သွေးဖိအားများတတ်တဲ့သူတွေအတွက် ကောင်းတဲ့ ဖျော်ရည်တစ်မျိုး

Health

သွေးဖိအားများတတ်တဲ့သူတွေအတွက် ကောင်းတဲ့ ဖျော်ရည်တစ်မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့သွေးဖိအားများတတ်တဲ့သူတွေအတွက် ကောင်းတဲ့ ဖျော်ရည်တစ်မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ စိတ်ဖိစီးမှုကို လူတော်တော်များများကြုံတွေ့ရင်ဆိုင်နေရတာပါ။ စိတ်ဖိစီးမှုနဲ့အတူ သွေးတိုးရောဂါဖြစ်နိုင်ခြေလည်းများလာပါတယ်။ သွေးဖိအားများတာ (သို့) သွေးတိုးတာကို မှန်မှန်ကန်ကန် ဆေးသောက်ခြင်းဖြင့်၊ ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် အလွယ်တကူထိန်းချုပ်နိုင်ပါတယ်။ ဒါပေမဲ့ သွေးတိုးတာကို ပေါ့ပေါ့ဆဆနေမယ်ဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်တာတွေဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေအရ သွေးတိုးရောဂါ (သို့) သွေးဖိအားများတာကို ထိန်းပေးနိုင်တဲ့ ဖျော်ရည်တစ်မျိုးရှိတယ်လို့ သိရပါတယ်။ အဲဒါကတော့ ခရမ်းချဉ်သီးဖျော်ရည်ဖြစ်ပြီး သွေးတိုးတတ်တဲ့သူတွေက အဲဒီကို သောက်သုံးပေးသင့်ပါတယ်။

7 Delicious Tomato Juice Recipes

ခရမ်းချဉ်သီးဖျော်ရည်က ဘယ်လိုအစွမ်းထက်လဲ

သွေးတိုးရောဂါကိုလည်း အသံတိတ်လူthetသမားအဖြစ် သိထားကြပါတယ်။ သွေးတိုးတာက သတိမထားမိရင်၊ လက္ခဏာမပြရင် ကောက်ခါငင်ခါကြီး အသက်thayဆုံးစေနိုင်ပါတယ်။ သွေးတိုးရောဂါကို ပျောက်ကင်းအောင် ကုသလို့လည်းမရပါဘူး။ အန္တရာယ်များတဲ့အခြေအနေထိရောက်သွားနိုင်ပါတယ်။ သွေးဖိအားများတာကို ထိန်းဖို့အတွက် အလွယ်အကူဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ ဆားမပါတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို နေ့တိုင်းသောက်ဖို့ပါပဲ။ ခရမ်းချဉ်သီးဖျော်ရည်ကလည်း သွေးဖိအားကို ထိန်းပေးနိုင်တဲ့အပြင် ကိုလက်စထရောပမာဏကိုလည်း ထိန်းပေးနိုင်ပြီး နှလုံးရောဂါဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေကိုလည်းလျော့ချပေးနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။


လေ့လာချက်ကို ဆားမပါတဲ့ခရမ်းချဉ်သီးဖျော်ရည်ကို တစ်နှစ်လုံးသောက်သုံးခဲ့တဲ့သူတွေနဲ့ ပြုလုပ်ခဲ့တာပါ။ တစ်နေ့ကို ဖျော်ရည် ဘယ်လောက်သောက်သုံးလဲဆိုတာနဲ့ သူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိပြုမိခဲ့တဲ့အပြောင်းအလဲတွေကို မေးမြန်းပြီးမှတ်တမ်းတင်ခဲ့ပါတယ်။ လေ့လာစမ်းသပ်ပြီးတဲ့အချိန်မှာ ပါဝင်ခဲ့သူ (၉၄) ဦးရဲ့သွေးဖိအားက ဒီဖျော်ရည်ကို ပုံမှန်သောက်ပြီးတဲ့နောက် သွေးကျဆေးသောက်စရာမလိုဘဲ လျော့ကျသွားတာတွေ့ရှိခဲ့ရပါတယ်။ ဒီအကျိုးသက်ရောက်မှုက ကျားမမရွေး၊ အသက်အရွယ်မရွေးအတူတူပါပဲ။ ခရမ်းချဉ်သီးဖျော်ရည်ရဲ့အကျိုးကျေးဇူးတွေက ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အာဟာရဓာတ်မျိုးစုံကြောင့်ဖြစ်ပါတယ်။ အဲဒီအာဟာရဓာတ်တွေက ကျန်းမာရေးပြဿနာတွေကို ထိန်းပေးနိုင်တဲ့ အဓိကအရာတွေပါပဲ။
ခရမ်းချဉ်သီးသောက်သုံးခြင်းရဲ့အခြားကျန်းမာရေးအကျိုးကျေးဇူးများ
တစ်နေ့တာကို ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအတွက်ရော အသားရေကျန်းမာရေးအတွက်ပါ မရှိမဖြစ်ပါပဲ။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်မျိုးစုံက ဇီဝဖြစ်စဉ်အားကို တိုးမြှင့်ပေးတဲ့အပြင် ရောင်ရမ်းတာကို လျော့ချပေးပြီး Free radicals ကြောင့်ဖြစ်တဲ့ ဆဲလ်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကလည်း ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ ပိုတတ်စီယမ်လို အာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။
Ref: Drinking this juice can help to lower high blood pressure
ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။