မအောင်မြင်ခင် ဖြတ်လျှောက်ဘဝထဲက သူမအပေါ်ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေကို တန်ဖိုးကြီးရတနာပစ္စည်းတစ်ခုနဲ့ကန်တော့ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

Celebrity

မအောင်မြင်ခင် ဖြတ်လျှောက်ဘဝထဲက သူမအပေါ်ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေကို တန်ဖိုးကြီးရတနာပစ္စည်းတစ်ခုနဲ့ကန်တော့ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မအောင်မြင်ခင် ဖြတ်လျှောက်ဘဝထဲက သူမအပေါ်ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေကို တန်ဖိုးကြီးရတနာပစ္စည်းတစ်ခုနဲ့ကန်တော့ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေ ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လက်ရှိမှာ Live Sale ရောင်းချပေးရာမှာ ဘုရင်မတစ်ဆူလို အောင်မြင်မှုတွေရရှိနေခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာနော်။အလုပ်ပညာ အလုပ်တွေ ရပ်နားခဲ့ရာကနေ Live Sale ရောင်းတဲ့ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပေမဲ့ သူ့ရဲ့ မထင်မှတ်ထားလောက်တဲ့ အရည်အချင်းတွေကြောင့် Live Sale ရောင်းချပေးရာမှာ သူမတူအောင်အောင်မြင်ခဲ့တာဆိုရင်လည်း မမှားပါဘူးနော်။

 

ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က သူမအပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေကို ကျေးဇူးဆပ်နိုင်ခဲ့တဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က “သမီး ဖြတ်လျှောက်ဘဝမှာကတည်းက သမီးအပေါ်မှာ အရမ်းကောင်း အရမ်းပေးကမ်းခဲ့တဲ့ မေကြီး နဲ့ ဝိုင်းစု ကို သမီးကျေးဇူးဆပ်ခွင့်ရလို့ သမီး အရမ်း ပီတိဖြစ်ရပါတယ် သမီးကန်တော့ချင်နေမှန်းသိတော့ မမနီလာကလည်း အများကြီးလျှော့ပေးလိုက်တယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပီတိလေးကို မျှဝေလာပါတယ်။

 

နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမအပေါ် အရင်ကတည်းက ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေအတွက် အဖိုးတန်စိန်လော့ ကတ်ကြီးနဲ့ ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ကျေးဇူးသိတတ်တဲ့ နှိုင်းယှဉ်တစ်ယောက် ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ရေးသားသူ – Celebrity Platforms

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။