စုန်းမျက်နှာ ပေါ်ခြင်း နှင့် ကျိန်စာဆိုး

Astrology

စုန်းမျက်နှာ ပေါ်ခြင်း နှင့် ကျိန်စာဆိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စုန်းမျက်နှာ ပေါ်ခြင်း နှင့် ကျိန်စာဆိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စုန်းမျက်နှာ ပေါ်ခြင်း နှင့် ကျိန်စာဆိုး

စုန်းကဝေတို့ရဲ့ မျက်နှာတွေ ကြန်အင် လက္ခဏာတွေ အကြောင်း ကြားဖူးကြမှာပါ …
နှာဖူးမောက်မောက် နှာရောင်ကောက်ကောက် နီကြင်သော မျက်လုံး နဲ့ ပြောင်းဖူးမွှေးလို ဆံစ တွေဟာ စုန်းကဝေတို့ရဲ့ ကြန်အင်လက္ခဏာ တွေလို့ တချို့ ကျမ်းတွေမှာ ဖော်ပြပါတယ် …


စုန်းကဝေ ပညာဟာ ယုတ်ညံ့တဲ့ အတတ်လား
…………………………………………………………
စုန်းကဝေပညာဟာ ယုတ်ညံ့တဲ့ အတတ် မဟုတ်ပါဘူး … သဘာဝကို အခြေခံတဲ့ ပညာ ရပ် တမျိုးပါပဲ … အမျိုးအစား မျိုးစုံကွဲပြီး အသုံးချပုံကွဲလွဲချက်တွေ နှင့် တချို့သော ယဉ်ကျေးမှု တွေ နိုင်ငံရေးလှည့်ကွက်တွေ ကြားမှာ စုန်းကဝေ တွေဟာ နာမည်ပျက်ခဲ့ရတာပါပဲ …

Halloween witch Images | Free Vectors, Stock Photos & PSD
စုန်းမျက်နှာဟာ စုန်းကဝေတိုင်းမှာ ပေါ်လား
………………………………………………………..
မပေါ်ပါဘူး … စုန်းမျက်လုံး ကသာ စုန်းကဝေတိုင်းမှာရှိတာပါ … စူးရှပြီး ခန့်မှန်းရခက်တဲ့ အသွင် နဲ့ နီဆွေးဆွေး မျက်စံ မျိုး ရှိ တတ်ကြပါတယ် … လုံးဝနီနေတာ မဟုတ်ပါဘူး … ကိုယ်ပိုင် မျက်လုံးအရောင်တွေ ဟာ ပညာသုံးချိန် တောက်စားချိန်တွေ မှာ နီဆွေးဆွေး အရောင်မျိုး ယှက်သန်းနေတာပါ …
စုန်းကဝေတိုင်းမှာ သိသာထင်ရှားတဲ့ အချက်က ပြောင်းဖူးမွှေးလို ဆံစတွေပါ … စုန်းကဝေတွေဟာ ဆံပင်မကောင်းပါဘူး … နူးညံ့ပျော့ပြောင်းပြီး လှပတဲ့ ဆံကေသာတွေမရှိကြပါဘူးတဲ့ … ဒီဘက်ခေတ်မှာဆို ဘယ်လောက်ကောင်းတဲ့ ခေါင်းလျှော်ရည်တွေ သုံးသုံး hair care တွေ ဘယ်လောက်လုပ်လုပ် သူတို့ဆံသားစတွေဟာ ခြောက်ကပ်ပြီး ရှုပ် ထွေးနေတတ်ပါတယ် … မင်မင့် ပတ်ဝန်းကျင်မှာ ကိုယ်တွေ့ပါ … ယောက်ျားလေး တွေမှာတော့ တွေ့မြင်နိုင်ဖို့ ခက်ပြီး မိန်းခလေးတွေမှာ ပိုတွေ့ရပါတယ် … မိန်းခလေးတွေကပဲ ဆံပင်ရှည်ပိုထားတာကိုး … အချို့က သူတို့ရဲ့ ပညာစက်ဟာ ထိုဆံပင်စမှာရှိပြီး ဆံပင်ညှပ်ရင် ပညာယုတ်လျော့တတ်ပါတယ် လို့ ယုံကြည် ကြပါသတဲ့ …


စုန်းမျက်နှာ ဘယ်အချိန်မှာပေါ်လဲ
………………………………………………
မရှိ ခိုးနိုး … မလှ စုန်းရိုး ဆိုတဲ့ စကားလိုပဲ စုန်းကဝေတွေဟာ ရုပ်အဆင်းကြမ်းတမ်းတယ်လို့ ခေတ်အဆက်ဆက်ယုံကြည်ခဲ့ကြပါတယ် … စုန်းကဝေပညာဟာ ဝိညာဉ်အားသိပ်ကုန်တဲ့ပညာဖြစ်ပြီး ပတ်သက်ရတာကလည်း သရဲတစ္ဆေ မကောင်းဆိုးဝါးတွေ မိစ္ဆာတွေ နတ်ဆိုးတွေစတဲ့ အမှောင်လောကသားတွေမို့ သူတို့ရုပ်ရည်သွင်ပြင်အပေါ် ထိခိုက်သွားတတ်ကြပါတယ် … ရှေးကပညာရှင်ကြီးတွေဟာ သူတို့ခေတ်အရ အလှအပ နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ နည်းပါးကြတာမို့ ရုပ်အဆင်း သိပ်မလှကြတာများပါတယ် … ဒါတောင် တချို့ဆေးဝါးဖော်စပ်ပြီး လှအောင် ဖန်ဆင်းတယ်ဆိုတာ ဒီခေတ် မိတ်ကပ်လို collagen တို့လို အရာမျိုးတွေနဲ့ ဆင်တူပါတယ်…
ဒီဘက်ခေတ်မှာတော့ စုန်းကဝေတွေဟာ သာမန်လူတွေလိုပါပဲ … အလှအပ ပစ္စည်းတွေနဲ့ မွမ်းမံပြင်ဆင်ထားကြလို့ သာမန်လူတွေနဲ့မကွာခြားကြပါဘူး … အမှောင်မှော်ပညာ ကို လိုက်စားလွန်းသူ တွေ နဲ့ စိတ်ထားဆိုးယုတ်လွန်းသူတွေမှာသာ စုန်းမျက်နှာကို တွေ့နိုင်ပါတယ် … ဒါတောင် တခါတရံမှာသာတွေ့ရတာပါ …

စုန်းမျက်နှာ နှင့် ကျိန်စာဆိုး

စုန်းကဝေတဦးဟာ ဘယ်ချိန်မှာ စုန်းမျက်နှာတိတိပပ ပေါ်လဲဆို စိတ်ထားဆိုးယုတ်လွန်းသွားတဲ့အချိန်မှာပါ … စိတ်ထားဆိုးယုတ်လွန်းတဲ့ စုန်းကဝေတွေဟာ မပြုံးနိုင်ကြတော့ပါဘူးတဲ့ … တကယ်က မပြုံးနိုင်တာထက် ပြုံးတယ်ဆိုတဲ့ အရာကိုဖြစ်ပေါ်စေတဲ့ ကြည်နူးနှစိသိမ့်တဲ့ ကျေနပ်ပျော်ရွှင်တဲ့ ခံစားချက်ကို မခံစားနိုင်ကြတော့တာပါ… နှလုံးသား မာကြော လာခြင်းဟာ အားနည်းချက်နည်းလာတာလို့ ယူဆတဲ့ စုန်းကဝေအတတ်ကျင့်ကြံသူ တွေမှာ အဖြစ်များပါတယ် … တကယ်က ရှုံးသွားတာပါ … လူဖြစ်ရှုံးတာ
မကောင်းဆိုးဝါးတွေကို သဘောကျလို့ရပါတယ် … ချစ်လို့လည်းရသလို ကိုးကွယ်လို့လည်း ရပါတယ် … ဒါပေမယ့် မကောင်းဆိုးဝါး ဖြစ်လို့တော့မရပါဘူး … စုန်းကဝေဆိုတာ လူ့စည်းနဲ့ဘီလူးစည်းကြားက ပေါင်းကူးတံတားတွေဖြစ်ပေမယ့် လူသားခန္ဓာပဲရှိပါသေးတယ် … လူသားဟာ လူသား တယောက်လိုသာ နေထိုင်သင့်သေးတယ်လို့ အကြံပေးရင်း …
အမှောင်ထုရဲ့ ကျိန်စာဆိုးမှ ကင်းလွတ်နိုင်ကြပါစေ

ရေးသားသူ – 𝙃𝙞𝙙𝙙𝙚𝙣 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧’𝙨 𝙈𝙞𝙧𝙧𝙤𝙧 𝙒𝙤𝙧𝙡𝙙

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။