တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်

International News Local News

တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းဟာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ တိန့်အန်းမင်ရင်ပြင် ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်သမ္မတ ဖြစ်လာခဲ့တဲ့ ကျန်ဇီမင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံသမိုင်းမှာ အဓိကအရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။


ကျန်ဇီမင်း သမ္မတအဖြစ် တာဝန်ယူတဲ့ကာလမှာ တရုတ်နိုင်ငံက တံခါးဖွင့်မူဝါဒကို အကြီးအကျယ်ဖော်ဆောင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းလည်း အားကောင်းခဲ့ပါတယ်။ ကျန်ဇီမင်းဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ငြိမ်းချမ်းစွာ လွှဲပြောင်းရယူမှု၊ ၂၀၀၁ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှာ တရုတ်နိုင်ငံ ပါဝင်မှု အစရှိတဲ့ လုပ်ရပ်တွေကိုလည်း ဦးဆောင်ခဲ့သူပါ။နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းမှာ ကျန်ဇီမင်း ကွယ်လွန်သွားခဲ့တာလို့တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
Ref: Jiang Zemin: Former Chinese leader dies aged 96

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။