မြင်းစီးသမား လေးယောက်

Astrology Religion

မြင်းစီးသမား လေးယောက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြင်းစီးသမား လေးယောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ခရစ်ယာန် သမ္မာကျမ်းစာမှာ ပါဝင်တဲ့ မြင်းစီးသမား လေးယောက်အကြောင်း

ကိုယ်တိုင်က ဘာသာကြီး ၅ခုဖြစ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ နဲ့ ဂျူး အယူဝါဒ တွေအကုန်လုံးကို လေးစားတယ် ဆိုပေမယ့် ဂဃနဏ အတိအကျ မသိနိုင်တာမို့ အမှားအယွင်းပါခဲ့ရင် ခွင့်လွှတ်ပေးပါ။


မြင်းအဖြူရောင်ကိုစီးနှင်တဲ့ မြင်းစီးသမားက သရဖူ ပေးအပ်ခံထားရပြီး လေးနဲ့မြားကို ကိုင်စွဲကာ အောင်နိုင်သူအသွင်နဲ့ ကမ္ဘာပေါ်ကို ခြေချလာတယ်။ ကပ်ရောဂါ၊ ရောဂါဆိုးတွေကို အသုံးချပြီးရောဂန္တရကပ် ဖန်တီးကာ ကမ္ဘာမြေ သန့်စင်ရေး လုပ်တယ်။ သူတွင်တွင်သုံးတာကတော့ “ဖြေဆေး” “ကုသဆေး” ဆိုတဲ့စကားတွေပေါ့။ အနာပေးပြီး ဆေးပေးတဲ့သူပါ။ ဒါပေမယ့် ဆေးမှာကိုက နောက်ဆက်တွဲ ဆိုးကျိုးတွေ တစ်ပုံတစ်ခေါင်း ပါနေတတ်တာပဲ။
မြင်းအနီရောင်ကိုစီးနှင်တဲ့ မြင်းစီးသမားက ဓားရှည် သို့မဟုတ် ရဲဒင်းကပ်ပါးလက်နက်ကို ကိုင်စွဲလာတယ်။ သူ့ရဲ့ အဓိက တာဝန်က စစ်ပွဲ၊ ပဠိပက္ခတွေ ရန်ပွဲတွေ ဖြစ်စေပြီး သတ္တန္တရကပ်ကိုဖန်တီးဖို့ပဲ။ သူ့ရဲ့ လက်စွဲစကားက “ဂုဏ်သိက္ခာ” တို့ “လွတ်လပ်မှု” တို့ကို တွင်တွင် ပြောတာပဲ၊ အဲစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို သူမသိဘူး။ လူတွေကို နားသွင်းဖို့ လွယ်တဲ့စကားလုံးတွေဆိုတာပဲ သိတယ်။

Who Are the Four Horsemen?
မြင်းအနက်ရောင် စီးနှင်တဲ့ မြင်းစီးသမားကတော့ ချိန်ခွင်ကို ကိုင်စွဲလာတယ်။ သူကတော့ ဒုဗ္ဘိက္ခန္တရကပ် ဆိုတဲ့ အစာရေစာ ငတ်မွတ်ခေါင်းပါးပြီး thayကြေပျက်စီးကြစေဖို့ တာဝန်ယူပါတယ်။
သူသုံးတာကကျ “အော်ဂဲနစ်” “သဘာဝအတိုင်း” “ကျန်းမာရေးအစားအသောက်” တို့ပေါ့။ အစာရေစာကို ရှားပါးပြတ်တောက်အောင် ဖန်တီးတယ်။ လူတွေ ငတ်မွတ်ခေါင်းပါးလာပြီး မthay thayအောင် ဖန်တီးတာမျိုးပေါ့ဗျာ။
နောက်ဆုံးမြင်းစီးသမားကတော့ ဖျော့တော့ အရောင်မှိန်တဲ့ မြင်းကို စီးနှင်ပြီး အရိုးရှည်ကောက်ရိတ်ဓားကို ကိုင်စွဲတယ်။ thayမင်းလို့ အမည်တပ်ပြီး ငရဲမင်း ဟေးဒီးစ်က သူနဲ့အတူ လိုက်ပါတယ်။ သူကတော့ သဘာဝဘေးအန္တရာယ်၊ မတော်တဆမှုတွေ၊ အစုလိုက်အပြုံလိုက် thayဆုံးမှုတွေကို ဖန်တီးတယ်၊ ဝိဉာဉ်တွေကို ရိပ်သိမ်းတယ်။သူက ရာသီဥတုတွေကို စေစားတယ်၊ မတော်တဆမှုတွေကို ဖြစ်စေတယ် ဒီလိုနဲကမ္ဘာမြေ သန့်ရှင်းရေး တာဝန်ယူတယ်ပေါ့။ သူက မြင်းစီးသမားလေးယောက်မှာ နောက်ဆုံးက လိုက်ပြီး ကောက်သင်းကောက်တဲ့သူပါ။
ဒီလိုနဲ့ပဲ မြင်းစီးသမားလေးယောက်ဟာ ကမ္ဘာမြေပေါ်ကို တစ်ခါပေါ်လာတိုင်း ကမ္ဘာမြေသန့်စင်ရေးကို သူတို့နည်းသူတို့ဟန်တွေနဲ့ ဆောင်ရွက်ကြသတဲ့။ ကမ္ဘာမြေရဲ့ ၄ပုံ ၁ပုံလောက်အထိ စိုးမိုးခြယ်လှယ်နိုင်တယ် လို့ ဆိုကြတယ်။ လူတွေထဲမှာ ဝင်ရောတယ် လူတွေကို မြှောက်ပင့်ပေးတာ၊ ကပ်ရောဂါ ဖြန့်တာ၊ ငတ်မွတ်ခေါင်းပါးအောင် လုပ်တာ၊ သဘာဝဘေးအန္တရာယ်တွေ မတော်တဆမှုတွေ ဖန်တီးတာတွေ လုပ်ပြီး လူဦးရေ လျှော့ချသတဲ့။ ဒါကို လူတွေက ကပ်ဆေးတယ် လို့ ခေါ်ဆိုကြတယ်။

ရေးသားသူ – Gipsy Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။