ဘယ်လ်ဂျီယံကို ဖြုတ်ချပြီး မော်ရိုကိုနှင့်ခရိုရေးရှား နောက်တဆင့်တက်

Tech

ဘယ်လ်ဂျီယံကို ဖြုတ်ချပြီး မော်ရိုကိုနှင့်ခရိုရေးရှား နောက်တဆင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဘယ်လ်ဂျီယံကို ဖြုတ်ချပြီး မော်ရိုကိုနှင့်ခရိုရေးရှား နောက်တဆင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခရိုရေးရှား 🇭🇷 ၀ – ၀ 🇧🇪 ဘယ်လ်ဂျီယံ
ကနေဒါ 🇨🇦 ၁ – ၂ 🇲🇦 မော်ရိုကို

ဖီဖာအဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့ဒုတိယအကောင်းဆုံး ဘယ်လ်ဂျီယံအသင်းကို အုပ်စုမှလှည့်ပြန်စေခဲ့ပြီး မော်ရိုကို ( ၇မှတ် ) နှင့် ခရိုရေးရှား ( ၅ မှတ် ) တို့ အုပ်စု F တွင် နောက်တဆင့်တက်မည့် အသင်းများ ဖြစ်လာခဲ့သည်။

ရှုံးထွက်အဆင့်တက်ရန် မော်ရိုကိုတို့က တစ်မှတ်သာ လိုခဲ့သော်လည်း ကနေဒါကို စောစောစီးစီး ဂိုးသွင်းယူပြီး အုပ်စုပထမနေရာ ရလာခဲ့သည်။ မော်ရိုကိုအတွက် ပွဲအစ ၄ မိနစ်တွင် Ziyech က အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် En-Nesyri ကနောက်ထပ်တစ်ဂိုး ထပ်သွင်းခဲ့သည်။ ပထမပိုင်း ပြီးခါနီးတွင် မော်ရိုကို နောက်ခံလူက ကိုယ့်ဂိုးကိုယ် သွင်းခဲ့သဖြင့် ၂-၁ ဂိုး ဖြစ်ခဲ့ရသည်။

ခရိုရေးရှား – ဘယ်လ်ဂျီယံပွဲတွင် ပွဲချိန် ၁၅ မိနစ်တွင် ခရိုရေးရှားတို့ ပင်နယ်တီ ရခဲ့သော်လည်း ကန်ခွင့်မရဘဲ ပယ်ဖျက်ခံခဲ့ရသည်။ ပင်နယ်တီဖြစ်လာမည့် ပြစ်ဒဏ်ဘောမတိုင်ခင် လူကျွံဘောဖြစ်ခဲ့ကြောင်း VAR နည်းစနစ်ဖြင့် ဆုံးဖြတ်ကာ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

အနိုင်ရရန် လိုအပ်နေသည့် ဘယ်လ်ဂျီယံတို့က ဒုတိယပိုင်းတွင် ဒဏ်ရာမှ သက်သာလာသော တိုက်စစ်မှူး လူကာကူကိုထည့်ကာ တိုက်စစ်မြှင့်ခဲ့သည်။ လူကာကူသည် အပိုင်ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း ဂိုးကံခေခဲ့သဖြင့် ဘယ်လ်ဂျီယံတို့ ရမှတ် ၄ မှတ်ဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။