အိမ်ထောင်ဖက်ကောင်း ဟုတ်မဟုတ် ကိုယ်တိုင် တွက်ကြည့်မယ်

Astrology

အိမ်ထောင်ဖက်ကောင်း ဟုတ်မဟုတ် ကိုယ်တိုင် တွက်ကြည့်မယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အိမ်ထောင်ဖက်ကောင်း ဟုတ်မဟုတ် ကိုယ်တိုင် တွက်ကြည့်မယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှအိမ်ထောင်ရေး အဟောများအကုန်မမှန်ပါ လူ ၁၀၀ မှာ ၈၀% ဖြစ်ကြရတတ်တယ်လို့ ဆိုလိုရင်းသာဖြစ်ပါတယ်

တွက်နည်း” မိမိ၏ မြန်မာမွေးခုနှစ်ကို ၇ ဖြင့် စား၍ အကြွင်း ၁ ရသော ယောင်္ကျားလေးဖြစ်ပါက အကြွင်း ၁(ကျား)ဆိုသော အဟော မိန်းကလေးဆိုပါက အကြွင်း ၁ (မ) ဆိုတဲ့ အဟောကိုဖတ်ရှုလေ့လာနိုင်ပါတယ်။

အကြွင်း ၁ (ကျား)

အကြွင်း ၁ ရရှိသော ယောင်္ကျားလေးများသည်။ များသာအားဖြင့် အိမ်ထောင်တစ်ဆက်ထဲ ကျတတ်ကြပါတယ်။ မိမိဘက်က အိမ်ထောင်ဘက်အပေါ်ကို သည်းခံ၍ ပေါင်းသင်းပေမယ့် အိမ်ထောက်ဘက်က မိမိအပေါ်ကို ကြပ်ကြပ်မကောင်းလျှင်တော့ နောက်အိမ်ထောင် ၂ ဆက် ၃ ဆက်ထပ်ပြုဖို့ အတွက် ဝန်မလေ့ကြသူများလည်းဖြစ်ပါတယ်။

အကြွင်း ၁ ( မ )

၁ ကြွင်းသမား မိန်းကလေးများအနေနဲ့ကတော့ များသော အားဖြင့် အိမ်ထောင်ရေးကံကောင်းတတ်ကြပါတယ်။ အိမ်ထောင်ဘက်ကတည်ငြိမ်သူ အိမ်ထောင်ရေးကိုအလေးထားသူ ဘာသာရေးကိုင်းရှိုင်းတတ်သူဖြစ်ပါတယ်။
ထို့ကြောင့် သစ္စာရှိရှိ ပေါင်းသင်းရင်ဖြင့် အိမ်ထောင်တစ်ဆက်ထဲနဲ့ သာယာသော အိမ်ထောင်ရေးတစ်ခုကို ရိုးမြေကျ တည်ဆောက်နိုင်ပါတယ်။

အကြွင်း ၂ ( ကျား )

အကြွင်း ၂ ရသော ယောင်္ကျားလေးအများစုဟာ မိမိထက် အစက်ငယ်သော အမျိုးသမီးများနဲ့ အိမ်ထောင်ပြုရတတ်ပါတယ်။ သို့သော် ငယ်သူနဲ့ ကျခဲ့လျှင် အိမ်ထောင်ရေး ထိမ်းသိမ်းနိုင်ပါစေ အိမ်ထောင်ဆက်များရတတ်ပါတယ် အကယ်၍ မိမိထက် အသက်ကြီးသူနဲ့ ကျခဲ့လျှင်တော့ အိမ်ထောင်တဆက်တည်းနဲ့ ပြီးသွားရတတ်ပါတယ်။

Marriage | Psychology Today

အကြွင်း ၂ ( မ )

အကြွင်း ၂ ရရှိသော မိန်းကလေးအများစုကတော့ မရည်ရွယ် မမျှော်လင့်ထားပဲ ရုတ်တရက် အိမ်ထောင်ကျရတတ်ပါတယ်။ ထိုသို့ ကျပြီးခဲ့လျှင်လည်း အိမ်ထောင်ရေး ရေရှည် မြဲနိုင်ဖို့ အတွက် ခဲရင်းတတ်ကြပါတယ်။ ထို့ကြောင့် အိမ်ထောင်ရေကိုအထူးဂရုပြု၍ ခေါင်းအေးအေးထားစဉ်းစားသင့်ပါတယ်။

အကြွင်း ၃ ( ကျား )

အကြွင်း ၃ ရရှိသော ယောင်္ကျားလေးများအနေနဲ့ များသောအားဖြင့် အိမ်ထောင်ဘက်အပေါ်ကို သစ္စာရှိတတ်ကြသူတွေပါ အငယ်အနှောင်းမထားတတ်ကြပဲ အိမ်ထောင်တစ်ခုကို လွယ်လွယ်နဲ့ မပြိုကွဲချင်ကြသူတွေလည်းဖြစ်ပါတယ်။
သို့သော် မိမိဘက်က ကောင်းသော်လည်းမိမိအိမ်ထောင်ဖက်ဘက်ကြောင့် အိမ်ထောင်ရေးမမြဲတတ်ကြသူတွေလည်းဖြစ်ပါတယ်။

အကြွင်း ၃ ( မ )

အကြွင်း ၃ ရရှိသော မိန်းကလေးများအနေဖြင့် များသော းဖြင့် မိမိနဲ့ သဘောထားခြင်း လုံးဝ ကွဲလွဲတဲ့ အမျိုးသားများနဲ့ အိမ်ထောင်ပြုရတတ်ပါတယ် ကိုယ်က ၃ ဆို သူက ၄ လုပ်တတ်သူများနဲ့ နီးစပ်ရတတ်ပါတယ်
မျက်နှာချင်းဆိုင်တာနဲ့ တကျက်ကျက် ပုံစံမျိုါ်ဖြစ်ရတတ်ပါတယ် ထို့ကြောင့် ခေါင်းအေးအေးထား၍ သတိပြုဆင်ခြင် စဉ်းစားရွေးချယ်သင့်ပါတယ်။

အကြွင်း၄ ( ကျား )

အကြွင်း ၄ ရရှိသော ယောင်္ကျားလေးများအနေဖြင့် များသောအားဖြင့် အိမ်ထောင်ရေး ကံကောင်းကြပါတယ် အိမ်ထောင်ဘက်ဇနီးကောင်းနဲ့ လက်ထပ်ပေါင်းသင်းရတတ်ပါတယ်
သို့သော် တစ်ခါတစ်ခါ မိန်းမက အေးလွန်းလို့ စိတ်ကုန်စရာတွေ ပါ ပေါ်လာရတတ်ပါတယ် မိမိသဘောအကြိုက်ဆောင်သော အိမ်ထောင်ဘက်ကောင်းနဲ့ နီးစပ်ရတတ်ပါတယ်။

အကြွင်း ၄ ( မ )

အကြွင်း ၄ ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့်အလှအပခုံမင်သော အမျိုးသားများနှင့် နီးစပ်ရတတ်ပါတယ်။
သို့သော် အိမ်ထောင်ရေး သိတတ်နားလည်းသော ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်တစ်ဆက်ထဲပါ။

အကြွင်း ၅ ( ကျား )

အကြွင်း ၅ ရရှိသော အမျိုးသားများအနေဖြင့် များသောအားဖြင့် ချစ်တာက တစ်ယောက် ညာတာကတစ်ယောက်ဖြစ်ရတတ်ပြီး အနေနီးစပ်သူများနဲ့ အိမ်ထောင်ကျရတတ်ပါတယ်။

အကြွင်း ၅ ( မ )

အကြွင်း ၅ ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့် မိမိထက်အစစအရာအရာရာ မြင့်မားသာလွန်သော အမျိုးသားများနဲ့ အိမ်ထောင်ပြုရတတ်ပါတယ်။
မိမိဘက်က လိမ္မာပါးနပ်ရင် လိမ္မာ ပါးနပ်သလို သာယာသော အိမ်ထောင်ရေး တစ်ခု ဖြစ်ပါလိမ့်မယ်။

25 Common Marriage Problems Faced by Couples & Their Solutions

အကြွင်း ၆ ( ကျား )

အကြွင်း ၆ရရှိသော ယောင်္ကျားလေးများအနေဖြင့် များသောအားဖြင့် မျက်နချင်ဆိုင်မရတဲ့ အိမ်ထောင်ဘက်မျိုးနဲ့ နီးစပ်ရတတ်ပါတယ် သို့သော် အိမ်ထောင်ရေးက အနည်းဆုံး ၂ ဆက်ကျရတတ်ပါတယ်။

အကြွင်း ၆ ( မ )

အကြွင်း ၆ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့် မိမိထက်အသက်ကြီးသော အမျိုးသားနဲ့ အိမ်ထောင်ကျရတတ်ပါတယ်။ အသက်ကြီးတဲ့ သူနဲ့ ရခဲ့ရင် အိမ်ထောင်တစ်ဆက်ထဲ နဲ့ မြဲရတတ်ပြီး ငယ်တဲ့သူနဲ့ ရရှိခဲ့ရင်တော့ အိမ်ထောင်ဆက်များရတတ်ပါတယ်။

အကြွင်း ၀ ( ကျား )

အကြွင်း ၀ ရရှိသော ယောင်္ကျားလေးများအနေဖြင့် များသော အားဖြင့်အမျိုးကောင်းသမီးများနဲ့ အိမ်ထောင်ပြုရတတ်ပြီး မိမိကိုချစ်လွန်းလို့ သဝန်တိုမှုတွေတော့ ခံရတတ်ပါတယ် ဒါကို ချုပ်ချယ်တယ်ထင်ပြီး အိမါထောင်ရေးမသာယာမှုများကြုံတွေ့ရတတ်ပါတယ် သတိထားပေးပါ။

အကြွင်း ၀ ( မ )

အကြွင်း ၀ ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့် အိမ်ထောင် ၂ ဆက်ကျရတတ်ပါတယ် သို့သော် မိမိအပေါ်မှာ မူတည်ပါတယ် ပထမအိမ်ထောင် အပေါ်ကို လိမ္မာပါးနပ်စွား ပေါင်းသင်းနိုင်မယ်ဆိုရင်တော့ အိမ်ထောင်တဆက်ထဲနဲ့ မိမိကို အရမ်းချစ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ပါလိမ့်မယ်။

အထက်ပါ ဟောချက်များတင်ပြပေးချင်းဖြင့် အိမ်ထောင်မပြုရသေးသော ချစ်သူရည်းစားများအနေဖြင့် သတိပြုသင့်တာ ပြုလို့ရပြီး ရှောင်ကြဉ် စဉ်းစားသင့်တာ ကြိုတင်၍ သိရရှိရလေအောင် မေတ္တာဖြင့် တင်ပြပေးခြင်းဖြစ်ပါတယ်

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။