နာမည်ကြီးစပိန်ကိုပါ အနိုင်ယူပြီး ဂျပန်အသင်း အုပ်စုဗိုလ်ဖြင့်နောက်တဆင့်တက်

Sports

နာမည်ကြီးစပိန်ကိုပါ အနိုင်ယူပြီး ဂျပန်အသင်း အုပ်စုဗိုလ်ဖြင့်နောက်တဆင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နာမည်ကြီးစပိန်ကိုပါ အနိုင်ယူပြီး ဂျပန်အသင်း အုပ်စုဗိုလ်ဖြင့်နောက်တဆင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာတာနိုင်ငံတွင် ကျင်းပနေသော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အာရှသား ဂျပန်တို့ အထူးခြေစွမ်းပြနေကာ အဖွင့်ပွဲစဉ်တွင် အင်အားကြီးဂျာမနီအသင်းကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့သည့်နည်းတူ အုပ်စုနောက်ဆုံးပွဲတွင်လည်း နာမည်ကြီးစပိန်အသင်းကို ထပ်မံအနိုင်ယူကာ နောက်တဆင့်တက်ရောက်သွားသည်။

ပထမပိုင်း၌ စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိကစားနိုင်ခဲ့သည်။ ပွဲချိန် ၁၁ မိနစ်တွင် စပိန်ရရှိခဲ့သောဂိုးဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။

သို့သော် ဒုတိယပိုင်းစပြီးမိနစ်ပိုင်းအကြာ ပွဲချိန် ၄၈ မိနစ်တွင် ဂျပန်က ချေပဂိုးသွင်းယူသည်။ စပိန် နောက်ခံလူများဆီမှ ရရှိသည့် ဘောလုံးကို အပြင်းကန်သွင်းပြီး ဂိုးရရှိခြင်းဖြစ်သည်။ သုံးမိနစ်အကြာတွင် ဂျပန်က ဦးဆောင်ဂိုးထပ်ရသည်။ နှစ်ဂိုးတစ်ဂိုး အနိုင်ရလဒ်ကို ဂျပန်အသင်းက ပွဲချိန်မိနစ် ၉၀ နှင့် ထပ်ဆောင်းအချိန်ပို ၇ မိနစ်အထိ တောင့်ခံကာ ပွဲသိမ်းနိုင်ခဲ့သည်။​

ကျင်းပဆဲ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဂျပန်အသင်းက အံ့အားသင့်ဖွယ် နိုင်ပွဲများဖြင့် စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံး အသင်းတစ်သင်းဖြစ်နေသည်။။ ဘောလုံးအင်အားကြီး ဂျာမနီနှင့် စပိန်တို့ကို ပထမပိုင်းတွင် ရှုံးနေရာမှ ဒုတိယပိုင်းတွင် အနိုင်ယူပြနိုင်ခဲ့သည်။ ဂျပန်အသင်းမှာ နှစ်ပွဲနိုင်ခြောက်မှတ်ဖြင့် အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်ရောက်နိုင်ခြင်းလည်းဖြစ်သည်။

ယနေ့ နံနက်အစောပိုင်း၌ တချိန်တည်းကျင်းပသည့် ဂျာမနီနှင့် ကော်စတာရီကာပွဲစဉ်သည်လည်း စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။ အသင်းကြီးဖြစ်သည်နှင့်အညီ ဂျာမနီက ဘောလုံးပိုင်ဆိုင်မှုအသာ ကစားကွက်အသာဖြင့် အကောင်းဆုံးဖိအားပေးနိုင်ခဲ့သည်။ ပွဲအစ ၁၀ မိနစ်တွင် ဂျာမနီရရှိခဲ့သောဂိုးဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။
သို့သော် ဒုတိယပိုင်းစပြီး ပွဲချိန် ၅၈ မိနစ်တွင် ကော်စတာရီကာ ချေပဂိုးသွင်းယူကာ နောက် ၁၀ မိနစ်ကျော်အကြာတွင် ဦးဆောင်ဂိုးထပ်မံသွင်းယူသည်။ သုံးမိနစ်အကြာတွင် ဂျာမနီက ချေပဂိုးပြန်ရသဖြင့် နှစ်ဂိုးနှစ်ဂိုးဖြင့် ပွဲမှာကြည့်ကောင်းနေခဲ့သည်။ ပွဲချိန် ၈၅ မိနစ်တွင်ဂျာမနီက တတိယမြောက်ဂိုးသွင်းယူပြီး ဦးဆောင်ပြန်သည်။ ထို့နောက်မိနစ် ၉၀ ပြည့်ခါနီးတွင် ဂျာမနီက စတုတ္ထမြောက်အနိုင်ဂိုးကို သွင်းယူခဲ့သည်။

ကော်စတာရီကာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ဂျာမနီအသင်းမှာ ဂိုးကွာဟချက်ကြောင့် နောက်တဆင့် တက်လှမ်းနိုင်ခြင်း မရှိပေ။ ချန်ပီယံဆုလေးကြိမ်ရ ဒုတိယအအောင်မြင့်ဆုံး ဂျာမနီအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်သွားရပြီဖြစ်သည်။
၁၆ သင်း ရှုံးထွက်အဆင့်တွင် ဂျပန်အသင်းမှာ ခရိုရေးရှားနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အုပ်စုဒုတိယဖြင့် နောက်တဆင့်တက်လာသည့် စပိန်အသင်းမှာ မော်ရိုကိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရေးသားသူ –Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။