“ကျရောက်လာမဲ့ Christmas နေ့ကသင့်အတွက်ဘာတွေယူဆောင်လာမလဲ”

Astrology

“ကျရောက်လာမဲ့ Christmas နေ့ကသင့်အတွက်ဘာတွေယူဆောင်လာမလဲ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”ကျရောက်လာမဲ့ Christmas နေ့ကသင့်အတွက်ဘာတွေယူဆောင်လာမလဲ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ကျရောက်လာမဲ့ Christmas နေ့ကသင့်အတွက်ဘာတွေယူဆောင်လာမလဲ”

Pile -1

 

Pile -2

Pile -3

Pile -4

 

 

 

Pile -1

အတိတ်ကနာကြင်မှုတွေ၀မ်းနည်းပူဆွေးမှုတွေကိုကျော်လွှားနိုင်ပါလိမ့်မယ်…သင်ကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုကူညီပေးမဲ့သူ‌ဖြေရှင်းပေးမဲ့သူတယောက်ပေါ်လာပြီး အခက်အခဲတွေပြေလည်လာပါလိမ့်မယ်…ထိုသူကသင့်မကောင်းရင်မကောင်းသလိုပျက်ပျက်သားသားဝေဖန်တတ်သလို သင်ကောင်းရင်ကောင်းသလိုကူညီလမ်းပြမဲ့သူမျိုးပါ သင့်ဘက်ကမှန်နေဖို့တော့လိုပါလိမ့်မယ်….

Pile -2

သင်ရပ်တည်နေတဲ့နယ်ပယ်အသီးသီး၊ပတ်၀န်းကျင်၊လူမှုရေး၊ငွေရေးကြေးရေး၊အချစ်ရေးစတဲ့အရာတွေနဲ့ပတ်သတ်ပြီး လိုက်လျောညီထွေရှိအောင် အဆင်ပြေအောင် ညီမျှမှုရှိအောင်ကြိုးစားနေရမဲ့အချိန်ဖြစ်ပါတယ်…
အရေးကြီးတဲ့အရာတွေကိုမလုပ်ပဲအရေးမကြီးတာတွေကိုလုပ်မိနေတတ်ပြီး စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်ပါတယ်…သင်ဖြစ်ခြင်တဲ့အရာရာညီမျှပြီးအဆင်ပြေတဲ့ပျော်ရွှင်တဲ့အရာရဖို့အတွက် မလိုအပ်တာတွေကိုလျှော့ချလိုက်ပြီး ကို့အတွက်အရေးကြီးတဲ့အရာတွေကိုပဲအဓိကထားလုပ်ဆောင်ပါ…

Pile -3

သင်ကြုံတွေ့ခံစားနေရတဲ့အခက်အခဲဒုက္ခတွေနဲ့၀မ်းနည်းမှုတွေကိုသင်ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့အတွက်ခက်ခဲနေပြီးဖိအားကြီးတခုအဖြစ်နဲ့ဆုံးဖြတ်ရခက်ခဲခြင်းရွေးချယ်ရခက်ခဲခြင်းတွေဖြစ်လာပါလိမ့်မယ်…သင်ကိုယ်တိုင်ဆုံးဖြတ်ခြင်းထက်သူတပါးရဲ့အကြံအဉာဏ်ကိုယူပြီးသေချာစဉ်းစားဆုံးဖြတ်မှသာမှန်ကန်တဲ့ဆုံးဖြတ်ချက်မှန်ကန်တဲ့ရွေးချယ်မှုတွေကိုသင်ရရှိမှာဖြစ်ပြီး ဖိအားတွေကိုကျော်လွှားနိုင်ပါလိမ့်မယ်…

Pile -4

သင့်အတွက်အကောင်းရောအဆိုးရောဒွန်တွဲပြီးရောက်ရှိလာပါလိမ့်မယ်…အတိတ်ကလုပ်ခဲ့တဲ့ကောင်းတဲ့အသီးအပွင့်ကိုခံစားရနိုင်သလို မကောင်းတဲ့လုပ်ရပ်တွေရဲ့အသီးအပွင့်တွေကိုလဲညီတူမျှတူခံစားရပါလိမ့်မယ်…အကောင်းတွေကြုံတွေ့ရမဲ့အချိန်မှာထိုအရာတွေအပေါ်မှာအချိန်ကြာကြာနှစ်မျောပျော်ရွှင်မနေပဲ ဖြစ်လာမဲ့အဆိုးတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့လဲလိုအပ်ပါတယ်…

ရေးသားသူ – 𝙃𝙞𝙙𝙙𝙚𝙣 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧’𝙨 𝙈𝙞𝙧𝙧𝙤𝙧 𝙒𝙤𝙧𝙡𝙙

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။