မင်္ဂလာဒုံတွင် အိမ်နှင့်ဘုန်းကြီးကျောင်းများကို ဖျက်ဆီးပြီး ထွက်လာသည့် သံချောင်း၊ သံထည်များကို စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးက ရောင်းစား၊ ရပ်ကွက်များကို ဖျက်ဆီးပြီး မြန်မာဘီယာစက်ရုံနယ်နမိတ်အဖြစ် အုတ်တံတိုင်းခတ်

Local News

မင်္ဂလာဒုံတွင် အိမ်နှင့်ဘုန်းကြီးကျောင်းများကို ဖျက်ဆီးပြီး ထွက်လာသည့် သံချောင်း၊ သံထည်များကို စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးက ရောင်းစား၊ ရပ်ကွက်များကို ဖျက်ဆီးပြီး မြန်မာဘီယာစက်ရုံနယ်နမိတ်အဖြစ် အုတ်တံတိုင်းခတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာဒုံတွင် အိမ်နှင့်ဘုန်းကြီးကျောင်းများကို ဖျက်ဆီးပြီး ထွက်လာသည့် သံချောင်း၊ သံထည်များကို စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးက ရောင်းစား၊ ရပ်ကွက်များကို ဖျက်ဆီးပြီး မြန်မာဘီယာစက်ရုံနယ်နမိတ်အဖြစ် အုတ်တံတိုင်းခတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်အုပ်စုရှိ ရပ်ကွက် ၅ ခုကို စစ်တပ်က တပ် ပိုင်မြေ ဟုဆိုကာ အတင်းအကျပ် ဖျက်သိမ်းလိုက်ပြီးနောက် အိမ်နှင့် ဘုန်း ကြီး ကျောင်းများကို ဖြိုချရာမှ ထွက်လာသည့် သံချောင်း၊ သံထည်များကို စစ် တပ် နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရောင်းစားနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး စစ်တပ်၊ ရဲများက မင်္ဂလာဒုံမြို့နယ် ရပ် ကွက် ၅ ခု မှ နေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ ကို ဘူဒိုဇာများဖြင့် ထိုးချဖျက်ဆီးခြင်းဖြစ်ပြီး စံသမာဓိရပ်ကွက်သည် စစ်တပ်၏ ရမ်းကား ဖျက်ဆီးမှုကို အဆိုးဝါးဆုံးခံခဲ့ရသော ရပ်ကွက်ဖြစ်သည်။


စစ်တပ်နှင့် ရဲများက ဘူဒိုဇာဖြင့် ဖျက်ဆီး ထားသော အိမ်နှင့်ဘုန်းကြီး ကျောင်း များမှ သံထည်များကို စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်း ရောင်း စားကြကြောင်း ဒေသခံများက ဆိုကြသည်။
“စံသမာဓိရပ်ကွက်ကို နိုဝင်ဘာလ ၂၇ နေ့က ဘူဒိုဇာနဲ့အကုန်ဖျက်ဆီးပြီး ရပ် ကွက်နေပြည်သူတွေကိုအကုန်မောင်းထုတ်တယ်။ ရပ်ကွက်ကြီးတစ်ခုလုံး ကို အုတ်တံတိုင်းခတ်လိုက်တယ်။ မြန်မာဘီယာစက်ရုံနဲ့တစ်ဆက်တည်းပေါ့။ စက်ရုံ နယ်နမိတ်ဖြစ်သွားတယ်။ သတင်းအမှောင်ချပြီးလုပ်သွားပါတယ်။ ဓါတ်ပုံလုံးဝ ရိုက်လို့မရပါဘူး။ မနေ့ ညက ကျန်နေခဲ့တဲ့ စံသမာဓိ ဘုန်းကြီး ကျောင်းကို ည၇နာရီမှာ နောက်ဆုံး ဖြိုချဖျက်ဆီးပြီး ဒီနေ့ ပျဥ်းမပင်အုပ်ချုပ် ရေးမှူး သိန်းထွန်း ၊ စာရေးမ မပုလဲ နဲ့အဖွဲ့က စစ်တပ်ကိုပြောပြီး ကျောင်းက ကျန်ရှိပစ္စည်းအချို့နဲ့ သံထည်တွေကို ဒီမနက်ရောင်းစားနေတယ်။ အများ ပြည်သူ လှူထားတဲ့ သံဃာ့ ပစ္စည်းတွေပါ။ မနေ့ညကကျောင်းကိုဖြိုတာ လုံးဝ ဓာတ်ပုံ၊ ဗီဒီယို ရိုက်မရဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။


စစ်တပ်က ဖျက်ခိုင်းသည့် မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စုတွင် မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီ ရပ် ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက် ပါဝင်ပြီး အိမ်ခြေ ၁ သောင်းနီးပါး၊ လူဦးရေ ၅ သောင်းနီးပါးနေထိုင်ခဲ့ကြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။