အိန္ဒိယအမျိုးသမီး၏ အစားထိုးထားသော လက်များသည် သူမ၏ အသားရောင်နှင့် လိုက်ဖက်အောင် အရောင်ပြောင်းသွား

International News Knowledge

အိန္ဒိယအမျိုးသမီး၏ အစားထိုးထားသော လက်များသည် သူမ၏ အသားရောင်နှင့် လိုက်ဖက်အောင် အရောင်ပြောင်းသွား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိန္ဒိယအမျိုးသမီး၏ အစားထိုးထားသော လက်များသည် သူမ၏ အသားရောင်နှင့် လိုက်ဖက်အောင် အရောင်ပြောင်းသွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ဘတ်စ်ကားမတော်တဆမှုမှာ လက်နှစ်ဖက်လုံး ပြတ်ခဲ့တဲ့ ၁၉ နှစ်အရွယ် အိန္ဒိယကျောင်းသူ သျှရီယာဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင်ဆီက လက်နှစ်ဖက်ကြောင့် အာရှတိုက်မှာ ပထမဆုံးအဖြစ် လက်မောင်းကစပြီး လက်နှစ်ဖက်လုံး အစားထိုး ခွဲစိတ်မှု လုပ်နိုင်ခဲ့ပါတယ်။
ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင် ဆာချင်ဟာ ဆိုင်ကယ်မတော်တဆမှုကြောင့် ဦးနှောက်သေသွားပြီး သူ့မိဘတွေက သူ့သားရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းပေးခဲ့ကြတာပါ။ ဆာချင်က အသားညိုညို၊ ခန္ဓာကိုယ်တောင့်တောင့်ဖြစ်လို့ သူ့ရဲ့လက်နှစ်ဖက်ကလည်း ညိုမောင်း၊ တောင့်တင်းပြီး အမွေးအမျှင်တွေ ထူထပ်ပါတယ်။

Image result for Indian woman's transplanted hands change colour to match her skin tone
ဆာချင်ရဲ့လက်နှစ်ဖက်ကို သျှရီယာရဲ့ခန္ဓာကိုယ်က လက်ခံခဲ့လို့ အစားထိုးခွဲစိတ်မှု အောင်မြင်ခဲ့ပြီး နှစ်အနည်းငယ်အကြာမှာတော့ အဲဒီလက်နှစ်ဖက်ရဲ့ အသားအရည်က လတ်လာခဲ့ပြီး သျှရီယာနဲ့ ခန္ဓာကိုယ်အသားအရေနဲ့ ကိုက်ညီလာခဲ့တာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရပါတယ်။


“ဘယ်လို အသွင်ပြောင်းသွားလဲတော့ မသိဘူး။ ဒါ​ပေမယ့်​ အခု​တော့ ကျွန်​​တော့်​လက်​​တွေလို ခံစား​နေရတယ်​။ အစားထိုးကုသမှုခံယူပြီးနောက် အရေပြားအရောင်က အရမ်းမည်းနေတယ်၊ ​​ဒါက ကျွန်မစိုးရိမ်စရာမဟုတ်ပေမယ့် အခုတော့ ကျွန်မရဲ့ အသားရောင်နဲ့ လိုက်ဖက်လာပါတယ်” လို့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးက ပြောပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။