ပါ။ဘာဆပ်ပြာမွှေးမဆို သုံးလို့ရပါတယ်။ဆံပြာမွှေးပေါ်မှာ မတ်စေ့တစ်စေ့တင်ပါ။မတ်စေ့တော့ ရအောင်ရှာပါ။အလေးစေ့၊အပေါ့စေ့ စသည်ဖြင့် ဘာမတ်စေ့မဆိုသုံးနိုင်ပါတယ်။မတ်စေ့ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။
-ဖယောင်းတိုင်အဖြူကို သုံးနိုင်တယ်။ပိုပြီးထိရောက်ချင်ရင် ဖယောင်းတိုင်အစိမ်းရောင်ကို သုံးပါ။
၇ ရက်ထွန်းပါ။လိုအပ်ရင် ဆက်ထွန်းပါ။
-ထွန်းပြီး ပိုက်ဆံဝင်ပါစေ၊ရပါစေ၊အဆင်ပြေပါစေ စသည်ဖြင့် ကိုယ်လိုအပ်သလို ဆုတောင်းပါ။ပြီးရင် ပိုပြီးထိရောက်ချင်ရင် ငွေဝင်ဂါထာကို ၂၇ ခေါက် ရွတ်ပါ။ငွေဝင်ဂါထာပါ။ဘယ်ဘာသာဝင်မဆို၊ဘယ်သူမဆို ရွတ်နိုင်ပါတယ်။
[သဗ္ဗိဝေန ခယခပင်းသုခီ ဥုံ ပူဇာစ။]
အသံထွက် ..
သတ်ဘိဝေန ခယခပင်း သုခီ ဥုံ ပူဇာစ။
ဂါထာမရွတ်လည်း ဓါတ်ထိပါတယ်။
ပိုထိရောက်အောင် ရွတ်တာပါ။
ပိုက်ဆံ ပိုဝင်လာပါလိမ့်မယ်။
လုပ်တဲ့ လုပ်ငန်းအပေါ်တည်ပြီး ပိုက်ဆံရတာ အနည်းအများကတော့ မတူညီဘဲ ကွာခြားပါလိမ့်မယ်။မဝင်ဘဲတော့ မနေပါ။ကိုယ့်ဘဝကိုယ့်အလုပ်အနေအထားနဲ့ကိုယ်၊ကိုယ့်ကုသိုလ်ကံအနေအထားနဲ့ကိုယ် မုချ အဆင်ပြေလာပါလိမ့်မယ်။
ဘုရားကို ပူဇော်တာမဟုတ်ပါ။
လောကီပညာသန့်သန့် ဆောင်ရွက်တာပါ။
တရိုတသေ ဆောင်ရွက်ပါ။
စွဲမြဲစွာ ဆောင်ရွက်ပါ။

အသေ၀နာ စ ဗာလာနံ။
အားလုံးသတ္တဝါ ချမ်းသာပါစေ။

ရေးသားသူ – ဗေဒင်ယတြာ အဆောင် ပေါင်းချုပ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။