ဆော်ဒီကလပ်နှင့် တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းတန်စာချုပ် ချုပ်ဆိုရန် ရော်နယ်ဒို သဘောတူ

Sports

ဆော်ဒီကလပ်နှင့် တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းတန်စာချုပ် ချုပ်ဆိုရန် ရော်နယ်ဒို သဘောတူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဆော်ဒီကလပ်နှင့် တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းတန်စာချုပ် ချုပ်ဆိုရန် ရော်နယ်ဒို သဘောတူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ တစ်နှစ်လုပ်ခပေါင် ၁၇၃ သန်းတန် စာချုပ်ချုပ်ဆိုဖို့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။

Cristiano Ronaldo - Wikipedia

စပိန်သတင်းစာမာကာရဲ့ ဖော်ပြချက်အရ အသင်းလက်မဲ့ဖြစ်နေတဲ့ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ရဲ့ မက်မောဖွယ်ရာ စာချုပ်ကို လက်ခံသဘောတူညီထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စာချုပ်ချုပ်ဆိုဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့ရှိတယ်လို့သိရပါတယ်။ အယ်လ်နာ ဆာဟာ ဆော်ဒီနိုင်ငံရဲ့ ထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်ပြီး ၉ ကြိမ်ချန်ပီယံဖြစ်ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လိဂ်ချန်ပီယံမဖြစ်ခဲ့ပေမယ့် ဆော်ဒီစူပါဖလားချန်ပီယံဆုရခဲ့ပါတယ်။ အသင်းနည်းပြချုပ်အဖြစ် ရိုးမား၊ မာဆေးနဲ့ လီယွန်အသင်းတွေကို နည်းပြဖူးတဲ့ ပြင်သစ်နည်းပြ ရူဒီဂါစီယာက တာဝန်ယူကိုင်တွယ်နေပါတယ်

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။